ခွန်သစ်
တစ်ချိန်က အချစ်နဲ့တန်ဆောင်တိုင်ည
ငယ်ရွယ် နုနယ်သော ဆယ်ကျော်သက် အရွယ်
အချစ်နှင့်အတူ ၊ သူငယ်ချင်းများနှင့်အတူ
အမှတ်တရများစွာ ၊ ရင်မှာသတိတရ ထင်ကျန်ဆဲပါ။
သီတင်းကျွတ်ရယ် တန်ဆောင်တိုင်ရယ်
လ မင်းရယ် တိမ် တွေ ရယ်
မင်း ရယ် ကို ရယ်
ဆီမီးပုံးလေးတွေ ရယ်
အရောင်တွေ စုံလင် တဲ့ ည လေးတစ်ညမို့
ဒီတစ်သက်တော့ မေ့လို့ရမယ် မထင်တော့ဘူး။
ဖြူစင် တဲ့ သူ့အပြုံလေးတွေက
ကိုယ့် နှလုံးသားရဲ့ အကြည်ဓာတ်လေးတွေပါ
မင်း စကားသံလေးတွေက
ကိုယ့်ရေးတဲ့ ကာရံလေးတွေပေါ့၊
တွေ့ရခဲတဲ့ အချိန်လေးတွေထဲမှာ
တူတူတွဲလျှောက်တဲ့ ပွဲစျေးတန်းကြီးရယ်
ရောင်စုံမီးလေးတွေကြားက ဘုရားဆောင်းတန်ရယ်
အလိုတော်ပြည့်ဘုရားမှာ အတူတူဝတ်ပြုတော့
သူကမေးတယ် ဘာတွေဆုတောင်းခဲ့လဲတဲ့
သူ့ပုခုံးလေးကို ကိုင်ပြီး ပြုံးပြီး ပြန်ဖြေခဲ့တယ်
"သဲလေးနဲ့ သက်ဆုံးတိုင် ပေါင်းဖက်ရဖို့ပေါ့"
"ဟာ ကိုကို အိုဗာတင်းကြီး"တဲ့
သူမေးလို့လည်း ဖြေရသေးတယ်ဗျာ
ဘုရားရင်ပြင်တော်ပေါ် ရောက်တော့
သူငယ်ချင်းအတွဲတွေ နဲ့ တွေ့နှုတ်ဆက်ကြ
စကြနောက်ကြ ပြောင်ကြနဲ့ ရယ်မောရနဲ့ပေါ့
သူ့အစ်ကိုတွေ၊ အမျိုးမမြင်အောင်ရှောင်ပုန်းခဲ့ရတာလည်း အမှတ်တရတွေထဲက တစ်ခုပဲလေ
အကင်စုံပူပူလေးရယ် အကြော်စုံလေးရယ်က
ကျွန်တော်တို့ရဲ့ နတ်သုဒ္ဒါအလားပဲ
သူမ နဲ့ အတူစားရလို့ ထင်ပါရဲ့ဗျာ။
"အုံး"
ြေဗာက်အိုးအကျယ်ကြီးတွေ ဖောက်တော့
ကျွန်တော်လက်လေး ကိုသူကိုင်ပြီး လန့်သွားရှာတယ်
ကျွန်တော်လည်း အသားယူပြီး ဖက်လိုက်တော့
ဗိုက်ခေါက်ကို လိမ်ဆွဲရှာတယ်
"ကိုကို ကဲပိုကြီးတဲ့"
လူတွေနဲ့ပေါ့ သူရှက်တယ်ပေါ့လေ
စိတ်ထဲမှာတော့
နောက်တစ်ချက်လောက်ထပ်ဖောက်စေချင်မိတယ်
အမှန်ပါပဲဗျာ။
မကြာပါဘူး မီးရှုးမီးပန်းတွေ ကောင်းကင်ပေါ်မှာ
ရောင်စုံဖောက်တော့ တန်ဆောင်တိုင်ညကြီးက
ပိုအသက်ဝင်လှပသွားတာပေါ့ မီးပုံပျံကြီးတွေ လွှတ်
အောက်မှာလည်း မီးပုံးအသေးလေး တွေ
တန်းစီလွှတ်တင် ကောင်းကင်ကြီးတစ်ခွင်ဟာ
လှချင်တိုင်းသာ လှနေကြပါတော့တယ်
ချစ်သူပုခုံးလေးကို ခပ်ဖွဖွလေး ဖက်ရင်း
လ ရောင်က ဖျာတဲ့ အလင်းတန်းတွေ လား
ရောင်စုံ မီးပုံတွေရဲ့ အရောင်လားမသိ
သူမ မျက်နှာပေါ်ကအပြုံးဟာ ကျွန်တော်ဘဝရဲ့
အလှဆုံး သောအမျိုးသမီး ပဲဟု ယုံကြည်မိသည်။
ဒီလိုနဲ့ပဲ ဆေးပေါင်းခ ကြဖို့
မယ်ဇလီဖူး သုပ်တွေဝေငှနေကြတယ်
သူမလက်ထဲရောက်လာတဲ့ ဘူးခွံအဖြူလေးနဲ့
မယ်ဇလီဖူးသုပ်ဘူးလေးဟာ
ဘုရားဆောင်းတန်းမှာ အတူတူထိုင်ပြီး
သူ ခွန့်ကျွေးတော့
ပိုပြီးဆေးဖက်ဝင်သွားတယ်ထင်ပါတယ်။
ကျွန်တော်ဖြင့် ဒီတစ်သက်ဖျားမယ်တောင်မထင်ဘူး
သူခွန့်ကျွေးတာဆေးဖက်ဝင် လွန်းတော့လေ။
အချစ် နဲ့ တန်ဆောင်တိုင်ည လေး
ပြန်တွေး တိုင်း တမ်းတသတိရ ကြည်နူးမိပါတယ်။
မကြာခင်ပဲ သူမ ရဲ့ အိမ်ပြန်ချိန် နောက်မကျစေဖို့
အချိန်မှီပြန်လိုက်ပို့ရင်း ဆိုင်က်လေးကိုစီးရင်း
သူ့အိမ်လမ်းထိပ်ရဲ့ မလှန်းမကန်း
မီးရောင်လေးအောက်မှာ နှုတ်ဆက်စကားခြွေရင်း
နားထဲ အသံလေးတွေသဲ့သဲ့ကြားနေခဲ့တယ်
"ကျန်းမာပါစေချမ်းသာပါစေ ပိုက်ဆံကျဲပါဗျို့"
ဟု ကလေးတွေ အဖွဲ့လိုက်သံပြိုင် ဟစ်သံတွေပဲပေါ့
ထိုအဖွဲ့ ကျွန်တော်တို့အတွဲကို မမြင်မှီ အမြန်သူမအိမ်ထဲ
ပြေးဝင်သွားလေပြီ။ ကလေးတွေ မြင်ရင် သူနဲ့ကျနော်
ချိန်းတွေ့တဲ့အကြောင်း သူမိဘတွေ သိမှာစိုးရိမ်၍ဖြစ်သည်။ ကျွန်တော်လည်း အပြုံးများစွာနှင့်အတူ ဆိုင်ကယ်လေးစီးရင်း သူငယ်ချင်းများနှင့်
ချိန်ထားသော ကြ က်ကာလ သားဟင် ချက်ရန်
ပြင်စင်ထားသော ရွာလည် ဇရပ်အနီး ရောက်ခဲ့ပေါ့လေ။
ဆောင်းရဲ့ အအေးဒဏ်က်ို အံတုဖို့ မီးပုံလေး
ဖိုထားတယ်၊ ဂစ်တာလေးရယ်
လူငယ်သဘာဝ သောက်စရာလေးတွေရယ်
မယ်ဇလီဖူးသုပ်လေးရယ် ချက်ပြုတ်လက်စ
ကြ က်သားဟင်းအိုးလေးထဲ ဂွေးတောက်ရွက်လေးတွေထည့်မွှေရင်း အမှတ်တရများစွာဖန်တီးရင်း
ဆေးပေါင်းခ တဲ့ည တစ်ည ဖြစ်တည်ခဲ့သော
အချစ်နှင့် တန်ဆောင်တိုင် ည လေးသည် ဘဝတကွေ့
မေ့မရအောင်ပင် အမှတ်ရ နေပေတော့သည်။
အော် အချိန်ကြာသည်နှင့်အမျှ အမှတ်တရ ကြီးကြီး
ထင်ကျန်နေခဲ့ ပေသည်။
#ခွန်သစ်
Keep Reading