Author's Profile Photo

Honey cho

22/10/2024

medicine ဆိုတဲ့ဆေးဝါးအကြောင်းတစေ့တစောင်း

1 min read
Health
General Knowledge
Medical
medicine ဆိုတဲ့ဆေးဝါးအကြောင်းတစေ့တစောင်း's photo

ဆေးဝါးအကြောင်းသိကောင်းစရာအဖြာဖြာ

ဆေးဝါးဆိုတာ . . .
--------------
ဆေးဝါးဆိုတာ ကျွန်မတို့တတွေ ခံစားနေရတဲ့ ရောဂါဝေဒနာတွေ သက်သာဖို့၊ ပျောက်ကင်းဖို့နဲ့ ရောဂါဝေဒနာတွေ ဖြစ်မလာအောင် ကာကွယ်ဖို့အတွက် ကျန်းမာသက်ရှည်စေဖို့ ရည်ရွယ်ပြီး အသုံးပြုရတာ ဖြစ်ပါတယ်။ ဆေးဝါးတွေက ဦးနှောက်နဲ့ ခန္ဓာကိုယ်ရဲ့ အလုပ်လုပ်ပုံအပေါ် အနည်းနဲ့အများဆိုသလို ပြောင်းလဲစေပါတယ်။

ဆေးဝါးတွေကို ဘယ်လိုဖော်စပ်ထားသလဲ
----------------------------
အပင်တွေ၊ ပြုပြင်ထားတဲ့ အပင်ထွက်ပစ္စည်းတွေ၊ တိရစ္ဆာန်ထွက်ပစ္စည်းတွေ စတဲ့ မတူညီတဲ့ အရင်းအမြစ်အမျိုးမျိုးကနေ ဆေးဝါးတွေ ဖြစ်ပေါ်လာပါတယ်။

ဆေးဝါးအမျိုးအစား (၅) မျိုး
------------------------
(၁) သောက်ဆေး -ဆေးပြား၊ ဆေးတောင့်၊ ဆေးရည်၊ ဆေးမှုန့်၊ လျှာအောက်ငုံရတဲ့ ဆေး၊ ရေဆူဆေးပြား စသဖြင့် ရှိပါတယ်။
(၂) ထိုးဆေး (IM-Intramuscular, IV-Intravenous, SC-subcutaneous, ID-intradermal)
(၃) ရှူဆေး (Inhalers, Nebulizer)
(၄) အရေပြားကပ် (Patch)
(၅) လိမ်းဆေး (Cream, Ointment, spray)ဆိုပြီး ရှိပါတယ်။

ဆေးဝါးတွေကို ဘယ်လိုခွဲခြားထားသလဲ
----------------------------
(၁) မိမိဘာသာ ဝယ်ယူသောက်သုံးနိုင်တဲ့ ဆေး (OTC drugs)
ယေဘုယျအားဖြင့် လိုအပ်တဲ့ ဆေးပမာဏ ဒါမှမဟုတ် လိုအပ်တဲ့ ဆေးပမာဏထက် နည်းနည်းပိုသုံးစွဲမိရင်တောင် အန္တရာယ်ကင်းနိုင်တဲ့ဆေးအမျိုးအစားတွေ ဖြစ်ပါတယ်။
ဥပမာ- ပါရာစီတမော၊ အက်စပရင်ဆေးပြား၊ ဝမ်းနုတ်ဆေး၊ ဓာတ်ဆား၊ ဓာတ်မတည့်မှုသက်သာစေတဲ့ ဆေးများ စသဖြင့်။

(၂) ဆရာဝန်ဆေးညွှန်းနဲ့မှ ဝယ်ယူနိုင်တဲ့ ဆေး (POM drugs)
ဆေးကို စနစ်တကျ မသောက်ရင် ဆေးယဉ်ပါးမှုဖြစ်စေနိုင်တဲ့ ဆေးတွေ၊ ဘေးထွက်ဆိုးကျိုးများတဲ့ ဆေးတွေ၊ စိတ်ကို ပြောင်းလဲစေပြီး စွဲလမ်းမှုဖြစ်စေနိုင်တဲ့ ဆေးအမျိုးအစားတွေ ဖြစ်ပါတယ်။
ဥပမာ-ပဋိဇီဝပိုးသတ်ဆေး၊ ကင်ဆာကုသဆေး၊ စတီးရွိုက်ပါတဲ့ ဆေး၊ မော်ဖင်းလို ထိန်းချုပ်ဆေး၊ စိတ်ကျန်းမာရေး ကုသဆေး စသဖြင့်။

ဆေးတွေကို ဘယ်လောက်ကြာကြာ သုံးစွဲရမလဲ
----------------------------
အလွယ်ပြောရရင်တော့ ကိုယ် ခံစားရတဲ့ရောဂါဝေဒနာပေါ်မူတည်ပြီး ဆေးတွေကို ကာလအပိုင်းအခြား သတ်မှတ်မှီဝဲရတာ ဖြစ်ပါတယ်။
ဥပမာ- အအေးမိဖျားနာဆိုရင် အနည်းဆုံး ၁-၂ ရက်၊ တုပ်ကွေးဖြစ်ရင် အနည်းဆုံး ၃ ရက် ဆေးသောက်ရပါတယ်။
ပဋိဇီဝပိုးသတ်ဆေးတွေဆိုရင် အများအားဖြင့် ၇-၁၄ ရက်အထိ ဆေးပတ်လည်အောင် သောက်ရပါတယ်။
ဆီးချိုရောဂါ၊ သွေးတိုးရောဂါ စတဲ့ နာတာရှည်ရောဂါတွေဆိုရင် ဆေးတွေကို တစ်သက်လုံး သောက်ရပါတယ်။

ဆေးတွေသောက်ရင် ဘေးထွက်ဆိုးကျိုးရမှာလား
----------------------------
ဆေးတွေ သောက်ရင် လိုအပ်တဲ့ ကောင်းကျိုးတွေ ရရှိသလို တပြိုင်နက်တည်းမှာပဲ မလိုချင်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း အနည်းနဲ့အများဆိုသလို ရရှိခံစားရတတ်ပါတယ်။ ဒါပေမဲ့ ကိုယ်ခံစားနေရတဲ့ ဝေဒနာသက်သာစေမယ့် ကောင်းကျိုးက များရင် သောက်ရတာပါပဲ။

Credit to

Keep Reading

"World Brain Day"မျက်လုံးခြောက်ခြင်း(Dry Eye)အတွက် ကျန်းမာရေးအသိပညာDoorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံမပြိုင်ပါနဲ့