နိုင်း - nine
အတင်းတုပ်ရတာကောင်းပါတယ်?️
ကျွန်တော်တို့လူသားတွေက အတင်းအဖျင်းပြောရတာ ကြိုက်ကြပါတယ်။ ဒါပေမယ့် အတင်းအဖျင်းပြောတာက မကောင်းဘူးလို့လဲ လူတွေကိုယ်တိုင်ကသတ်မှတ်ထားကြပါသေးတယ်။ ဘာလို့လဲဆိုတော့ တစ်ပါးသူရဲ့ အမှန်တရားဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ များသောအားဖြင့် မကောင်းတဲ့အချက်တွေကို ပါးစပ်အာသီသလုပ်ပြီးပြောကြတာမို့လို့ပါ။ ဒါဆို ဒီလိုမကောင်းတဲ့အတင်းအဖျင်းတွေကို လူတွေက ဘာလို့ကြိုက်ကြလဲဆိုတာ ကျွန်တော်ပြောပြပါမယ်။
1) ?????? ???????
ကျွန်တော်တို့လူသားတွေက အတင်းအဖျင်းပြောကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် connect ဖြစ်စေပြီးတော့ ဆက်ဆံရေးကို ပိုကောင်းမွန်စေသယောင်ယောင်ရှိပါတယ်။
ဥပမာ ကျွန်တော်တို့အနေနဲ့ သူငယ်ချင်းတွေနဲ့dateပြီး စကားပြောကြတဲ့အခါ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပြင် ကျွန်တော်တို့အကုန်သိကြတဲ့ လူတွေရဲ့ ကောင်းတဲ့အရာကိုဖြစ်စေ၊ မကောင်းတဲ့အရာကိုဖြစ်စေ အတင်းပြောကြတာက ကျွန်တော်တို့ရဲ့ connection ကို ပိုပြီးတော့ချိတ်ဆက်မိတယ်လို့ ခံစားဖူးကြပါလိမ့်မယ်။
အ့တာကြောင့် အတင်းအဖျင်းပြောတာက လူတွေကိုတစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးပိုကောင်းစေတယ်လို့လည်း မသိစိတ်ကခံယူထားကြတာကြောင့် အတင်းပြောရတာကို ကြိုက်ကြတာပါ။
2) ?????????????
အတင်းအဖျင်းပြောတာကို ကိုယ့်ကိုယ်ကို ဖျော်ဖြေရေးလုပ်တဲ့အနေနဲ့လည်း ပြောကြပါတယ်။ ကျွန်တော်တို့လူသားတွေက တခြားသူတွေရဲ့ အကြောင်းတွေ၊ လျှို့ဝှက်ချက်တွေ၊ scandalအရှုပ်တော်ပုံတွေ၊ စိတ်ဝင်စားစရာကောင်းလောက်မယ့် အချက်တွေ ဒါတွေကို ရှာတွေ့ပြီဆိုရင် သူတို့အတွက် ဖျော်ဖြေရေးတစ်ခုရလိုက်သလိုကို အတင်းပြောကြပါတယ်။
ဥပမာ အနုပညာအသိုင်းအဝိုင်းကပဲဖြစ်ဖြစ်၊ နာမည်ကြီးအသိုင်းအဝိုင်းကပဲဖြစ်ဖြစ် အ့ကလူတစ်ယောက်ရဲ့ scandal သတင်းတွေထွက်လာပြီဆိုရင် အ့အကြောင်းကိုလိုက်ပြီးစပ်စုကြပါတယ်။ ပြီးရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ အ့တာနဲ့ပတ်သက်ပြီး တစ်ယောက်နဲ့တစ်ယောက် ပြောကြဆိုကြနဲ့ မသိရင် gossip entertaining လုပ်နေသလားတောင် ထင်ရပါလိမ့်မယ်။
3) ?????????
လူတွေအများစုက မွေးကတည်းက စပ်စုရတာ ဝါသနာပါပါတယ်။ အတင်းအဖျင်းပြောတယ်ဆိုတာကလည်း စပ်စုတဲ့နေရာကနေ တစ်ဆင့်မြင့်သွားရုံသက်သက်ပါပဲ။ အပေါ်ကတစ်ခုလိုပဲ တခြားလူတစ်ယောက်ရဲ့ အကြောင်းကိုစပ်စုမယ် ပြီးရင် အ့လူရဲ့ secret တွေ၊ scandal တွေကို entertaining လုပ်သလို အတင်းအဖျင်းတွေလိုက်ပြောကြပါတော့တယ်။
ဒါကြောင့် အတင်းအဖျင်းပြောတဲ့လူတိုင်းက စပ်စုတတ်ကြပေမယ့် စပ်စုတတ်တဲ့သူတိုင်းကတော့ အတင်းအဖျင်းပြောကြမှာ မဟုတ်ပါဘူး။ စပ်စုရတာကြိုက်လို့သာပဲ အတင်းအဖျင်းပြောကြတာပါ။
4) ??????????? ???????
သတင်းအချက်အလက်တွေမျှဝေတာက အတင်းအဖျင်းပြောတဲ့နေရာမှာ ပါဝင်တာဟုတ်ရောဟုတ်ပါ့မလား။ ဘာလို့လဲဆိုတော့ အပေါ်က ကျွန်တော်ပြောခဲ့တဲ့အထဲမှာ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ အတင်းအဖျင်းပြောကြတယ်ဆိုတဲ့ အချက်ကြောင့်ပေါ့။
ဥပမာ ကျောင်းကစာသင်ခန်းတစ်ခုမှာ ကျောင်းသားတစ်ယောက်ရဲ့ အတင်းအဖျင်းကပြန့်သွားပြီဆိုရင် အ့အချက်ကမှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ လူတွေကသူ့ကို သတိထားကြတော့မှာပါ။
ဒါပေမယ့် အချက်အလက်မျှဝေတာကတော့ ဟုတ်တယ်လို့ ပြောလို့ရပါတယ်။ ဘာလို့ဆို ဒီလူတစ်ယောက်ရဲ့အကြောင်းကို ဘယ်လိုပုံစံနဲ့ပဲပြောပြော ပြောတဲ့အကြောင်းအရာက အချက်အလက်ပဲမို့လို့ အချက်အလက်မျှဝေတဲ့အနေနဲ့ပြောကြတယ်လို့လည်း သုံးနှုန်းလို့ရပါတယ်။
5) ????? ??? ?????????
အတင်းအဖျင်းပြောတာက manipulation လုပ်တာနဲ့၊ လွှမ်းမိုးချုပ်ကိုင်မှုလုပ်တဲ့နေရာမှာလည်း toolတစ်ခုလို အသုံးချလို့ရပါတယ်။ လူတစ်ယောက်ရဲ့အကြောင်းကို အတွင်းကျကျသိတယ်လို့ ခံစားရပြီဆိုရင် အ့လူကသူ့ကိုယ်သူ စွမ်းအင်နဲ့လွှမ်းမိုးမှုအားကောင်းတယ်လို့ ထင်လာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အ့လူတွေက တခြားသူရဲ့အချက်အလက်တွေကို အသုံးချပြီး manipulation or controlling လုပ်နိုင်လို့ပါ။ အ့တာအပြင် groupအပေါ်မှာလည်း အချက်အလက်တွေနဲ့ လွှမ်းမိုးနိုင်တာကြောင့် လူတွေက အတင်းအဖျင်းပြောတာကို ဒီလိုနေရာတွေမှာလည်း အသုံးချတတ်ကြပါသေးတယ်။
6) ????-?????? ?????
အတင်းအဖျင်းပြောရတာကြိုက်တဲ့လူတွေရဲ့ အဓိကအချက်က သူကိုယ်သူတို့ တခြားသူတွေထက် ကောင်းမွန်တယ်လို့ ခံစားရချင်လို့ပါ။ အတင်းအဖျင်းပြောတဲ့နေရာမှာ ပြောခံရတဲ့တစ်ဖက်လူရဲ့ ကောင်းတဲ့အချက်တွေကို ပိုပြောကြလား။ မကောင်းတဲ့အချက်တွေကို ပိုပြောကြလား။ မကောင်းတဲ့အချက်ကိုပိုပြောကြတာပေါ့။
လူတွေက ကိုယ့်ထက်သာတဲ့သူတွေထက်စာရင် ကိုယ့်ထက်နိမ့်ကျတယ်လို့သတ်မှတ်ထားတဲ့သူတွေနဲ့ နှိုင်းယဉ်ပြီးတော့ ကိုယ့်မျက်ချေးကိုယ်မမြင်သလိုပဲ ကိုယ့်ရဲ့မကောင်းတဲ့အချက်တွေကို မျက်ကွယ်ပြုပြီး တခြားသူတွေရဲ့ အတင်းအဖျင်းတွေကို လိုက်ပြောကြပါတော့တယ်။ အ့တာမှသာ တခြားသူတွေကဘယ်လိုထင်ထင် ကိုယ်ကိုယ်တိုင်ကတော့ ငါကသူ့ထက်သာတယ်ဆိုတဲ့ မာနလေးရရှိနိုင်မှာမို့လို့ပါ။
ဒီလိုမျိုးအချက်တွေကြောင့်ပဲ ကျွန်တော်တို့လူသားတွေက အတင်းအဖျင်းပြောရတာကို စိတ်ဝင်စားကြတာဖြစ်ပါတယ်။
အတင်းပြောတဲ့အခါ လူတွေအနေနဲ့ အပျင်းပြေပြောကြတာလဲရှိပါတယ်။ ဒါပေမယ့် ဘာကြောင့်ပဲပြောပြော တစ်ဖက်လူကို ထိခိုက်သွားစေမယ့် အတင်းအဖျင်းမျိုးတွေတော့ သတိထားပြီးရှောင်ရှားစေချင်ပါတယ်။
ကျွန်တော်တို့တွေအနေနဲ့ အတင်းအဖျင်းပြောရတာကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကိုယ့်အကြောင်းကိုရော တခြားသူတွေကမဟုတ်မမှန် အတင်းပြောရင် ကြိုက်နိုင်လားဆိုတာလေး ပြန်တွေးပြီးတော့ ကိုယ်ချင်းစာနိုင်ကြပါစေ။
နိုင်း
#cappynine
#gossip
TikTok - https://www.tiktok.com/@cappynine?_t=8ofsJy0dNmG&_r=1
Telegram - https://t.me/cappynine
Facebook - https://www.facebook.com/profile.php?id=61563785253402&mibextid=ZbWKwL
Keep Reading