Author's Profile Photo

အယ်မွန်းသော်တာ (မြို့သာ)

19/10/2024

သေခြင်းတရား

1 min read
General Knowledge
Environment & Sustainability
Entertainment

#သေခြင်းတရား
******************

သေခြင်းတရား ဆိုသည်မှာ လက်ရှိဘဝ ရှင်သန်နေထိုင်ခြင်းနှင့် ပြန်လည်မွေးဖွားခြင်း(ဇာတိ) ဆိုတဲ့
သဘာဝတရားကြီးနှစ်ခုကြား ပိုင်ခြားထားတဲ့
အရာတစ်ခုသာဖြစ်ပါတယ်။တစ်နည်းအားဖြင့်
သေခြင်းတရားဆိုသည်မှာ ဘဝ(ဇာတိ)တွေအဖန်ဖန်
ဖြစ်တည်လာရေးအတွက် ပိုင်းခြားပေးတဲ့
ကြားခံနယ်ကြီးတစ်ခုလည်းဖြစ်တယ်။

သေခြင်းတရားကို လောကလူသားတိုင်း
ကြောက်ရွံ့တတ်ကြတယ်။ကြောက်ကြပါတယ်။
သေခြင်းတရားကို မကြောက်တဲ့ သတ္တဝါဟူသ၍
မ‌ရှိသလောက်ကို ရှားပါတယ်။သေခြင်းတရားကို
လောကလူသားတိုင်း ဆွဲထားလို့လည်းမရသလို
လွတ်ချလိုက်လို့လည်းမရပါဘူး။

ဥပမာ ဆိုကြပါစို့-စာဖတ်သူ သင်က
သေခြင်းတရားကို ဆွဲထားချင်တယ်ဆိုကြပါစို့
(ကျွန်တော့်ရဲ့ သားသမီးလေးတွေ ပညာတတ် လူလိမ္မာကြီးဖြစ်တဲ့အထိမြင်ချင်ပါတယ်။ကျွန်မရဲ့ သားသမီးလေးတွေကို သားရှင်ပြု၊သမီးနားသ ပြုလုပ်ပေးချင်ပါသေးတယ်။အသက်ရှည်ရှည်သိပ်နေချင်တာပဲ)ဟု
သေခြင်းတရားနဲ့ ပတ်သတ်ပြီး ဆုတောင်းလို့ မရသလို
ကျွန်တော်မသေချင်သေးပါဘူး သေခြင်းတရားကြီးရယ် ဟု သေခြင်းတရားကို ဆွဲထားလို့မရပါဘူး။

လွတ်ချလိုက်ခြင်းနှင့် ပတ်သတ်လို့
(ကျွန်တော့်စိတ်တွေ အရမ်းကို မွန်းကြပ်နေပါပြီ။
ကျွန်မလေ ဒီလောကကြီးမှာ နေရတာ မပျော်တော့ဘူးရှင့်။ကျွန်မလေ အရမ်းကို သေချင်တာပဲ၊သေချင်လိုက်တာရှင့်လို့ )သေခြင်းတရားကို လွတ်လျလိုက်လို့လည်း မရနိုင်ပါဘူး။သဘောတရားအရပြောပြပေးတာပါ။

လောကလူသားများဟာ လူ့လောကမှာ
နေထိုင်ရခြင်းနှင့် ပတ်သတ်လို့ စိတ္တံဆိုတဲ့ စိတ်တွေ
ကမ္ပတိ လှုပ်ခြားလာတဲ့အခါမျိုး သောကတွေ
ဗျာပါဒတွေ များလာတဲ့အခါမျိုးမှာသာ
သေချင်ကြတာများပါတယ်။တကယ်တန်း ပြောရလျှင်
သေခြင်းတရားနှင့် နဖူးတွေ့ ဒူးတွေ့ သာ ရင်ဆိုင်ရလျှင်တော့ ဩတ္တပ္ပလို့ခေါ်တဲ့ အကြောက်တရားတွေ
စိတ်သန္တန်အတွင်းမှာ နှလုံးသွင်းရင်း
ချွေးစေးတွေကျ၊ဇောချွေးတွေပြန်ကြရင်း
သေခြင်းတရားကို ဖယ်ထုတ်ချင်ကြပါတယ်။

အနှစ်ချုပ်ဆိုရသော် သေခြင်းတရားဆိုတာ
ဘယ်အချိန် ဘယ်ကာလမှာ ရောက်ရှိလာမည်ကို
ကြိုတင်မသိနိုင်သည့်အတွက်
ကြိုတင်၍ သေခြင်းတရားနှင့်ပတ်သတ်ပြီး
စဉ်းစားတွေးတောထားကြပါ။ လောကလူသားတို့ရေ
သင်တို့မှာ အချိန်သိပ်မကျန်တော့ပါဘူး။အချိန်ရတုန်း
ခဏတော့ ကုသိုလ်တရားများကို နေ့စဉ်ပွားများကြပါ။

သေခြင်းတရားကဗျာလေး
====================

သေခြင်းတရား
အနိစ္စဟူသည်
ဆွဲထားဖို့တင် မပြောနှင့်
လွတ်ချလို့ပင် မရပေ။

ဆွဲထား၊လွတ်ချ မရသော်လည်း
စိတ်၌ မှီတည်
ကုသိုလ်စိတ်တို့
အမြဲတည်အောင် ကြိုးစားပါက
မုချ နိုင်ပေမည်။

မသေဆုံးမီ
အသက်ရှိချိန်၌
စိတ်ကို ထိန်းချုပ်
ကောင်းကျိုးလုပ်ရင်း
ဘာဝနာပွားကြ
များလှ အကျိုးတွေ။

ဤအကြောင်းအရားလေးကို ကြိုက်နှစ်သက်လို့
မိမိတို့၏ သက်ဆိုင်ရာ အကောင့်များမှာ
တင်ချင်ပါလျှင် crdပေး၍သော်၎င်း၊ shared၍သော်လည်းကောင်း တင်လို့ရနိုင်ပါတယ်

#အယ်မွန်းသော်တာ_မြို့သာ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်း