Author's Profile Photo

M Min Nyo

19/10/2024

The Art of Writing (ရေးသားမှု အနုပညာ)

1 min read
General Knowledge
The Art of Writing (ရေးသားမှု အနုပညာ)'s photo

ဘာသာစကား လေ့လာရာမှာ အရေးအသားပိုင်း(Writing)က Skill တစ်ခုအဖြစ် ပါဝင်တယ်။ ဘယ်ဘာသာစကားမှာ ဖြစ်ဖြစ်၊ အရေးအသားလွဲချော်ရင် အဓိပ္ပာယ်လည်းကွဲပြားတာမို့၊ ဂရုစိုက်ဖို့ လိုပါတယ်။ မှားယွင်းတဲ့အရေးအသားကြောင့် အဓိပ္ပာယ်လွဲ၊ အယူအဆလွဲရင် ကိုယ်ပေးချင်တာမရသလို မဖြစ်သင့်တာတွေလည်း ဖြစ်တတ်ပါတယ်။

Content ဖန်တီးရာမှာလည်း Writing-ဟာ အရေးကြီးပါတယ်။ ဒါကြောင့် Writing-ပိုင်းနဲ့ပက်သက်ပြီး အဓိကလိုအပ်တာတွေကို ပြောပြပေးသွားပါ့မယ်။

(1) ရေးဟန် ၊ ပြောဟန် ကွဲပြားဖို့

စာရေးတဲ့အခါ ပုံစံနှစ်မျိုးနဲ့ ရေးလေ့ရှိတယ်။ "ရေးဟန်" နဲ့ "ပြောဟန်" ပါ။ "ရေးဟန်" ဆိုတာ ပြဌာန်းစာအုပ်တွေမှာ မြင်ဖူး၊ဖတ်ဖူးနေကျ စာသံပေသံနဲ့ ရေးဟန်ပါ။ (ဥပမာ-ဝါကျအဆုံးတွေမှာ သည်၊၏ နဲ့ဆုံးတာမျိုး)။ "ပြောဟန်" ဆိုတာက စကားပြောနေတဲ့ပုံစံအတိုင်း ရေးပြတာပါ။ "သည်၊၏" ဆုံးတဲ့နေရာတွေမှာ "တယ်၊ပါ၊ပါတယ်" အဆုံးသတ်တာမျိုး။ အခုလက်ရှိ ကျွန်တော်ရေးပြနေတာ "ပြောဟန်" ပါပဲ။ အဲ့ဒီဟန်နှစ်ခုကို မရောထွေးဖို့ လိုပါတယ်။ (အသေးစိပ်ကိုတော့ "မြန်မာစာ၊မြန်မာစကား အသုံးမမှားဖို့" ဆိုတဲ့ Post မှာ ဖော်ပြပေးထားပါတယ်။ လိုအပ်ရင် ရှာဖတ်ကြည့်ပါ)။

(2) စာလုံးပေါင်းသတ်ပုံ မှန်ကန်ဖို့

ဒါကလည်း အရေးကြီးပါတယ်။ ဖော်ပြတဲ့အချက်အလက်တွေ ကောင်းနေပါစေ၊ အရေးအသားက ပြေပြစ်နေပါစေ သတ်ပုံမှားနေရင်တော့ တန်ဖိုးကျသွားပါတယ်။ သတ်ပုံအမှားများလွန်းရင် အသုံးမကျတဲ့စာတစ်ပုဒ်တောင် ဖြစ်သွားနိုင်ပါတယ်။ စာလုံးပေါင်းသတ်ပုံတွေ အမှားမှားအယွင်းယွင်းဖြစ်နေတဲ့စာကို စာဖတ်သူတွေ မဖတ်ချင်ကြပါဘူး။ တန်ဖိုးရှိတယ်လို့လည်း မမြင်ကြပါဘူး။ အပြန်ပြန်အလှန်လှန် စိစစ်ဖို့လိုအပ်ပါတယ်။ (အသုံးမှားတတ်တဲ့ စကားလုံးတွေကို "မြန်မာစာက ခက်တယ်" ဆိုတဲ့ Post မှာ ပြောပြထားပါတယ်။ သိချင်တာမျိုးရှိရင်လည်း မေးမြန်းနိုင်ပါတယ်)

(3) အချက်အလက် ခိုင်မာဖို့

အကြောင်းအရာတစ်ခုကို ရေးတော့မယ်ဆိုရင် အဲ့ဒါနဲ့ပက်သက်တဲ့ အချက်အလက်တွေ ရှာယူကြရပါတယ်။ လက်လှမ်းမှီသမျှ ရှာဖွေပြီး၊ အမှန်ကန်ဆုံးနဲ့ အသက်ဆိုင်ဆုံး အချက်တွေကိုသာ ရွေးယူဖော်ပြရမှာဖြစ်ပါတယ်။ Client နဲ့ လက်တွဲလုပ်ကိုင်နေသူတွေအတွက် Data Research ဟာ စိန်ခေါ်မှုတစ်ရပ်ပါ။ Client ရဲ့ လိုအင်ဆန္ဒ၊ Brand ရဲ့ Guide line တွေ၊ ကိုယ်ပိုင် ရေးသားဟန်၊ အကြောင်းအရာနဲ့ကိုက်ညီတဲ့ ဖော်ပြချက် စတာတွေအားလုံးကို ချိန်ညှိလုပ်ကိုင်ရပါလိမ့်မယ်။ အပိုအလို မရှိ၊ တိကျတဲ့အချက်အလက်တွေ ဖော်ပြနိုင်မှုကသာ ပြီးပြည့်စုံတဲ့စာတစ်ပုဒ် ဖြစ်လာစေမှာပါ။

(4) ပြေပြေပြစ်ပြစ် ရှိဖို့

ကိုယ့်ရဲ့ဖော်ပြချက်ဟာ စာဖတ်သူအတွက် ချောမွေ့ပြေပြစ်နေဖို့ လိုပါတယ်။ ရှုပ်ထွေးပြီး ရှည်လျားတဲ့ ဝါကျတွေ မသုံးသင့်ပါဘူး။ ခေတ်ပေါ် ဘန်းစကား (Slang Words)တွေ စုပြုံသုံးခြင်းကိုလည်း ရှောင်သင့်ပါတယ်။ အရိုးရှင်းဆုံးက အကောင်းဆုံးပါပဲ။

အဆုံးသတ်အနေနဲ့ ပြောရရင် ကိုယ့်ရဲ့ဖန်တီးမှုမှာ
နည်းစနစ်(Strategy) ဘယ်လောက်ပဲ ကောင်းနေပါစေ၊ သတ်ပုံတလွဲတွေ ၊ အရေးအသား မပြေပြစ်မှုတွေရှိနေရင် စာဖတ်သူတွေ ကြိုက်ကြမှာမဟုတ်ပါဘူး။ အဲ့ဒီလို အကျအပေါက်များနေတဲ့ Writer တစ်ယောက်ကိုလည်း ဘယ်လုပ်ငန်းရှင်ကမှ ရေရှည်အသုံးပြုမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ဖန်တီးမှုတွေကို လူတွေရှေ့မှောက် ချမပြခင် ပြန်လည်ဆန်းစစ် သုံးသပ်ပြီးမှ တင်ပြဖို့ကြိုးစားပါလို့ အကြံပြုလိုက်ပါရစေ။

ကျွန်တော့်ရဲ့ Facebook Page ကို လာလည်ဖို့ဖိတ်ခေါ်ပါရစေ။

https://www.facebook.com/profile.php?id=61564916414954&mibextid=ZbWKwL


"Online ပေါ်မှာငွေရှာဖို့ အခွင့်အလမ်းဖန်တီးကြပါစို့"

#KnowledgeSharing
#Content
#MMinNyo

Keep Reading

Ernest Hemingway ဘဝဟာသများပျော်စရာနေ့စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဘယ်လိုလုပ်ပြီး မိုက် ဂျက်ဆန် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတာလဲ။ The Gentleman in the Parlourဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်ကမူး၏ကိုးကွယ်ရာအဲလက်ဇ်ရဲ့ အရင်းအနှီးက ဘာတွေဖြစ်မလဲ။ကက်ဖကာ၏လက်တွေ့ဘဝအဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်