Author's Profile Photo

Whisper of Words

18/10/2024

Rich dad poor dad

1 min read
Business
Book Review
Finance
Rich dad poor dad's photo

အရင်ကသိခဲ့တဲ့ ငွေရေးကြေးရေးအမြင်ဟောင်း တွေကို ဒီစာအုပ်ကပြောင်းလဲပေးနိုင်တယ်ဆိုရင် ယုံနိုင်မလား?

အမှန်ပါပဲနော်။ ဒီစာအုပ်မှာတော့ Robert T. Kiosaki က အရင်ကသိခဲ့တဲ့ ငွေကြေးအမြင်ပုံစံဟောင်းတွေထဲက ခွဲထွက်ပြီး နုနုတို့လိုအပ်နေတဲ့ မသိသေးတဲ့ အမြင်သစ်တွေကို ချပေးမှာဖြစ်ပါတယ်။

?ဒီလိုဆိုတိုင်း သင်ခန်းစာတွေချည်း တစ်လှေကြီးကျက်ရမယ်လို့ မထင်နဲ့အုံးနော်။ ဒီစာအုပ်မှာက လမ်းပြပေးရုံ အမြင်ဖွင့်ပေးရုံသာဖြစ်ပြီး ရှေ့ဆက်ရမဲ့လမ်းကိုတော့ ကိုယ်တိုင်ပဲလျှောက်ရမှာဖြစ်ပါတယ်။

?ဒီစာအုပ်ထဲမှာတော့ ကိုးနှစ်အရွယ်စာရေးသူက သူ့ရဲ့အဖေအရင်း(ဆင်းရဲဖေဖေ)ကို ငွေဘယ်လိုလုပ်ရမလဲလို့မေးရာကနေ စထားပါတယ်။ အဖေအရင်းဖြစ်သူကလည်း သူကိုယ်တိုင်က ချမ်းသာတဲ့သူမဟုတ်လေတော့ နောင်တစ်ချိန်မှာ ချမ်းသာလာနိုင်တဲ့သူငယ်ချင်းဖေဖေ ( ချမ်းသာဖေဖေ) ဆီကို ငွေကြေးနဲ့ပတ်သက်တဲ့ သင်ခန်းစာတွေယူဖို့ ပညာသင်စေခဲ့ပါတယ်။

?ချမ်းသာဖေဖေပြောနေကျစကားက "သူဌေးတွေက ငွေအတွက်အလုပ်မလုပ်ဘူး၊ ငွေကိုပဲပြန်ခိုင်းတယ်၊ လူလတ်တန်းစားတွေသာ ငွေအတွက်အလုပ်လုပ်နေတဲ့ ငွေရဲ့ကျွန်"တဲ့။

?ဒီလိုနဲ့ပဲ ချမ်းသာဖေဖေဆီက ငွေကြေးသင်ခန်းစာတွေသင်လာရင်း ကျိကျိတက်သူဌေးတစ်ယောက်ဖြစ်လာတော့တာပေါ့။

?ဒီစာအုပ်မှာ တစ်ခုထူးခြားတာက ဆင်းရဲဖေဖေဟာ ဘွဲ့ထူး ဂုဏ်ထူးတွေအများကြီးရထားတဲ့ ပညာတတ်တစ်ယောက်ဖြစ်ပြီးတော့ ချမ်းသာဖေဖေကတော့ သာမန်၈တန်းအောင်ရုံသာရှိတဲ့သူတစ်ယောက်ဖြစ်နေတာပါပဲ။

?ကဲ...
ဒါဆိုရင်တော့ ဒီစာအုပ်လေးကိုဖတ်ပြီး အနာဂတ်‌ပိုက်ဆံအိတ်ကို ဖောင်းနေအောင်ကြိုးစားရအောင်နော်။

စာအုပ်ဖတ်ရန်
https://t.me/TheBookR
#Review_by_NuNu

Keep Reading

လူလတ်တန်းစားထောင်ချောက်ဘဝမှာ ချမ်းသာကြွယ်ဝမယ့်အခွင့်အလမ်းကို ပိတ်ဆို့နေတဲ့Limitation တွေ အကြောင်း ငွေရှာဖွေနည်း၏ ကောင်းကျိုးဆိုးကျိုး"ပန်နိုရာ" တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေလိုက်သည့် "မိနစ်ပိုင်းစာ စီးပွားပညာ" အပိုင်း(၁) စာအုပ်ကို 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 မှာယူနိုင်ပါပြီ။အောင်မြင်ဖို့ အဓိက ဘာလိုသလဲ ချမ်းသာဖို့အတွက် ဘာလိုသလဲချွေတာမလား၊ ပိုရှာမလား3L for Successမြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခုလုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလား