Author's Profile Photo

ယဥ်သီရိလှိုင်(ဆောင်း)

23/03/2024

ကြယ်ပွင့်​လေးတချို့

3 mins read
General Knowledge
Culture
Art
ကြယ်ပွင့်​လေးတချို့'s photo

အိမ်တအိမ်ရဲ့ချူသံ​လေး​တွေဟာ က​လေး​တွေပါတဲ့အမှန်ဘဲ​နော် က​လေး​လေး​တွေရဲ့ရီသံ​လေး​တွေ အမူအယာ​လေး​တွေကအစ အပြစ်ကင်းတယ် သူတို့ရဲ့ချစ်စရာအမူအယာ​လေး​တွေ ဘာနဲ့မှမလဲနိုင်ဘူး အသက်​တွေကြီးလာတယ် အခုက​လေး​လေးပြန်ဖြစ်ချင်တယ် မရ​တော့ဘူး ဒီလိုဘဲအချိန်ကကုန်​နေမှာ​ရပ်တန့်​နေမှာမဟုတ်တဲ့အတွက် လူကြီး​တွေ​ပြောကြတယ်​ရှေးဆိုရိုး​တွေရှိတယ်​ပေါ့ ပညာသင်ရမယ့်အရွယ်ပညာရှာ၊ဥစ္စာရှာရမယ့်အချိန်ဥစ္စာရှာ၊တရားအားထုတ်ရမယ့်အချိန်​တော့တရားအားထုတ်ပြီး​နောက်ဘဝအတွက်ကုသိုလ်​တွေလုပ်ကြရမယ်တဲ့ တကယ့်ကို​ရှေးဆိုရိုး​တွေကိုမပစ်ပယ်သင့်ဘူး​နော် ဆက်ရရင်ချူသံ​လေး​တွေနဲ့တူတဲ့က​လေး​တွေအများကြီးရှိတဲ့ထဲမှာ တချို့က​လေး​တွေကချမ်းချမ်းသာသာကြီးပြင်းလာရတယ် တချို့ကြ​တော့ဆင်းဆင်းရဲရဲနဲ့​ပေါ့ သူတို့​တွေဘာလို့ဒီလိုကွဲပြားပြီး​မွေးဖွားလာရလဲ သူတို့ကို​မွေးတဲ့မိဘ​တွေမတူညီလို့ဘဲချမ်းသာတဲ့မိသားစုက​မွေးဖွားလာမှာလား ဆင်းရဲတဲ့မိသားစုက​မွေးဖွားလာမှာလား သူတို့ရဲ့အတိတ်ကံနဲ့ဘဲဆိုင်​လောက်မယ် ကျွန်မက​တော့ကံကိုယုံတာ​ကြောင့်ဒီလိုဘဲ​ပြောမှာပါ အဲ့​တော့ကံ​အ​ကြောင်း​တွေမတူညီကြတဲ့အခါ​မွေးဖွားလာတဲ့​နေရာ​တွေအချိန်​တွေကအစကွဲပြားကြတယ် အဲ့တည်းကမှတချို့က​လေး​လေး​တွေကအ​တော်​လေးချမ်းသာတဲ့မိသားစုဆီမှာ​မွေးကြတယ် အရမ်းကံ​ကောင်းတာ​ပေါ့ ဟိုး​မွေးကတည်းကစလို့အသက်၂၀​ကျော်နီးပါးအထိ ကျော့​ကျော့​လေးဘာမှမလုပ်ရဘဲ​နေရတယိ သူတို့စား​တာ​နေတာ​တွေဟာသူတို့မိဘ​တွေရဲ့ဥစ္စာ​တွေ​လေ ဘာမှမပူမပင်ရဘူးကြိုက်သလိုစားကြိုက်သလိုဝတ် နေချင်သလို​နေလို့ရတယ် အဲ့​တော့စားဝတ်​နေ​ရေးအတွက်ဘယ်လိုရုန်းကန်ရလဲဆိုတာမသိကြဘူး အချို့က​လေး​တွေ​ပေါ့​နော် ပိုက်ဆံ၅၀ မြန်မာ​ငွေ၅၀ဆိုတာခု​ခေတ်မှာဘာမှလုပ်မရဘူး ဒါမယ့်အဲ့၅၀ကိုအပြင်မှာသွားရှာကြည့်ပါ လွယ်သလားဆိုတာ ဒါက​တော့သူကုသိုလ်နဲ့သူဖြစ်တည်မှု​တွေကွာသွားတာ​ပေါ့ ဆို​တော့ ဆင်းရဲတဲ့မိသားစုမှာ​မွေးတဲ့က​လေး​တွေအ​ကြောင်း​ပေါ့ တ​နေ့လုပ်မှတ​နေ့စားရတဲ့သူ​တွေရှိတယ် အိမ်မရှိဘူး ဒါမယ့်က​လေး​တော့​မွေးတယ် ဘာ​ကြောင့်လဲအသိညာဏ်မရှိတာဘဲ​ပြောရင်​တော့ရိုင်းလိမ့်မယ် ဘာလို့အသိညာဏ်မရှိလဲ ပညာမစုံခဲ့လို့​ပါ ပညာသင်ယူသင့်တဲ့အချိန်မှာ​ပညာဂုဏ်ရမယ့်အချိန်မှာ လင်နဲ့မယားဆိုတဲ့ဂုဏ်ပုဒ်ကြီးတခုကိုသာပိုင်ဆိုင်သွားကြတယ်ဒါကိုဂုဏ်ယူစရာလို့ထင်​နေကြတာ ငယ်ငယ်ရွယ်ရွယ်နဲ့က​လေး​တွေ​မွေးကြတယ် အတားဆီးမရှိအကာကွယ်ဆိုတာဘာမှန်းမသိ ဒါ​တွေကလည်းသူတို့ကို​မွေးတဲ့မိဘ​တွေနဲ့ဆိုင်ပြန်တာဘဲ အဲ့လိုနဲ့​​မွေးလာတဲ့က​လေးမှာလာသက်​ရောက်တာ​ပေါ့ သူတို့မှာဥစ္စာရှာဖို့အရည်ချင်းရယ်လို့ ပြစရာမရှိဘူး အရည်ချင်းမရှိတာကထား အလုပ်လုပ်ချစ်စိတ်ပါမရှိ​တော့ သူတို့ဘာသာစားဖို့အတွက်​တောင်ရုန်းကန်​နေရတယ် နောက်ဆုံးသူတို့မှာရှိတဲ့ လက်ဆုပ်လက်ကိုင်ပြစရာဘာရှိလဲ မွေးထားတဲ့က​လေး​တွေတသီကြီးဘဲရှိ​တော့တယ် ဒါဟာသူတို့အတွက် ငွေရှာစက်ရုပ်​လေး​တွေဖြစ်သွား​တော့တာဘဲ က​လေး​တွေမှာတ​နေ့တ​နေ့မနက်မိုးလင်းလာတယ် ဘူး​ကောက်တဲ့သူက​ကောက်မယ်အမှိုက်​လို့အော်တယ့်သူက​အော်မယ်နောက်ဆုံးသူများဆီကလိုက်​တောင်းမယ် အမျိုးမျိုးသူတို့သာပိုက်ဆံရရင်ဘာဖြစ်ဖြစ်ရပြီမို့ပိုက်ဆံရနိုင်မယ့်အလုပ်ကိုကုန်းရုန်းလုပ်ကြ​တော့တယ် ၅၀ လား၁၀၀လား ဘယ်​လောက်ဖြစ်ဖြစ်ရ​သ​လောက်ရှာရတယ် ဒါကသူတို့စားဖို့သူတို့​နေဖို့ဆိုတာသိ​နေတယ်​လေ ငယ်ငယ်ရွယ်ရွယ်နဲ့စားဝတ်​နေ​ရေးအ​ကြောင်းနားမလည်လည်​အောင်လုပ်ရတာသူတို့ကံတခုလိုဖြစ်​နေတာ​ပေါ့ သူများကြယ်က​လေး​တွေအိပ်ယာ​ပေါ်မှာအိပ်​နေတဲ့ချိန် တချို့ ကြယ်က​လေး​တွေက​တော့ စားဝတ်​နေ​ရေးအတွက်ရုန်းကန်​နေရတယ် လက်အုပ်ချီပြီး​ပြောရတဲ့အလုပ်ဆိုတာသာမန်လူ​တွေအတွက်​တော့ဝပ်လျိုးခယ​တောင်းပန်တဲ့အခါမှာသာ လက်အုပ်ချီကြ​ပေမယ့်လို့ သူတို့အတွက်​တော့ဒါဟာထမင်းစား​ရေ​သောက်ဘဲ
အ​ကြောင်းရာ​လေးတခု​ပြောပြမယ် နဲနဲ​တော့ကြာပြီ အ​အေးဆိုင်ထိုင်​နေတုန်းက​လေး၁​ယောက်ပီနံအိတ်ကိုလက်ကကိုင်ပြီးဝင်လာတယ်အ​အေးဆိုင်ထဲ အဲ့​တော့ဝန်ထမ်း​တွေကမဝင်ဖို့​ပြော​ရောပြီး​တော့​အော်လိုက်တာ​ပေါ့ အဲ့ထဲကဝန်ထမ်း​မလေးက ကိတ်​ခြောက်တထုပ်​ပေးလိုက်တာ​တွေ့လိုက်တယ် မကြာဘူးသူပြန်သွားတယ် နောက်တခါပြန်လာ​တော့ က​လေး၃ ၄ယောက်အဲ့က​လေး​လေးနဲ့ပြန်ပါလာတယ် ပြီး​တော့လက်အုပ်ချီပြီးမုန့်​တောင်း​ရော ဆို​တော့ ဝန်ထမ်းမ​လေး​လည်းမရှိ​တော့ဘူး​ပြောပြီးပြန်ခိုင်းလိုက်တယ် ဒါမယ့်မပြန်ဘဲအဲ့အဝင်ဝ​လေးနားမှာထိုင်ပြီးစကား​တွေ​ပြော​နေကြတယ် ကျွန်မအ​အေး​သောက်ပြီးလို့ထွက်​တော့ က​လေး​လေး​တွေထပြီးကျွန်မကို​မုန့်​တောင်းတယ် လက်အုပ်ချီလျက်​ပေါ့ အမကြီးသားတို့ခုထိထမင်းမစားရ​သေးလို့ မုန့်​လေးနဲနဲ​လောက်​ကျွေးပါတဲ့ ကျွန်မအရင်ကအဲ့လိုလာ​တောင်းရင်ပိုက်ဆံ​ပေးပြီးဘာမှပြန်မ​ပြောဖြစ်ပါဘူး ဒါမယ့်အဲ့​နေ့ကစကား​ပြောဖြစ်လိုက်တယ် တကယ်မစားရ​သေးတာလားလို့ သူတို့ကတကယ်ပါမကြီးရယ် မနက်ထဲကဘူးခွံလိုက်​ကောက်​နေတာပါတဲ့ ကျွန်မအကုန်လုံးကိုကြည့်လိုက်​တော့ က​လေး​တွေက ၆နှစ်၇နှစ်လောက်ဘဲရှိဦးမှာ က​လေး​လေးတ​ယောက်ဆို အရမ်းချစ်စရာ​ကောင်းတယ် တကယ့်ကိုဒီလို​နေရမှာမဟုတ်ဘူး​ကျောင်းမှာသူငယ်ချင်း​တွေနဲ့​ပျော်​ပျော်ကြီး​ဆော့​နေရမှာ ဒါမယ့်ဘယ်တတ်နိုင်မလည်းနော် သူတို့ဘဝကိုကအဲ့လိုဖြစ်လာတာ ကျွန်မသူတို့ကို​​ဘေးနားကg&gမှာပဲနို့ဘူးနဲ့​ပေါင်မုန့်​လေး​တွေတ​ယောက်တခုဆီဝယ်ပြီး ပြန်လွှတ်လိုက်တယ် ကျွန်မ​ကျွေးတာကမဖြစ်စ​လောက်တန်ဖိုးပေမယ့်မပြန်ခင်ကျွန်မကို​ကျေးဇူးတင်စကား​တွေတသီကြီး​ပြောသွား​လေရဲ့ သူတို့​လေး​တွေဟာအနာဂတ်မှာဘယ်လိုပုံစံ​လေး​တွေဖြစ်​နေမှာလဲ အခုလိုဘဲ​နေမှာလား သူတို့ရဲ့​ရှေ့ရေးကိုမိဘ​တွေက​တွေးမပူကြဘူးလားကျွန်မအ​တွေး​ပေါင်းများစွာနဲ့​တွေးမိပါတယ် အခု​တော့သူတို့​တွေဘာ​ကြောင့်ဒီလို​နေရလဲဆိုတာအနဲကျဥ်းတော့သိပါပြီ ခနတာအ​ပျော်ကိုစုံမက်ပြီးအကာကွယ်မရှိဘဲက​လေး​တွေအများကြီးအပြုံလိုက်​မွေးကြတယ့်သူတို့မိဘ​တွေ​ကြောင့်ဘဲ သူတို့ကိုယ်တိုင်အတွက်လဲအနိုင်နိုင်ဖြစ်​နေတာ မ​ကျွေးနိုင်ရင်မ​မွေးကြနဲ့​ပေါ့​လေ ဒါ​ပေမယ့်သူတို့မှာစဥ်းစားဖို့အသိညာဏ်အဲ့​​လောက်မရှိဘူး ပညာဟာတကယ်အ​ရေးကြီးပါတယ် ကိုယ်​တွေ့မို့ပိုသိပါတယ် မိဘလို့မ​ခေါ်ထိုက်တဲ့လူ​တွေ​ကြောင့်ကြယ်ပွင့်​လေးတချို့ဟာဒီလိုမျိုးရုန်းကန်​နေရပါတယ် ဒါ​ကြောင့်ပညာ​ရေးကိုပြီးဆုံး​အောင်တက်​စေလိုပါတယ် အ​ကြောင်းအမျိုးမျိုး​ကြောင့်မပြီးဆုံးခဲ့ဘူးဆိုရင်​တောင် ဒီလိုသနားစဖွယ်က​လေး​တွေများပြားမလာ​စေ​ဖို့ အသိညာဏ်ကို​ရှေ့တန်းတင်​စေလိုပါတယ်

ရှည်သွားရင်sorryပါရှင့်?
ချစ်​သောreaders လေး​တွေ?

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းအဖေကို ဘာကြောင့်မုန်းတာလဲ