SarPhat Author
Product တစ်ခု ၊ Business တစ်ခုကို Brand တစ်ခုအဖြစ်တည်ဆောက်ဖို့ဝန်ဆောင်မှုပေး ရေးပေးနေရတဲ့ Content Writer တစ်ယောက်ဖြစ်ချင်လို့ပါ။
Content နဲ့ Brand တည်ဆောက်ခြင်းက လုပ်ငန်းကို ဘယ်လောက်ထိရောက်အောင်မြင်စေတဲ့အကြောင်းနှင့်
လုပ်ငန်းရှင်တွေအနေနဲ့ကိုယ့်ကိုတိုင်ဖန်တီးရေးသားရင်ရော ဘာတွေတင်သင့်လဲ ဆိုတာကိုပိုအပြောများပါတယ်။
အဲ့လိုတွေပြောနေရင်းကနေ Content ဟာ လုပ်ငန်းအတွက်အတော်လေးအရေးပါပါလားဆိုတာ သိလာကြတယ်။ မရေးနိုင်ဘူးရေးဖို့အချိန်လည်း မအားဘူးဆိုတဲ့လုပ်ငန်းရှင်တွေက ကျနော့်လို Service ပေးတဲ့ လူတွေဆီကို အပ်ကြတယ်။ ဒါမှမဟုတ် ကျနော့်ဆီအပ်ကြတယ်။
Content Service Industry အတွက် ပိုကောင်းရေရှည်ဖြစ်စေနိုင်သလို
ကိုယ်တိုင်ရေးဖို့ အချိန်ရတဲ့လုပ်ငန်းရှင်တွေအတွက်လည်း လုပ်ငန်းအောင်မြင်ဖို့ Content တွေဖန်တီးပြီး Content Marketing နဲ့ရှေ့ကိုပိုပြေးနိုင်သွားတယ်။
ဘာလုပ်ရမှန်းမသိလမ်းပျောက်နေတဲ့လုပ်ငန်းအသေးစားလုပ်ငန်းရှင်တွေအတွက်နည်းတစ်ခုကိုတွေ့သွားပြီး
အကြီးစားလုပ်ငန်းတစ်ခုဖြစ်ဖို့ အားတွေပိုရှိသွားမယ်လို့လည်းမြင်မိပါတယ်။
လုပ်ငန်းရှင်တိုင်းတွေ့ကြုံနေရတဲ့ ပြဿနာတွေကိုပြောပါဆိုရင်
◽မဖောက်တတ်ဘူး
◽လူဘယ်လိုသိအောင် လုပ်ရမလဲမသိဘူး
◽ Online ပေါ်ကို တက်ဖို့ကြောက်ရွံ့ကြတယ်။
ဒါတွေက Fear တွေဖြစ်ပါတယ်။ ဘာလုပ်ရမှန်းမသိနေရင် Content တွေတင်ပါဆိုတဲ့ အဖြေကိုရှာပေးလိုက်တယ်။ Content လိုအပ်မှန်းသိသွားတယ်။ တင်တယ် အချိန်တစ်ခုရောက်လာတော့ နည်းနည်းသိသာလာတယ်။
အခုမှစတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်ဆီကဝယ်ပါဆိုတဲ့အကြောင်းတွေထိုင်ပြောနေမဲ့အစား ကိုယ့် "Product/Service" အကြောင်း Sale ပိုင်းကိုမသွားသေးပဲ
Brand Awareness, Problem တွေကို ဘယ်လောက်ဖြေရှင်းပေးနိုင်ကြောင်း အဖြေရှာပြီး Content တွေတင်ပြီး
လုပ်ငန်းတစ်ခုအောင်မြင်ဖို့ တည်ဆောက်သင့်ပါတယ်။
Keep Reading