Author's Profile Photo

မြ (စံကားဝါမြေ)

23/03/2024

No ပြောသင့်တဲ့အချိန် No ပြောပါ။

1 min read
Book Review
General Knowledge
18 Again
No ပြောသင့်တဲ့အချိန် No ပြောပါ။'s photo

မြက ဒီနေ့မှာတော့ တက်သစ်စ လူငယ် စာရေးဆရာ "နွေဦးအက္ခရာ" ရေးသားထားတဲ့ "အောင်မြင်ရှေ့ဆက် ဆယ်ကျော်သက်"ဆိုတဲ့ စာအုပ်လေးထဲကနေ မြ သဘောကျမိတဲ့ စာသားလေးတွေကို စာဖတ်သူတွေအတွက် ကောက်နှုတ်ပြီးတော့ ဖော်ပြပေးသွားမှာပါရှင်။

  • No ပြောသင့်တဲ့အချိန် No ပြောပါ။


အာနာမနေပါနဲ့။
အားနာခြင်းရဲ့ နောက်ကွယ်မှာ ကိုယ့်အတွက် ဆိုးကျိုးတွေ ရှိတယ်။
ကိုယ့်ကိုကိုယ် ချစ်သောအားဖြင့်၊ ငဲ့ညှာသောအားဖြင့် No ပြောသင့်တဲ့အချိန် No ပြောပါ။

ဒီစာသားလေးကတော့ မြ သဘောအကျဆုံးပေါ့ရှင်။ ဘာလို့လဲဆိုရင် မြက Noလို့ ပြောတယ်ဆိုတာ မရှိလောက်အောင်ထိကို အားနာတတ်လွန်းတဲ့လူမျိုးထဲမှာ ပါနေပါတယ်။ အဲဒီအခါ နစ်နာခဲ့ရတာတွေလည်း ရှိသလို၊ ကောင်းတာတွေလည်း ရှိခဲ့တာပေါ့။ ဒါပေမယ့် မြ ဒီစာသားလေးကို ဖတ်ပြီးသွားတဲ့အချိန်မှာ မိမိအတွက် ဘယ်လိုမှအဆင်မပြေနိုင်၊ အချိန်မပေးနိုင်တဲ့ ကိစ္စတွေမှာ No ပြောဖို့ သတိရလာတယ်။ No လို့ ပြောမယ်ဆိုရင်လည်း အကောင်းဘက်ကနေ ဘယ်လိုလေး အဆင်မပြေလို့ပါ။ ဘယ်နေရာလေးက ဘာဖြစ်နေလို့ပါ စသဖြင့်ပေါ့။ Noပြောတဲ့အခါမှာ အကောင်းဆုံးနဲ့ နှစ်ဦးနှစ်ဖက်လည်း အဆင်ပြေစေမယ့် စကားချိုလေးတွေနဲ့ ပြောနိုင်လာတာပေါ့ရှင်။ ?

ဆရာနွေဦးအက္ခရာရဲ့ "အောင်မြင်ရှေ့ဆက် ဆယ်ကျော်သက်" စာအုပ်လေး မဖတ်ရသေးလို့ ဖတ်ချင်တဲ့သူတွေအတွက် မြတို့ရဲ့ Black White Libraryလေးထဲက စာအုပ်လင့်လေးကို အောက်မှာ ချပေးလိုက်ပါပြီနော် စာဖတ်သူလေး‌တို့ရေ...

https://t.me/black_white_Library/1558/3513

Author = Nway Oo Akayar 
ကောက်နှုတ်ချက် = *အောင်မြင်ရှေ့ဆက် ဆယ်ကျော်သက်*


စာဖတ်သူလေးတို့ရေ 
SarPhat Applicationလေးထဲမှာ 
မြရဲ့ စာလေးတွေကိုဖတ်၊ အသဲလေးပေးပြီး 
နောက်ထပ်လည်း ဒီထက်မက ‌ပိုမိုကောင်းမွန်တဲ့ 
ရသမျိုးစုံ ခံစားဖို့အတွက် Author = Mya ကိုလည်း 
Follow လုပ်ထားခဲ့ကြပါဦးနော် စာဖတ်သူလေးတို့ရေ ?


#Mya
#SarPhat
#Credit=Nway_Oo_Akayar
23.3.2024(Saturday)

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးစိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတဲ့အကျင့်ဆိုးမေတ္တာမဏ္ဍိုင်လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်