Author's Profile Photo

သျှားမီးငယ်~

17/10/2024

“ကြောင်ကမပျောက် လူကပျောက်”

2 mins read
Psychology
Parenting & Family
Creative
“ကြောင်ကမပျောက် လူကပျောက်”'s photo

မင်္ဂလာပါရှင်၊ဒီဆောင်းပါးလေးက ကျွန်မရဲ့ပထမဆုံးဆောင်းပါးလေးဖြစ်ပါတယ်ရှင်။ကျွန်မတွေ့ကြုံခဲ့ရတဲ့အမှတ်ရဖွယ်ဖြစ်ရပ်လေးတစ်ခုကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ပုံဖော်ပြီးရေးသားဖော်ပြပေးလိုက်ပါတယ်ရှင်။

October 12
ကျွန်မတို့မိသားစုက မေမေ့ဇာတိကို အလည်ပြန်ခဲ့ကြပါတယ်။မေမေက တစ်ပတ်/၁၀ရက်ကျော်လောက်နေမယ်လို့ပြောတဲ့အတွက် အိမ်ကကြောင်လေး မိုမိုကိုပါ အတူခေါ်လာခဲ့ကြပါတယ်။ဖေဖေကတော့မခေါ်ခဲ့နဲ့ထားခဲ့သူ့ရဲ့အစာလေးတွေထည့်ကျွေးပေးခဲ့လို့ပြောပါတယ်။သို့သော်နောက်ရက်တွေကျ အစာငတ်မှာစိုးလို့ နောက်ဆုံး သူ့ကိုပါ အတူခေါ်လာခဲ့ပါတယ်ရှင်။

October 13
မနက်စောစောသျှားအိပ်ယာထထချင်း မိုမိုလေးကိုအစာကျွေးပါတယ်ရှင်။သျှားမျက်နှာသစ်ပီးပြန်လာတော့မိုမိုမရှိတော့ပါဘူးရှင်။တစ်အိမ်လုံးကိုအနှံ့လိုက်ရှာပေမဲ့လည်းဘယ်လိုမှရှာမတွေ့ခဲ့ကြပါဘူးရှင်။အရင်ကဆို “လာ လာ လာ မိုမိုရေ”ဆိုကြားတဲ့နေရာကနေအသံလေးပေးပြီးရောက်လာတတ်တဲ့ကလေးကအစအနလေးတောင်မပေးမရှိပဲပျောက်သွားခဲ့ပါတယ်ရှင်။တစ်အိမ်လုံးတစ်ခြံလုံးလိုက်ရှာပေမဲ့လည်းမတွေ့ခဲ့တာကြောင့်ဖေဖေ၊မေမေနဲ့သျှားတို့ ခြံရဲ့အရှေ့ဘက်နားမှာရှိတဲ့တောကြီးထဲကိုဝင်သွားတာဖြစ်လိမ့်မယ်ဆိုပြီးတောကြီးထဲကိုဝင်ပြီးလိုက်ရှာခဲ့ကြပါတယ်။သျှားတို့တွေဘယ်လိုခေါ်ခေါ်ဘယ်လိုရှာရှာမတွေ့ခဲ့ကြပါဘူး။တောကြီးရဲ့တစ်ဝက်လောက်ရောက်မှာသျှားတို့တွေဆက်မရှာတော့ဘဲပြန်လှည့်လာခဲ့ကြပါတယ်ရှင်။နားထဲမှာလည်းတစ်ချိန်လုံးမိုမို့အော်သံလေးတွေပဲလွမ်းမိုးကြားယောင်နေမိခဲ့ပါတယ်ရှင်။‌အနီးအနားကလူတွေကတော့အိမ်ပြန်သွားတာဖြစ်မယ်လို့ပြောကြပါတယ်။သျှားတို့က ကားနဲ့လာတာကြောင့်နီးတယ်လို့ထင်ရပေမဲ့မိုမို့အတွက်ကတော့အတော်ဝေးလှပါတယ်။အကယ်လို့ပြန်သွားခဲ့တယ်ဆိုရင်တောင် မတော်တဆ ရန်သူမျိုး(၅)ပါးနှင့်တွေ့ခဲ့လျှင်ဆိုတဲ့အတွေးတွေကခြောက်ခြားစရာကောင်းလှပါတယ်ရှင်။တစ်ချို့ကလည်းကပျောက်သွားပါပြီ,ပြန်မလာတော့ဘူးလို့ပြောကြပါတယ်။ဘယ်သူတွေဘယ်လိုပဲပြောနေစေကာမူကျွန်မလက်မလျှော့နိုင်ပါ။နေ့လယ်နေပူပူမှာကျွန်မရေတစ်ခွက်သောက်ပြီးမနက်ကတောကြီးထဲဆီကိုပြန်ဝင်သွားခဲ့ပါတယ်။ကျွန်မလိုက်ရှာပြီးအော်ခေါ်နေပေမဲ့လည်းအသံသဲ့သဲ့လေးတောင်မကြားရဘူးရှင်။ကျွန်မတစ်ချိန်လုံးတွေးတောနေမိခဲ့တာတွေက“ငါ့ကြောင့်,ငါ့ကြောင့်မိုမိုလေးခုလိုပျောက်သွားခဲ့ရတာ၊ဒီချိန်ဆိုကလေးလေးနေရာဒေသစိမ်း၊လူစိမ်းတွေကြားဘယ်လောက်တောင်ကြောက်နေလိုက်မလဲ၊ဗိုက်တွေဘယ်လောက်တောင်ဆာနေမလဲ၊ဖေဖေ့စကားကိုနားထောင်ပီးထားခဲ့ရင်အခုလိုဖြစ်မှာမဟုတ်ဘူး”ကိုယ့်ကိုယ်ကိုယ်သာအပြစ်တွေအထပ်ထပ်တင်နေခဲ့မိသည်။တဖြည်းဖြည်းဆက်လျှောက်လာရင်းတောကြီးရဲ့တစ်ဝက်ကိုကျော်လွန်ခဲ့ပြီ။နောက်ကိုပြန်လှည့်ကြည့်တော့လည်းကျွန်မမိုမို့ကိုရှာလာခဲ့တာအတော်ဝေးဝေးကိုရောက်နေခဲ့ပြီ။ထိုအချိန်မှပြန်စဉ်းစားမိသည်ကတောကြီးထဲမှာကျွန်မတစ်ယောက်ထဲသာဖြစ်သည်။ဘယ်သူဘယ်ဝါမှလည်းမတွေ့။ကြောက်စိတ်တို့မှာအနည်းငယ်ဖြစ်လာသည်။မိုမို့ကိုအော်ခေါ်သော်လည်းရှာသော်လည်းမတွေ့။ကျွန်မပြန်လှည့်မယ်စိတ်ကူးလိုက်သည်။ဒါပေမဲ့ခွေးဟောင်သံကြီးများကြားနေရသည်။ဒါ့ကြောင့်ကျွန်မမိုမို့ကိုစိတ်ပူ၍တောကြီးထဲကိုဆက်သွားမယ်လို့ဆုံးဖြတ်လိုက်သည်။ပါးစပ်ကလည်းကိုယ့်ကိုယ်ကိုယ်တဖွဖွအပြစ်တွေတင်နေမိသည်။ရင်ဘက်ထဲထိနင့်နေအောင်ခံစားရပါသည်။ခဏလောက်ကျွန်မထိုင်ပြီးငိုနေခဲ့မိသည်။နောက်တော့ဆက်လျှောက်လာပြီးအော်ခေါ်ရင်းရှာခဲ့သည်မှာတောကြီးရဲ့အဆုံးလမ်းမဆီသို့ရောက်သွားခဲ့သည်။သျှားလည်းအိမ်ဆီကိုပြန်လာခဲ့ပါတယ်။သျှားတောကြီးထဲကိုစဝင်လာခဲ့တဲ့နေရာရောက်ခါနီးမှာသျှားအကိုဝမ်းကွဲကသျှားကိုစိတ်ပူပြီးလိုက်လာခဲ့တာကိုတွေ့လိုက်ရမှသျှားတောကြီးထဲမှာအချိန်အတော်ကြာသွားမှန်းတွေးလိုက်မိသည်။ဟုတ်ပါသည်လေသျှားအိမ်ပြန်ရောက်လို့နာရီကြည့်လိုက်တော့3:10PMတောင်ရှိနေလေပြီ။သျှား စ ထွက်ခဲ့တာကနေ့လယ်နေပူပူချိန်ကဖြစ်သည်။
ည၇နာရီကျော်လောက်မှာမေမေကထပ်ပြီးမိုမိုကိုရှာပါသေးသည်။ထိုအခါမှအခန်းထဲကအသံလေးသဲ့သဲ့ထွက်လာသည်။ထပ်ပြီးခေါ်တော့အသံလေးထပ်ထွက်လာပြီးပုန်းနေခဲ့သည်။သေချာပြန်ရှာကြည့်တော့မှ အခန်းထဲကပုန်းလေးထဲမှာဝင်ပုန်းနေခြင်းသာ။ကျွန်မတို့လည်းသူ့ကိုခေါ်ပီးအစာတွေကျွေးပြီးရေတိုက်လိုက်သည်။ဝမ်းသာလွန်းလို့တစ်အိမ်လုံးမျက်ရည်တွေတောင်ဝဲရပါတယ်။ကျွန်မဒေါ်လေးက“ကြောင်ကမပျောက် လူကပျောက်နေကြတာ”လို့ပြောတော့ ကျွန်မတို့တွေပြုံးရယ်နေမိပါသည်။ဟုတ်ပါတယ်လေ မိုမိုသည်ဘယ်မှမသွားဘယ်မှမပျောက်ပါ။နေရာဒေသစိမ်း၊လူစိမ်းတွေကြားမှာကြောက်လန့်ပြီးအခန်းထဲကပုံးလေးထဲမှာဝင်ပုန်းနေခြင်းသာဖြစ်သည်။ကျွန်မလည်းမိုမို့ကိုပွေ့ချီပြီး မိုမို"နဲ့အကြိမ်ကြိမ်အခါခါခေါ်ပြီးဝမ်းနည်းဝမ်းသာပီတိတွေဖြာရပါသည်။“ကြောင်ကမပျောက်၊ လူကပျောက်” ဆိုတဲ့စကားက ကျွန်မတို့ရဲ့ တစ်နေ့တာအဖြစ်အပျက်ကို အလွန်ကြည်နူးစေခဲ့ပါတယ်။ထိုနေ့ညကတော့သျှားတစ်နေ့လုံးရဲ့အဖြစ်အပျက်တွေကိုပြန်တွေးမိလိုက်ပြုံးရယ်နေလိုက်နဲ့သာဖြစ်နေပါတော့တယ်ရှင်။

စာဖတ်သူအားလုံးအပေါင်းကို အစဉ်လေးစားစွာ ကျေးဇူးတင်လျက်.......?

?️~သျှား
{17.10.2024}

#SARPHAT

Keep Reading

ပြည်ထောင်စုနှင့်စာပေအချိန်က အရာရာကို မကုစားပါUniverse’s Energy and Frequencyကိုယ့်ပျော်ရွှင်မှုတွေကို တခြားသူဆီကနေ မျှော်လင့်မိတဲ့အခါကျေးဇူးတင်စိတ်နှင့် အသိအမှတ်ပြုခြင်း (Gratitude & Appreciation)ပူဆွေးသောကများကို ရင်ဆိုင်ခြင်းသူ့ဖိနပ်လေး ကျွန်တော်စီးကြည့်တဲ့အခါသနားကြင်နာခြင်းသည် နေရာရွေးသလောကွယ်ဝှက်ထားသော စိတ်ဒဏ်ရာများGaslighting ဆိုတာ?