မောင်နိုင်အေး
မန္တလေးလမ်းတွေကို မှတ်ရ ခက်လို့ဆိုပြီး တအားရှုပ်ထွေးနေကြတယ်။ တကယ်က လွယ်လွယ်လေး။ ကိုယ်တွေ ကျောင်းတက်တုန်းကဆို ဒီလိုသွားတာ။
မန္တလေးသားတွေ ပြောတဲ့ တောင်တွေ မြောက်တွေ ဘာမှ အရေးမစိုက်နေနဲ့။ ဆိုင်ကယ်ခေါင်း ဘယ်အရပ် ရောက်နေနေ ရောက်တဲ့နေရာကနေ ဆက်သာ မောင်းသွား။ တစ်ပြနေရင် လမ်းထောင့်က ဆိုင်းဘုတ်ကို ကြည့်လိုက်။ တစ်ပြကို တစ်လမ်း တိုးတာနဲ့ လျော့တာပဲ ရှိတာ။ ကိုယ့်နေရာကနေ တစ်ပြလောက်သွားလိုက်ရင်ကို ရှေ့တိုးရမှာလား နောက်ပြန်ဆုတ်ရမှာလား သိနေပြီ။
ဥပမာ လမ်း ၈၀ x ၃၅ လမ်း ဒေါင့် သွားမယ်ပေါ့။ ကိုယ်ရောက်နေတဲ့ နေရာကနေ ဒေါင်လိုက်နေနေ အလျားလိုက်နေနေ သွားမယ့်လမ်းဆီ တစ်ပြချင်းစီ ချဉ်းကပ်သွား။ ၇၈ လမ်း ရောက်နေရင် နှစ်ပြတိုးလိုက်။ ကုန်းတံတားရှိရင် တက်သွားလိုက် တက်မရရင် အောက်ကသွားလိုက် ကျော်သွားရင် နောက်ပြန်ဆုတ်လိုက် ရှင်းရှင်းလေး။
ကိုယ်သွားမယ့်လမ်းက ဝေးလာလား နီးလာလား မျက်လုံးလေးနဲ့ ကြည့်။ မျက်လုံးပါရင် သွားလို့ရနေပြီ။ မန္တလေးလောက် သွားရလွယ်တဲ့မြို့ တစ်ခါမှ မတွေ့ဖူးသေးဘူး။ ချဲတွေ နှစ်လုံးထီတွေသာ ခဲတံ တံတွေးဆွတ်ပြီး ပါဝါတွေ နက္ခတ်တွေ အတိတ်စိမ်းတွေ တွက်တတ်ကြတာ။ ဒီဂဏန်းလေးတွေ တစ်ပေါင်း တစ်နှုတ် ကျတော့ မလုပ်တတ်ကြတော့ဘူးတဲ့။ အဆန်းကြီးတွေ။ (ရွှန်းမီမီထက်)
အောက်မှာ ဖော်ပြထားတာကတော့ မန္တလေးသားတွေ အရှေ့အနောက် တောင်မြောက်နဲ့ ရှင်းပြထားတာပါ။
ငါပြောမယ် မန္တလေး လမ်းတွေက သိသွားရင် သွားရတာ လွယ်လွယ်လေး။ ကျုံးရှိတယ်မို့လား ကျုံးကို ရှေ့နောက်တောင်မြောက် ၄ ဘက်ရှိတယ်ကွာ.. တရိစ္ဆာန်ဥယျာဉ်ရှိတဲ့ဘက်က ကျုံးမြောက်ဖက်လို့ တရားသေမှတ်လိုက်ရင်.. ကျန်တဲ့ မျက်နှာချင်းဆိုင်ဘက်က တောင်ဘက်.. မြောက်ကနေ တောင်ဘက်ကို မျက်နှာလှည့်ဆိုရင်.. ဘယ်ဘက်ခြမ်းက ကျုံးအရှေ့ဘက်ကွာ.. အရှေ့ဘက်ကိုသိရင် မျက်နှာချင်းဆိုင်က ကျုံးနောက်ဘက်ပေါ့။
လမ်းတွေက လွယ်ပါတယ်.. အရှေ့ဘက်ကိုသွားရင် ၁ နှုတ်၊ အနောက်ဘက်ကိုသွားရင် ၁ ပေါင်း၊ မြောက်ကနေ တောင်ဆို ၁ ပေါင်း၊ တောင်ကနေ မြောက်ဆို ၁ နှုတ်၊ ဥပမာ လမ်း ၈၀၊ ၁၄ လမ်းနဲ့ ၁၅ လမ်းကြားဆိုကွာ အနောက်ဘက်ကျုံးသွားရမှာ၊ ၁၂ လမ်း ၇၈ နဲ့ ၇၉ လမ်းကြာဆို မြောက်ဘက်ကျမှာ၊ ၂၆ လမ်း ၇၇ နဲ့ ၇၈ လမ်းကြားဆို တောင်ဘက်၊ ၆၆ လမ်း ၁၉ လမ်းဆို အရှေ့ဘက်ကျမှာကွာ သိလား။
လွယ်လွယ်လေး အပေါင်းအနှုတ်တတ်ရင် ရပြီ။ လေးတောင့်စက်စက်ကြီးကွာ အရမ်းလွယ်တယ်။ မင်းတို့သိထားရမှာက သိပ္ပံလမ်းပြီရင် လာမဲ့လမ်းတွေက ၁၀၁ တွေ ၁၀၂ တွေပဲ။ (ရွှေရည်ဝင်း)
#မန္တလေး
#သိပ်ပံလမျး
#ကျုံး
Keep Reading