LY Cho
ဘယ်တော့မှ အတိတ်ထဲမှာပိတ်မိနေတဲ့ အကျဉ်းသားမဖြစ်ပါစေနဲ့။
အတိတ်ဆိုတာ သင်ခန်းစာတစ်ခုဖြစ်ပြီးသင့်ကိုတစ်သက်တစ်ကျွန်း ထောင်ချလိုက်တာမဟုတ်ပါဘူး။
အတိတ်...အတိတ်...အတိတ်....စကားလုံးလေးကသာ တိုတာ။ အမှတ်တရတွေအများကြီး။ကျွန်မတို့ လူသားတွေကလည်း ကောင်းတဲ့အတိတ်ဆို ခက်ခက်ခဲခဲ ပြန်စဉ်းစားနေကြရတာ။မကောင်းတဲ့အတိတ်ဆိုရင် စဉ်းစားစရာမလိုဘဲ ခေါင်းထဲပေါ်လာတတ်ကြတယ်။တွေဝေငေးမောမှုတွေနဲ့ ဘဝကို ဖြတ်သန်းနေသူအများစုဟာအတိတ်ထဲက ရုန်းမထွက်နိုင်သူတွေပါ။
တကယ်တော့ အတိတ်ဆိုတာ ကျွန်မတို့သာ မတွေးကြရင် ကွယ်ပျောက်နေတာ ကြာလှပါပြီ။အတိတ်ဆိုတာ မတည်ရှိတော့ပါဘူး။ဒါဆို ဘာလို့ အတိတ်က ဒီလောက်ပါဝါကြီးနေတာလဲလို့မေးရင် အဖြေက သင်ကိုယ်တိုင် အဲ့ဒီအတိတ်ကို ပြန်သွားပြီး ခေါင်းထဲမှာနေရာပေးထားလို့ပါ။ အဲ့ဒီတော့ အတိတ်က ပါဝါတွေရနေပြီးသင့်ကို ပါဝါပြနေတော့တာပေါ့။ အတိတ်ကိုမေ့ချင်ရင် ဘယ်တော့မှ သူ့ကို ပါဝါမပေးပါနဲ့။
သင်ကိုယ်တိုင် ဘာကြောင့်အတွေးများနေသလဲ ပြန်စဉ်းစားပါ။ မိမိဝါသနာပါရာ လုပ်ပါ။ ကျန်းမာအောင်နေပါ။ ကိုယ့်ကိုယ်ကို မအားအောင်နေပါ။ အချိန်ကြာလာတာနဲ့အမျှ မိမိအလုပ်မှာ ထူးချွန်ပြီး အတိတ်ကို မေ့သွားကြမှာပါ။
ဘဝက ပန်းခင်းလမ်းမှ မဟုတ်တာ။ အတိတ်တုန်းက ရတဲ့ဒဏ်ရာတွေက ပန်းတိုင်သွားတဲ့ လမ်းမှာ ခလုတ်တိုက်ပြီး လဲကျတာပါ။ဒဏ်ရာ ကြီးတာနဲ့သေးတာသာ ကွာတာပါ။ ငိုနေဖို့တော့ အချိန်မရှိဘူးလေ။ဘဝက သင့်ကို အဲ့ဒီလောက်အချိန်အများကြီး ပေးမထားဘူး။ ဆိုးရွားတဲ့အတိတ်ကနေ ရုန်းထွက်ချင်ရင်တော့
✓အတိတ်ကို ပါဝါမပေးပါနဲ့။
✓အခြားသူအပေါ်အပြစ်တင်တာ ရပ်လိုက်ပါ။
✓ပစ္စုပ္ပာန်ကို အချိန်ပေးပါ။
✓ဦးနှောက်ထဲမှာရှိတဲ့အမှိုက်တွေကိုရှင်းပစ်ပါ။(အမှိုက်ရှင်းမှ အနံအသက်ကောင်းမှာပါ)
အတိတ်ဆိုတာ ပြန်မတွေးရင်မတည်ရှိတော့ပါဘူး။
စာရေးသူ-လရောင်ချို
16.10.2024(Wednesday)
Keep Reading