Tin Oo Naung
သုတဓမ္မဒီပလိုမာ ဖြေတာနဲ့ပတ်သက်ပြီး မိတ်ဆွေတယောက်က ကျွန်မကိုမေးဖူးတယ်။ ဘာလို့ဖြေတာလဲတဲ့ ။
_ ကျွန်မသည် ဗုဒ္ဓစာပေတွေကို လေ့လာရတာ နှစ်သက်ပြီး ဒေါသကြီးတဲ့ ကျွန်မရဲ့စိတ်ကို လေးနက်အေးချမ်းအောင် ဓမ္မစာပေတွေက လမ်းပြနိုင်တယ်။ တဖြေးဖြေး ဗုဒ္ဓမြတ်စွာရဲ့ ဥာဏ်တော် ဂုဏ်တော်တွေကို တိုးတိုးပြီး ကြည်ညိုလာတဲ့ ကိုယ့်စိတ်သဏ္ဌန်လေးကို သဘောကျလို့။ တတ်နိုင်သမျှ ဓမ္မအသိကပ်ပြီး သတိလေးနဲ့ နေထိုင်ချင်လို့
_ ကျွန်မသည် ပါချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ကို အရမ်းကြည်ညိုလို့ ပါချုပ်ဆရာတော်ဘုရား ပေးအပ်တဲ့ ဘွဲ့တခုလောက်ရချင်လို့ ဆိုပြီး ကျွန်မဖြေခဲ့ပါတယ်။
ကျွန်မ မဖြေလိုက်တဲ့ နောက်တချက်ကတော့ ကျွန်မကိုယ်ကျွန်မ ရပ်တန့်နေတာမဟုတ်ပဲ အသုံးဝင်တဲ့ လူတယောက်ဆိုတဲ့ ခံစားချက်ကြောင့်ပဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ်တာကာလ အတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် လူတစ်ချို့ အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ် ၊ အသက်မွေးမှု လုပ်ငန်း အပြောင်းအလဲတွေ အများကြီးကြုံခဲ့ရတယ်။ အရှိန်နဲ့သွားနေရာကနေ ချက်ခြင်းရပ်တန့်လိူက်ရတော့ ဟပ်ထိုးလဲကျလုမတတ် ဖြစ်ခဲ့ကြရပါတယ်။ လူတယောက်ရဲ့ Great loss လို့ခေါ်တဲ့ ကြီးမားတဲ့ဆုံးရှုံးရမှုတွေထဲမှာ အလုပ်ပြုတ်ခြင်း၊ ရာထူးကျခြင်း ၊ ဝင်ငွေလည်ပတ်မှု ရပ်တန့်သွားခြင်းတွေဟာ အချက်တခုအနေနဲ့ ပါဝင်ပါတယ်။
အဲဒီလို ကြုံတွေ့ရတဲ့အခါ ယာယီ မသိသာပေမယ့် အချိန်တခုကြာလာတဲ့အခါ အဆိုးမြင်စိတ်တွေ ဝင်လာတတ်ပါတယ်။ တခုခုဆို အဆိုးဘက်ကနေတွေးတာ ၊ မကောင်းတဲ့ဘက်က အရင်တွေးတာတွေ ပိုများလာပါတယ်။ ကိစ္စသေးသေးလေးတွေ အပေါ်မှာ ပုံကြီးချဲ့လာတတ်ကြပါတယ်။ Self -esteem (ကိုယ့်ကိုကိုယ်တန်ဖိုးထားမှု) ကျလာတဲ့အခါ တခါမှမလူပ်ဖူးတဲ့ လုပ်ရပ်တွေပါ သတိမထားမိခင်မှာ ပြုမူမိတတ်ကြပါတယ်။ ကိုယ်က အသုံးမဝင်တော့သလို ၊ လုပ်နိုင်စွမ်းဘာမှမရှိတော့သလို၊ သိမ်ငယ်လာသလို၊ တစ်နေဝင်ဖို့ ထိုင်စောင့်နေရသလို ခံစားချက်မျိုးတွေ ဝင်လာတတ်ပါတယ်။ စိတ်ပျော်နေမှု ရယ် esteem တက်ခြင်းမှာ ပိုက်ဆံကလဲ အစိတ်အပိုင်းတခုအနေနဲ့ပါဝင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့မှာ လောလောဆယ် ဝင်ငွေလမ်းကြောင်း ရပ်တန့်နေတယ် ဆိုပါစို့....။
ကျွန်မတို့ ပျော်ရွှင်ဖို့ ၊ Self esteem တက်ဖို့ ၊ productive ဖြစ်နေတယ်ဆိုတဲ့ လူတယောက်လို ကိုယ့်ကိုကိုယ် ခွန်အားတွေပြည့်နေဖို့ ဘယ်နေရာကနေ စတင်မလဲဆိုရင်
* ကျွန်မတို့ တတ်ကျွမ်းတဲ့ အရာကဘာလဲ
* ကျွန်မတို့ ပတ်ဝန်းကျင်ကို ဘာတွေလုပ်ပေးလိူ့ ရနိုင်မလဲ
* ကျွန်မတို့ရဲ့ အချိန်ကို ဘယ်လိုကုန်ဆုံးမလဲ
* ကိုယ့်ကိုကိုယ် ဘယ်နေရာမှာ ရင်းနှီးမြှုပ်နှံကြမလဲ
* ကျွန်မတို့ လိုချင်တာဘာလဲ
ဒါတွေကို တချက်လောက် ပြန်တွေးကြည့်ပါမယ်။
ကျွန်မတို့ တတ်ကျွမ်းတဲ့အရာကဘာလဲ...။ ဥပမာ ..အလုပ်ပြုတ်သွားတဲ့ ဆရာတယောက်ဆိုပါစို့။ ဝင်ငွေလမ်းကြောင့်တခု ပြန်မရှာနိုင်ခင်မှာ ကိုယ်အနီးအနားက ကလေးတွေကို စာသင်ပေးတာမျိုးလုပ်လို့ရပါတယ်။ ကျွန်မကိုယ်တိုင်လဲ ပိုက်ဆံမရပေမယ့် ကိုဗစ် စတုထ္ထလှိုင်းမှာ ပရဟိတ အနေနဲ့ လူနာလိုက်ကြည့်ပေးခဲ့သလိူ Teleconsultationလဲ လုပ်ပေးဖြစ်ခဲ့ပါတယ်။ သူများကို ကူညီပေးလိုက်လို့ အဆင်ပြေသွားကြ
Unlock to read this premium article with 10 points.