Author's Profile Photo

ထင်လင်း

14/10/2024

“မြန်မာစာပေ မည်သို့ရှိသနည်း”

7 mins read
Novel
“မြန်မာစာပေ မည်သို့ရှိသနည်း”'s photo

ယနေ့ မြန်မာစာပေ တိုးတက်မှုရှိပါသလားဟူသော မေးခွန်းကို ဖြေရာတွင် လူချင်းတွေ့ကြ‘၍ “နေကောင်းလား” ဟူသောအမေးကို ဖြေရသလောက်တော့ လွယ်လွယ်ကူကူ ပေါ့ပေါ့တန်တန်တော့ ဖြစ်မည် မထင်ပါ။စာ‌ပေသည် လူမျိုးတစ်မျိုး၏ အဖက်ဖက်မှ တိုးတက်ထွန်းကားမှုအပေါ်တွင် တည်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေးစသည့် လူမှုကိစ္စ အဝဝတို့သည် အချိုးအစားညီမျှစွာ တိုးတက်ထွန်းကား ပြန့်ပွားလာဓသာအခါတွင် “အနုပညာ”သစ်ပင်ကြီးတွင် စာပေအပါအဝင် အကိုင်းအခက်တိုင်းတို့သည် သစ်ပင်ကြီးနှင့်အတူ ကြီးပွား ထွန်းကားစည်ပင်လာပေလိမ့်မည်။သစ်ပင်ကြီးတစ်ပင် ပေါက်ပွားတိုးတက် စည်ပင်ထွန်းကားလာရေးအတွက် မျိုးစေ့၊ မြေ၊ ရေ၊ လေ၊ နေရောင်တို့သည်အဓိကအကြောင်းများဖြစ်သကဲ့သို့ ထိုအဓိက အကြောင်းအထောက်အပံ့တို့ဖြင့် ပေါက်ရောက် တိုးပွားထွန်းကားလာသည့် သစ်ပင်ကို လူနှင့် သတ္တဝါအများက နင်းခြေဖျက်ဆီးမပစ်စေရန်လည်းကောင်း၊ အဖျက်ပိုးအမျိုးမျိုးတို့ကြောင့် သစ်ပင် မကြီးထွားမီ ပျက်စီးခြင်းသို့ မရောက်စေရန်လည်းကာင်း အထူးပင် အရေးကြီးလေသည်။

စာပေသည် အကိုင်းအခက်တစ်ခုအဖြစ် ပါဝင်သည့် အနုပညာ သစ်ပင်ကြီး ရှင်သန်ကြီးထွား ထွန်းကားရန်အတွက် မျိုးစေ့နှင့် တူသော လူမျိုးတစ်မျိုး၏ “ဗဇ” သည်လည်းကောင်း၊ မြေနှင့်တူ‌သော စာဖတ်ပရိသတ်သည်လည်းကောင်း၊ရေနှင့် တူသော စာ‌ပေရေးသားမှုအတွက် ရရှိအပ်သော ဥာဏ်ပညာပူဇော်ခသည်လည်းကာင်း၊ လေနှင့်တူသော မင်းစိုးရာဇာနှင့် ပြည်သူလူထု၏ချီးမြှောက်မှုသည်လည်းကောင်း၊နေရောင်နှင့်တူသောစာဖတ်ပရိသတ်၏ပညာအရည်အချင်းသည်လည်းကောင်း အရေးပါသော အစိတ်အပိုင်းများ ဖြစ်သည်ဟု ယူသင့်ပေသည်။ဗီဇအားဖြင့် စာပေဖက်၌ ထက်သန် ထွန်းကားမှုမရှိသောလူမျိုးမျာစွာရှိသည်။ ထိုလူမျိုး၌ အခြား အခြားဓသာ အနုပညာရပ်များ။

ဥပမာ အဆာက်အအုံအတတ်၊ ပန်းချီစုတ်ရေဆေးခြယ်ခြင်းအတတ်၊ သီဆို တီးမှုတ်ခြင်းအတတ်၊ ကခုန်ခြင်း၊ သရုပ်ဆောင်ခြင်းအတတ် စသည်တို့၌လည်း ကမ္ဘာအရပ်ရပ်ရှိ အနုပညာရပ်တို့၌ ထွန်းကား ဖြစ်မြောက်သော လူမျိုးတို့၏ အဆင့်ကိုမမီဘဲ သဘာဝအတိုင်း ဖြစ်လာသော “အရိုင်း”ပညာများလောက်သာ ရှိသည်ကိုတွေ့ရမည်။ “အရိုင်း” ဟု ဆိုရာ၌ရုန့်ရင်း ကြမ်းတမ်းသော အခြင်းအရာမျိုးကိုမဆိုလို၊ သဘာဝအတိုင်း ဖြစ်လာသည့် မသွေးမချော အရောင်မတင်ရသေးသည့်“ကျောက်ရိုင်း”သဘောကိုသာ ဆိုလိုပေသည်။ ထိုကျောက်ရိုင်း၌သွေးလိုက်လျှင် အရောင်ဘလက်လက်ထွက်ကာ အရည်အသွေးနှင့် တကွ ကျောက်မျက်ရွဲ ထွက်လာသည့် ကျောက်ရှိသလို
ဘာမျှမထွက်သော ကျောက်မျိုးလည်းရှိသည်။

အရိုင်းအဖြစ်နှင့်ကား တူကောင်း တူရာ၏။စာဖတ် ပရိသတ်သည် ကျောက်သွေးသမားနှင့် တူသည်။(အချို့က စာပေ ဝေဖန်ရေးသမားတို့ကို ကျောက်သွေးသမားများအဖြစ် တင်စားကြသည်။) ကျောက်သွေးသမားသည်ကျောက်ကောင်းတို့၏ အသွင်အပြင် အရည်အသွေးကို လူသာမန်တို့ထက် ပိုမို တတ်သိသူ ဖြစ်ပြီး သွေးရာ၌လည်း စိန်ကောင်း ကျောက်ကောင်းတို့၏ သဘော လက္ခဏာအရပ်ရပ်၌တတ်ကျွမ်းပြီး စေသနာကောင်းထားကာ ကျောက်မျက်၌ ပါရှိသော အရည်ကောင်း၊အသွေးကောင်းကလေးများ မပျက်စီးမဆုံးပါးအောင် သွေးတတ်သည့် ကျွမ်းကျင်မှုမျိုး လိုပေသည်။စာရေးတတ်သူရှိပြီ၊ စာဖတ်ပရိသတ်ရှိပြီ စာပေ ထွန်းကားမည်လောဟု မေးဖွယ်ရှိသည်။

စာပေမှု အနုပညာဆိုသည်မှာလူ၌ အဓိကအကျဆုံးသော လိုအပ်ချက်ကား မဟုတ်ချေ။အခြေခံ အဓိက အကျဆုံးဖြစ်သော စားဝတ်နေမှုတို့ ပြေလည်သော အခါတွင် ထိုထို စားဝတ်နေမှုကိစ္စအဝဝအတွက် အားထုတ်ရသဖြင့် ကိုယ်စိတ် ပင်ပန်း ငြီးငွေ့မှုကို ဖြေဖျောက်ရန်အတွက် လိုအပ်လာသော အရာများသာ ဖြစ်ပေသည်။ထိုသို့ ကိုယ်စိတ်ပင်ပန်း ငြီးငွေ့မှုများကို ဖြေဖျောက်ရန်အတွက် လေကောင်း လေသန့် ရေကောင်း ရေသန့်နှင့် သာယာသော သဘာဝ ရှုခင်း မြင်ကွင်းတို့ကို ငြိမ်သက်စွာ ခံစားချိန်ရလျှင် လန်းဆန်း ကြည်လင်၍ လာတတ်သော်လည်း ထိုကဲ့သို့သော အရာများက အခါခပ်သိမ်း၊ အချင်းခပ်သိမ်း ရရှိနိုင်သည် မဟုတ်၍ အနုပညာဖန်တီးမှုများဖြင့် အစားထိုးခံစားကြရသည်ဟု အဆိုရှိသည်။

ထိုသို့ လူ၏ ကိုယ်စိတ်နှစ်ပါး ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေသည့် အစွမ်းသတ္တိရှိသော အနုပညာဖန်တီးမှုကိုကား လူတိုင်းက လုပ်တတ်သည်ဟု မဆိုသာချေ။ တတ်ကျွမ်း‌သော သူများက လက်မှုဖြစ်စေ၊ နှုတ်မှုဖြစ်စေ ကျင်လည်စွာ ထုတ်ဖော် ပြသနိုင်သူများအား ယေဘုယျအားဖြင့် “အနုပညာသည်”ဟု ခေါ်ဆို၍ ထိုသူများ၏ ဖန်တီးမှုအရပ်ရပ်ကို “အနုပညာ' ဟု ခေါ်ဆိုကြပါသည်။စာပေရေးရာတွင် အနုပညာဖန်တီးမှုသဘောတို့ကား”ရသ”ဟု ခေါ်ဆိုအပ်သော “ခံစားမှု” ပင်ဖြစ်၍ လူတို့၏ သဘာဝဖြစ်သော ချစ်ခြင်း၊ မုန်းခြင်း၊ စိတ်ဆိုးခြင်း၊ ဝမ်းနည်းခြင်းစသည် စိတ်လှုပ်ရှားမှုတို့ကို အခြေအနေအလိုက် စာဖြင့်ရေး၍ဖော်ပြတတ်သူအား “စာပေဆိုင်ရာ အနုပညာရှင်” ဟု ခေါ်ဆိုနိုင်မည် ထင်ပါသည်။

ထိုသို့သော အစွမ်းအစမါရှိသည့် “ဗီဇ”သည် မြန်မာစာပေလောကမှ စာပေပညာရှင်ဟု ကျော်ကြားသည့် ပုဂ္ဂိုလ်များတွင် မည်မျှပါခဲ့ကြောင်း .. သူတို့ ရေးသားခဲ့သည့်စာများတွင် တွေ့ခဲ့ကြရသည်ကို အကဲခတ်ရပါလိမ့်မည်။ထိုကဲ့သို့ စာပေဆိုင်ရာ ဖန်တီးမှုစွမ်းအားရှင် စာဆိုများ၌“ရသ” စာပေကို ဖော်ထုတ်နိုင်သူများ မြန်မာစာပေလောက၌များစွာ ရှိခဲ့သည်ဆိုလျှင် ထိုရသစာပေတို့ကို ဖတ်ရှု နားလည်ခံစားတတ်ခသာ စာဖတ်ပရိသတ်သည် မည်ကဲ့သို့သော အသိဥာဏ်ပညာ အဆင့်ရှိသူများဖြစ်လေသနည်းဆိုသည်ကို ဆင်ခြင်ရပါဦးမည်။ထိုမှ တစ်ပါး စာပေသမိုင်းတွင် ပေါ်ထွန်းခဲ့သော ပညာရှင်တို့သည် မည်ကဲ့သို့သော ပုဂ္ဂိုလ်များဖြစ်လေသနည်း။ ထိုသို့
ဆင်ခြင်ရာတွင် စာဆိုတို့သည် မည်သို့ အသက်မွေးဝမ်းကျောင်းမှုမျိုးဖြင့် နေထိုင်ခဲ့ကြသနည်း။ မြန်မာစာပေသမိုင်းတွင် ထင်ရှားခဲ့သောစာဆိုတို့သည် ရဟန်းဘော်များ၊ မင်းမှုထမ်းများ၊မိဖုရားများ၊ နန်းတွင်းသူများသာ ဖြစ်သည်ကို တွေ့နိုင်သည်။

လူသာမန်ထဲက စာဆိုပေါ်ပေါက်လာခြင်း မရှိမဟုတ် ရှိသည်။သို့သော် လူနည်းစုံမျှသာ ဖြစ်သည်။ စာပေဗဟုသုတရှိ၍ မင်းပေါက် စိုးကြားဖြစ်ကာ အခြေအနေ တိုးမြင့်သွားသူတို့လည်းရှိခဲ့သည်။ သို့သော် စာပေဖြင့် အသက်မွေးသူ မရှိခဲ့ဟု ဆိုရမည်။ မြန်မာစာပေသမိုင်းတစ်လျှောက် ထွန်းကားခဲ့ သော စာပေတို့မှာ ထီးသုံးနန်းသုံး ထီးသံ နန်းသံပါ၍ ဘုန်းတော်ဘွဲ့များသာ များပြီး လူသာမန်တို့၏ အကြောင်းကို ဝန်ကြီးပဒေသရာဇာတို့ လက်ထက်ကျမှ ပေါ်ပေါက်လာဟန်ရှိသည်။လူထုအတွက် စာပေတို့သည် နှောင်းခေတ်တွင်မှ ပေါ်ပေါက်လာသည်။ လူအများစုစာမတတ်ခြင်းသည်လည်း လူထုအတွက် စာပေမရှိခြင်း၏ အကြောင်းဖြစ်မည်။ စာတတ်သူတို့သည် ဆင်းရဲ ချမ်းသာမရွေး ထီးသံ နန်းသံ မဟာဆန်ဆန်စာများကိုသာ စာပေအဖြစ် နှစ်သက် လက်ခံ ဖတ်ရှုခဲ့ကြသည်။ကျွန်တော်တို့ စာဖတ်တတ်သည့် အရွယ်သို့ ရောက်သောအခါကာလပေါ် ဝတ္ထုဆန်းများ ပေါ်လာပြီဖြစ်သည်။

ထိုဝတ္ထုဆန်းများကို ကျွန်တော်တို့ အလွန်ကြိုက်ခဲ့သော်လည်းလူကြီးများက မကြိုက်၊ စာမှာ လေးနက်မှုမရှိ။ ပေါ့ပျက်ပျက်နိုင်လှသည်ဟု ဆိုကာ ကျွန်တော်တို့ ဖတ်သည်ကို ပိတ်ပင်တားမြစ်ခဲ့သည်။ “မင်းတို့ခေတ်စာတွေက ဘာပညာဘာဗဟုသုတမှ မပေးနိုင်ဘူး။ လူငယ် လူရွယ်တွေ့၍ စိတ်ကို နှိုးဆွပေးပြီး ပျက်စီးအောင်လုပ်တဲ့ စာတွေပဲ၊ မဖတ်နဲ့" ဟု ဆိုခဲ့ကြသည်။ ကျွန်တော်တို့ ခိုးဖတ်ခဲ့ရသည်။ယခု ကျွန်တော်တို့ ကိုယ်တိုင် လူကြီးဖြစ်လာကြသောအခါကျွန်ဘော်တို့ ငယ်စဉ်က လူကြီးတွေ ဘာကြောင့် ကျွန်တော်တို့အား ခေတ်ပေါ်စာမဖတ်ရန် တားပါလိမ့်မည်နည်း ဆိုသည်ကို နားလည်လာသည်။ “စာပေ” သည် ကမ္ဘာအရပ်ရပ် နိုင်ငံတကာတွင် ဤသဘောရှိသည်။ မျိုးဆက်တစ်ခုနှင့်တစ်ခုအကြား“ကွာဟချက်’သည် အကြောင်းရင်းဖြစ်ပေသည်။

ထို့ကြောင့်လူကြီးများက စာပေဆုတ်ယုတ်နေသည်ဟုဆိုလျှင် လူငယ်များက စာပေတိုးတက်သည်ဟုဆိုကြသည်။ ဘယ်သူမှန်သည်ဟူသော အဆုံးအဖြတ် ပေး၍မရ။ သို့သော် တစ်ခေတ်နှင့်တစ်ခေတ် စာပေက တိုင်းပြည်နှင့် လူမျိုးတို့၏ အကျိုးကျေးဇူးကို မည်မျှ အထောက်အပံ့ ပြုသနည်းဆိုသည်ကိုကြည့်လျှင်ခေတ်တစ်ခေတ်၏ စာပေတိုးတက်မှု ဆုတ်ယုတ်မှု အခြေအနေကို အကဲခတ်သာပါလိမ့်မည်။စာပေသည် လူမှုကိစ္စ အဝဝတွင် အထောက်အကူပြုသည်။အသိဥာဏ်၊ အမြင်ဥာဏ်ကို ပွင့်လင်းစေသည်။ တွေးတောကြံဆမှုအတွက် အားဆေးသဖွယ် ဖြစ်သည်။ ထိုသို့ဖြစ်ခြင်းကြောင့် စာပေ ပြုစုသူတို့သည် အသိဥာဏ် အမြင်ဥာဏ်ကိုကောင်းသော အာရုံဘက်သို့ လှည့်ပေးရန်လည်း လိုသည်။

တွေးတောကြံဆမှုကိုလည်း ကောင်းသော တွေးတောကြံဆမှုဖြစ်အောင် လုပ်ပေးရန်လိုသည်။ ကျွန်တော်တို့၏ စာပေသမိုင်းတွင် ယနေ့ခေတ်အထိ ထင်ရှားသော စာပေပညာရှင်တို့သည် အသိဥာဏ် အမြင်ဥာဏ်ကို ကောင်းသောအာရုံဘက်သို့လှည့်၍ဉီးတည်ခဲ့ခြင်းမည်မျှရှိခဲ့သည်ကိုစိစစ်ကြည့်ရန်လိုပါသည်။စာဖတ်သူတို့ကောင်းသော တွေးဘာကြံဆမှုများကိုပြနိုင်ရန်မည်မျှ အာရုံပြုခဲ့ကြသနည်း ဟူ၍လည်း ကြည့်ရန်လိုပါလိမ့်မည်။ကျွန်တော်က မိတ်ဆွေစာရေးဆရာတစ်ယောက်နှင့် ဤစကားများကို မပြောမိရာ “ကျုပ်တို့ ရသစာပေရေးရာမှာ
ကျောင်းဆရာလို စာသင်ပေးလို့ရမလား၊ ဆုံးမစာတွေ ဆောင်ပုဒ်တွေနဲ့ ဝတ္ထုရေးလို့ ဘယ်ရနိုင်ပါ့မလဲ” ဟု ပြောဖူးသည်။

ကျွန်တော် ပြောသည့်စကားကို သူနားလည်ပုံ လွှဲမှားသွားသလား။ ကျွန်တော် ပြောပြပုံကပင် မရှင်းလင်း၍လား၊သို့မဟုတ် သူ့တွင် 'ရသစာပေသည် ပညာပေ၊ စာမျိုးမဟုတ်ဟု စွဲလမ်းယုံကြည်မှုကြောင့် 'ရသစာပနှင့် ပညာပေ၊' တို့ကိုပြဒါးတစ်လမ်း သံတစ်လမ်း သဘောထားလေသလားတော့မသိ။ ကျွန်တော်၏စကားနှင့် သူ့စကားတို့သည် နားလည်သော လူနှစ်ယောက် တွေ့စဉ် ပြောကြသည့် စကားများကဲ့သို့ဖြစ်နေခဲ့သည်။တကယ်က ကျွန်တော်ပြာလိုသည်မှာ စာဖတ်သူအား“ကောင်းသော အာရုံဘက်သို့ဆွဲကာ ကောင်းသောတွေးတော ကြံဆမှုများကို ပြုစေရန်’ ဟု ဆိုရာတွင် ကျောင်းမှာ စာသင်သလို ဆုံးမစာမျိုးကို ဆောင်ပုဒ်နှင့် သင်ခန်းစာနှင့်ပေးရန် မဟုတ်ပါ။ မိမိရေးသောစာသည် စာဖတ်သူအား ´ မကောင်းသည့်အာရုံ ဝင်စားစေမည်ဆိုပါက ဆင်ခြင်သင့်သည်ဟူ၍သာ ဆိုလိုပါသည်။ အရှိန်ကောင်းကောင်းနှင့် မောင်းလာသည့်ကားသည် ကလေးများ ကျောင်းနားမှ ဖြတ်သွားသောအခါ ဘရိတ်အုပ်သင့်သည်ဆိုသကဲ့သို့ နုနယ်သော စာဖတ်ပရိသတ်အဖို့ အသိအမြင် အတွေးအခခါ်ကို မသင့်သည့် ဘက်၌ မကျက်စားမိစေရန် သတိရှိဖို့ လိုပါလိမ့်မည်။

လူ့လောကထဲ၌ အရွယ်ရောက်လာစ ငယ်ရွယ်သူတို့သည်သစ်ပင်တစ်ပင်၏ ထွက်သစ်စ အညွှန့် အဖူးများပမာ လှပသလိုပင် နုနယ်သည့်သဘောရှိသည်။ လန်းဆန်းလွယ်သလိုပင် ညိုးနွမ်းလွယ်သည်။ ကြီးထွားလွှယ်သလိုပင် ပိုးကိုက်ခံရပြီး ပျက်စီးလွှယ်သည်။ ဤအရွယ်သည် စာအဖတ်ဆုံးအရွယ်ဖြစ်၍ သဘာဝအားဖြင့် သူတို့နှစ်သက်သည့်. စာများသည် သိင်္ဂါရ ရသမြောက်သော အချစ်ဝတ္ထုများ၊ ဖိုမ လိင်ကိစ္စများလှုပ်ရှားတက်ကြွသော အတွေးအမြင်များဖြစ်သည်။ငယ်ရွယ်သူများ မဖတ်ရဟု တားမြစ်၍မရ။ ထိုသို့တားမြစ်ခြင်းသည်လည်းသူတို့အား ပိုမိုဖတ်ချင်အောင် နှိုးဆွပေးသလိုဖြစ်ပြီး ခွင့်မပြုစာအုပ်များ ခိုးဖတ်ရသည့်အရသာကို ပိုမိုနှစ်သက်လာတတ်သည်။ စာရေးသူတို့သည် ထိုအခြင်းအရာကို အထူးဂရုစိုက်၍အထက်၌ ကျွန်တော်ဆိုခဲ့သည့် မကောင်းသော အာရုံကိုဖြစ်စေသည့် စာများကို ရှောင်ကြရမည်ဖြစ်ပါသည်။

ကမ္ဘာ့နိုင်ငံများစွာ၏ စာပေပညာရှင်များကို လေ့လာကြည့်လျှင် အချို့နိုင်ငံတို့၌ ဤအချက်ကို အထူး သတိထား၍ ရှေးကြသည့်စာရေးဆရာများရှိသလိုပင် အခြားနိုင်ငံများ၌ဆယ်ကျော်သက်တို့ ကျက်စားရာအာရုံများကို သင့်မသင့် ချိန်ဆခြင်းမရှိ ဖောဖောသီသီပေးကြသည်ကိုတွေ့ရသည်။ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး၏ စာပေတိုးတတ်ထွန်းကားမှုအခြေအနေကို အကဲခတ်ရာတွင် စာပေပြုစုသူတို့
မည်မျှတာဝန်သိ၍ မည်မျှ စည်းစောင့်ကြသည်ကိုလည်း ထည့် တသွင်း စဉ်းစားရပါလိမ့်မည်။အချစ်အခင်ကိစ္စ၊ လိင်ကိစ္စ ဖောဖောသီသီ ထွန်းကားသည့် နိုင်ငံတွင် စာပေထွန်းကားသည် ဆို၍ မရနိုင်ပါ။ စာပေ၏ တာဝန်သည် ထိုကိစ္စများ၏ နယ်နိမိတ်ကို ကျော်လွန်လွှမ်းမိုးရပါမည်။

စာပေနယ်ပယ်ကို ကျယ်ကျယ်ဝန်းဝန်း ဖြန့်၍မထားဘဲ အများကြိုက်၊ လူငယ်ကြိုက်၊ ခေတ်ကြိုက် ပေါ်ပင်စာများကိုသာ လိုက်ရေးနေကြပါက အပင်ငယ် မစည်ပင် မထွန်းကားမီ အရွက်အသီး အပွင့်တို့ကို ဈေးကောင်းရသဖြင့်ခူးရောင်းနေကြသဖြင့် အပင်ကြီးထွားသန်မာမှ မရှိတော့ဘဲတုံးသွားနိုင်သကဲ့ပင် စာပေလောကမှ အနုပညာရှင်တို့သည်ငါးပွက်ရာငါးစာချဆိုသလို ပေါ်ပင်ကို လိုက်၍ ရေးသား နေကြသဖြင့် စာပေ ကြီးထွားရှင်သန်မှုမရှိတောဘဲ’တုံး'သွားနိုင်သည်ကို ဆင်ခြင်ရပါမည်။ ဤအကြောင်း အချက်များဖြင့် တိုင်းတာချင့်ချိန်ကြည့်လျှင် ကျွန်တော်တို့၏မြန်မာစာပေသည် မည်မျှထွန်းကားတိုးတက်သည်ကို သိနိုင်ရာပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် `စာပေ ဆုများ နှစ်စဉ် ချီးမြှင့်ခြင်း၊ စာဖတ်ပရိသတ်အနေဖြင့် စာပ ပညာရှင်များအားလေးစားချစ်ခင် ရှေ့တန်းတင်မှုသည်လည်း စာပေထွန်းကားတိုးတက်ရေး သစ်ပင်ကို ရေလောင်းပေးသည်နှင့် တူပါသည်။ဤနှစ်ခုစလုံး၌ ကျွန်တော်တို့ မြန်မာစာပေ ရှင်သန်ကြီးထွားမှုတွင် မည်မျှအထောက်အကူ ဖြစ်ခဲ့သနည်း ဆိုသည်ကိုလည်းဆင်ခြင် သုံးသပ်ရာပါသည်။စာဖတ်ပရိသတ်၏ စာဖတ်မှု အရည်အသွေးသည် စာပေတိုးတက်ထွန်းကားမှုတွင် အဓိကကျသော အကြောင်းအချက်တစ်ရပ်ဖြစ်ပါသည်။

ကျွန်တော်တို့၏ စာဖတ်ပရိသတ်သည် မည်ကဲ့သို့သော “စာ”မျိုးကို နှစ်သက်လက်ခံ ဖတ်ရှုကြသနည်းဆိုသည်ကို အကဲခတ်ရပါလိမ့်မည်။ ထိုသို့ အကဲခတ်ရာတွင် စာမျိုးစုံကို စာရင်းဇယားများပြုလုပ်၍ မည်သည့် စာမျိုးကိုမည်သည့်ဥာဏ်ရည်အဆင့်အတန်းရှိသူများက မည်မျှ အတိုင်းအတာအထိ ဖတ်ရှုကြသည် ဆိုသည်ကို ယေဘုယျသဘောဖြစ်စေ လေ့လာကြည့်ရှုကာ ကျွန်တော်တို့၏စာပေ တိုးတက်မှအခြေအနေကို သိရှိနိုင်ပါသည်။ထိုသို့ စာပေတိုးတက်မှု ရှိမရှိကို ဆင်ခြင်ရာတွင် မိမိ၏အလိုဆန္ဒအတိုင်း တိုးတက်သည်ဟု ထင်ရုံဖြင့်လည်း တိုးတက်ပါသည်ဟု မဆုံးဖြတ်လိုက်နှင့်ဦး။

လူပြောသူပြောဖြင့်လည်းတိုးတက်လျက်ရှိသည်ဟု မဆိုလိုက်နှင့်ဦး။ အစဉ်တစိုက်ထွက်ပေါ်လျက်ရှိသော စာအုပ်များကိုကြည့်၍ ကြီးပွားထွန်းကားနေသည်ဟု မယူဆနှင့်ဦး၊ စာကြီးပေကြီးတွေ ခေတ်စားလာသည်ဟု ဆိုရုံဖြင့်လည်း စာ‌ပေအခြေမြင့်ပြီဟူ၍ မမှတ်ယူနှင့်ဦး။ နိုင်ငံခြားစာပေများ၏ အဆင့်ကိုမီပြီဟူ၍လည်း စံထိုးမကြည့်လေနှင့်ဦး။ (တကယ်က စံဆိုသည်မှာ ကိုယ့်စာနှင့်ကိုယ်တိုးသည့် စံမျိုးကိုသာ ယူသင့်သည်) ဘာသာပြန်စာပေများကိုအမှီပြု၍ တိုးတက်သော အတွေးအခေါ်များရလာကြပြီ ဟူ၍လည်း မှတ်ချက်မချနှင့်ဦး။

မိမိ၏စာပေသည်တကယ် တိုးတက်ထွန်းကားလျက် ရှိမရှိကို အကြောင်း အချက်များစွာဖြင့် ထောင့်စေ့အောင် ကြည့်ရှု စစ်ဆေးပြီးမှ ပုံမှန်တိုးတက်မှု အခြေအနေကိုကြည့်ကာ လိုရာဆွဲမတွေးဘဲ မတိုးတက်သေးလျှင် တိုးတက်အောင်၊ တိုးတက်နေပြီဆိုလျှင် တိုးတက်သည်ထက် တိုးတက်စည်ပင်အောင် လုပ်ဆောင်ကြရန်မှာစာပေနယ်မှ စာရေးဆရာ၊ ပုံနှိပ်ထုတ်ဝေသူ၊ စာအုပ် စာပေဖြန့်ချိရောင်းချသူ၊ စာဖတ်ပရိသတ်နှင့် နိုင်ငံတော်အစိုးရတို့၏ပူးတွဲစုပေါင်း တာဝန်ဖြစ်ပါကြောင်း။ထင်လင်း

Keep Reading

သည်းခြေကြိုက် စာအုပ် ၆ အုပ်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်မိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း (5) ဇာတ်သိမ်းညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးဖိုးဓာတ်လုံးမေတ္တာမဏ္ဍိုင်ချန်လှပ်ခဲ့သော ဇွန်လမိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း ( 4 )မျက်နှာကို တော်တော်တည် ထားသည်"The Soul Portraitist" "ကျိန်စာသင့် ဝိညာဉ်များ"