ဘုန်းဝေ
ဖိုးဓာတ်လုံး - အပိုင်း(၁)
_________________________________________
သူ့နာမည်က ထက်နိုင်။ စနေသား နေတက်ရေတက်မှာမွေးတာ။ ရွှေထီးမှာမွေးတဲ့ ရွှေထီးသားစစ်စစ်။ သူတို့အဖေအမေ အဖိုးအဖွား အကုန်ဒီရွာသားတွေချည်းပဲ။ နောက်ပြီး သူတို့အမျိုးက လုပ်ရဲကိုင်ရဲတဲ့ လူမိုက်မျိုးရိုး။ သူ့အဖေရဲ့အဖေ သူ့ရဲ့ဘဘက တချိန်က နာမည်ကျော်လက်ဝှေ့သမားကြီး ခြေတစ်ကန် ဘစံ။
သူ့အဖိုးဦးဘစံက လက်ဝှေ့ထိုးတဲ့အခါ ပြိုင်ဘက်ကိုတစ်ချက်မှမထိပဲ အနိုင်ယူနိုင်တယ်ဆိုပဲ။
ဦးဘစံက နယ်လှည့်လက်ဝှေ့သမားပီပီ နယ်တကာမှာ သူ့နာမည်ကိုမသိတဲ့လူမရှိဘူး။လက်ဝှေ့သမားသာပြောတာ သူ့ပုံစံက အရပ်ပုပု၊ လူကပိန်ပိန်၊ ခြေသလုံးဆိုရင် ရွာဦးကျောင်းဆရာတော်ကြိမ်လုံးကမှ သူ့ထက်ကြီးဦးမယ်။ ဒီလိုပုံစံ၊ ဒီခြေသလုံးနဲ့များ ခြေတစ်ကန် ဘစံလို့ ဘာလို့နာမည်ကြီးလဲတွေးလိမ့်မယ်။ လျှော့မတွက်နဲ့ကိုယ့်လူ။
လက်ဝှေ့တစ်ပွဲကို ဦးဘစံဘယ်ပုံဘယ်နည်းထိုးလဲဆိုတာ စာဖတ်သူသိအောင် အကျဉ်းချုပ်ရှင်းပြမယ်။ ဦးဘစံက ပွဲစပြီဆိုတာနဲ့ တုံ့ဆိုင်းမနေပဲ သူ့ဘယ်ခြေနဲ့ ပြိုင်ဘက်ရဲ့နှာခေါင်းနားကို ‘ဝှီး’ ခနဲတစ်ချက်လှမ်းကန်တယ်။ သူ့အရပ်နဲ့ဆို ဘယ်ပြိုင်ဖက်လာလာ နှာခေါင်းနားပဲမှီတာကိုး။
ထိုအခါ ပြိုင်ဘက်ခမျာ “ ဟာ ဘာနံ့ကြီးလဲ” ဆိုတဲ့အသံနဲ့အတူ နောက်ကို ‘ဘိုင်း’ ခနဲ လဲကျသွားပြီး မျက်ဖြူကြီးစိုက် ပါးစပ်ကနေ အမြုပ်တွေပါထွက်လာတယ်။ သတိပြန်ရလာတော့လည်း
“ဟင့် နံတယ် နံတယ် ပြိုင်ဘူး သားသားပြိုင်တော့ဘူး” ဆိုပြီး
ဦးဘစံကိုအရှုံးပေးပါလေရော
ဒါကို ဒိုင်လုပ်သူက
“ဟာ… ဟေ့ကောင် ဟိုကတစ်ချက်ပဲကန်ရသေးတယ်။
ဘစံကန််လိုက်တာ မင်းကိုတောင်မထိဘူး
ငါတွေ့လိုက်တယ် ” ဆိုတော့
ဦးဘစံပြိုင်ဘက်က
“ဟင့်အင်…အနံ့အနံ့
သူ့ခြေထောက်ကလာတဲ့အနံ့
တော်ပြီ မပြိုင်တော့ဘူး
ဆက်ပြိုင်ရင် ကျုပ်အသက်ပါအာမ မခံတော့ဘူး…” ဆိုပြီး
ကွင်းထဲကပါ ထထွက်သွားတယ်။
လူမှန်းသိတတ်စအရွယ်ကတည်းက ရေမချိုးတဲ့ဦးဘစံဟာ သူ့ရဲ့ခြေထောက်နံနံလေးနဲ့ ပြိုင်ပွဲတိုင်းကိုအနိုင်ယူလာလိုက်တာ နောက်ဆိုပွဲထဲဘစံကြီးပါလာပြီဆိုရင် တော်တော်များများက မထိုးပဲရှောင်သွားကြတာများတယ်။ တချို့ကလဲ ဘစံကြီးဟေ့ဆိုရင် အော်တိုအရှုံးပေးပြီးသားပဲ။ ဒီလိုနိုင်လာရင်လည်း ရလာတဲ့ပိုက်ဆံလေးနဲ့ ထန်းတောသွား ထန်းရည်လေးသောက်လိုက်၊ နွားပွဲသွား နွားပွဲလေးလောင်းလိုက်နဲ့ ကောင်းကောင်းမွန်မွန်နေရှာတယ်။
ဒီလိုအနံ့နဲ့များ မိန်းမရပြီး ဘယ်လိုမျိုးဆက်ပျံ့ပွါးလားလဲဆို သူ့အကွက်ကိုသုံးပြီး သူ့ထက်နံတဲ့ နောက်ထပ်တစ်ယောက်ပေါ်လာလို့လက်ဝှေ့သမားဘဝကနေ အနားယူပြီးရေစချိုးလို့ဆိုပဲ။ နောက်တစ်ယောက်ကလည်း သူ့ထက်တောင်နံတယ်ဆိုမှတော့ ဘယ်လောက်တောင်နံလိုက်မလဲ စဉ်းစားကြည့်။
ထက်နိုင်အဖေ ဦးမြင့်နိုင်ဆိုလဲ အရက်သောက်တယ်၊ ဖဲရိုက်တယ်၊ ကြက်တိုက်တယ်၊ ရန်ဖြစ်တယ် မကောင်းတာမှန်သမျှအကုန်လုပ်တယ်။ နောက်ပြီး တစ်ရွာလုံးသာမက ရွာနီးချုပ်စပ်ကယောကျာ်းသားတွေအကုန်နီးပါး ဦးမြင့်နိုင်နဲ့မကင်းဘူး။ ဦးမြင့်နိုင်ရှေ့ထိုင်မိပြီဆိုတာနဲ့ အကုန်လုံး ဘုရားတပြီး ခေါင်းငုံ့ထားပေတော့။ ဟုတ်တယ်လေ ဦးမြင့်နိုင်ကဆံပင်သာညှပ်စားတာ အမြဲနီးပါးမူးနေတော့ ဆံပင်ညှပ်တဲ့အခါ ခေါင်းပြတ်မှာစိုးလို့ ဘုရားတနေကြရတာ။ မြို့နဲ့လည်းအလှမ်းဝေးတော့ ရွာနီးချုပ်စပ်ကခေါင်းတွေအကုန် သူနဲ့မကင်းဘူး။
တခါကဆို ဦးမြင့်နိုင်နဲ့သူ့သူငယ်ချင်း မြို့ကအပြန် ကြက်ဝိုင်းဝင်မိရာက ရဲလိုက်ဖမ်းလို့ ဟိုပြေးဒီပြေး ပြေးရင်း စခန်းမှုးရောက်နေတဲ့ ဥက္ကဌအိမ်ထဲဝင်ပြေးမိလို့အဖမ်းခံရတယ်။
ဒီအခါ ဦးမြင့်နိုင်က
“ ဟေ့ကောင် ထိန်ဝင်း ငါ့လွယ်အိတ်ထဲကသေနတ်တော့ သွားပြီဟ….” ဆိုပြီး သူ့သူငယ်ချင်းကိုလှမ်းပြောတယ်။
ဒါကိုစခန်းမှူးကကြားသွားပြီး
“ ဟေ… သေနတ်ပါတယ် ဟုတ်လား”
စခန်းမှူးစကားကြားတော့ ဘေးနားကလူတွေပါ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး
“ ဟေ့ သေနတ်ပါတယ်တဲ့”
“ဖယ်ကြဟေ့ ဖယ်ကြပစ်ကုန်ရင်ငါတို့ပါထိကုန်မယ်”
“ အို… သူတို့ကိုဖမ်းတာကစခန်းမှူးလေ ခံစရာရှိသူခံပေါ့”
စသည်ဖြင့် ဆူဆူညံညံဖြစ်ကုန်ကြတယ်။
ဒီအခါ စခန်းမှူးက အာဏာပြသလိုဟန်နဲ့
“ ဟေ့ကောင်… မင်းသေနတ်က ကျည်ကောပါလား”
“ ဟုတ်… နှစ်တောင့်ပါပါတယ်”
ဦးမြင့်နိုင်အဖြေကြားတော့ မီးကိုရေနဲ့ပက်လိုက်သလို ဘေးကလူတွေ ရှဲခနဲဖြစ်သွားပြီး
“ ကျည်နှစ်တောင့်တဲ့တော်ရေ အပစ်ခံရလို့မသာပေါ်နေမယ်”
“ ပြန်ကြဟေ့ ကိုယ့်အိမ်ကိုပြန်ကြ တော်ကြာ မသာနှစ်လောင်းဖြစ်ကုန်မယ်”
“ အို….စခန်းမှူးကိစ္စပဲ သေစရာရှိသူသေပေါ့”
“ဟုတ်တယ်ဟေ့… စခန်းမှူးကိုပဲပစ်….သေရင်လည်းစခန်းမှူးပဲသေ”
စသည်ဖြင့် ပုကျိပုကျိနဲ့အသံတွေထပ်ဆူလာတယ်။
ထိုအခါစခန်းမှုးက ဦးမြင့်နိုင်ကိုသေနတ််နဲ့ချိန်ပြီး
“ ဟေ့ကောင် မင်းလွယ်အိတ်ငါ့ပေးစမ်း မပေးရင်ပစ်မှာနော်” ဆိုပြီး
ဦးမြင့်နိုင်ဆီကလွယ်အိတ်ကိုတောင်းပြီးစစ်တယ်။ စခန်းမှူးကိုယ်တိုင်ကလည်း လွယ်အိတ်ထဲသေနတ်ထည့်ပြီး ခပ်တည်တည်ရပ်နေတဲ့ဦးမြင့်နိုင်ကိုကြည့်ပြီး လက်တွေပါတုန်နေတယ်။ စခန်းမှူးတောင် မခန့်တာလားပေါ့။
ဘေးနားကလူတွေကလည်း ကိုယ့်အိမ်ကိုယ်ပြန်ဆိုပြီး ဦးမြင့်နိုင်တို့ကိစ္စကိုစိတ်ဝင်တစားနဲ့ ရပ်ကြည့်နေကြတယ်။ တချိုဆို ပါးစပ်အဟောင်းသားနဲ့ သရည်တွေကိုကျလို့။
စခန်းမှူးလည်း ဦးမြင့်နိုင်လွယ်အိတ်ထဲပါလာတဲ့ပစ္စည်းတွေကိုထုတ်စစ်တော့ အထဲမှာ ပေါက်နေတဲ့သရက်သီးသနပ်တစ်ထုပ်နဲ့ ကောက်ညှင်းကျီတောက်နှစ်တောင့်ထွက်လာတယ်။
ထိုအခါဘေးကကြည့်နေသူတွေက
“ သေနတ်တဲ့ဟေ့ ထွက်လာတော့ သရက်သီးသနပ်ကြီး”
“ အေးကွာ… တကယ်သေနတ်ထင်ပြီး စခန်းမှူးခမျာ လက်တွေကိုတုန်လို့…”
“ ဟုတ်ပါ့ …. ဒါနဲ့များ စခန်းမှူးတဲ့ တကယ်သေနတ်ဆို သူ့ကိုဟိုကပစ်ပြီးတာကြာပေါ့”
စသည်ဖြင့် ဝေဖန်သံတွေဆူညံသွားတယ်။ ဒီလိုအပြောခံရတဲ့ စခန်းမှူးမျက်နှာကြီး ခရမ်းချဉ်သီးလိုနီရဲသွားပြီး
“ဟေ့ကောင် မင်းပြောတော့သေနတ်ဆိုကွ”
စခန်းမှူးအမေးကို ဦးမြင့်နိုင်က
“ဟုတ်တယ်လေဗျာ ခုနကပြေးရင်းနဲ့ ဒီကောင် ထိန်ဝင်းနဲ့တိုက်မိပြီး သရက်သီးသနပ်ထုပ်ပေါက်သွားလို့ သနပ်တော့သွားပါပြီလို့ပြောတာ၊ ကျုပ်မှားလို့လား”
ဦးမြင့်နိုင်အဖြေကြားတော့ စခန်းမှူးရှူးရှူးရှားရှား ဖြစ်သွားပြီး
“ ငါမေးတာကိုရှင်းရှင်းမဖြေပဲ ငါ့ကို အရှက်ရအောင်လုပ်တဲ့ကောင်တွေ စခန်းကျမှသိမယ်…” ဆိုပြီး ဦးမြင့်နိုင်တို့နှစ်ယောက်ကို ဖမ်းခေါ်သွားတယ်။ စခန်းရောက်တော့ ရဲကိုအရှက်ရအောင်လုပ်မှု့နဲ့ အချုပ်ထဲ တစ်ပတ်လောက်နေလိုက်ရတယ်။ နောက်ဆုံး ဦးမြင့်နိုင်ရဲ့ဦးလေး ရွာဦးကျောင်းဆရာတော်ကိုယ်တိုင် ခံဝန်နဲ့လာထုတ်ပေးရတယ်။ ကဲလေထားပါတော့ သူတို့အကြောင်းတွေကကုန်မှာမဟုတ်ဘူး။ လိုရင်းပဲဆက်ပါစို့…
ရွေထီးရွာနဲ့အနီးတဝိုက်မှာတော့ ထက်နိုင်ကို ဖိုးဓာတ်လုံးလို့ခေါ်ကြတယ်။ ဖိုးဓာတ်လုံးလို့ခေါ်ခံရတဲ့ကိစ္စကလည်း ပေါ့သေးသေးမဟုတ်ဘူး။ပေါ့ကြီးကြီး။ ကြီးတာမှ အတော်ကိုကြီးတာ။သိတယ်မို့လား ထက်နိုင်တို့ကလုပ်ရဲကိုင်ရဲတဲ့ လူမိုက်မျိုးရိုးလေ။..
အဲ့ဒီနေ့က ရွာဘုရားပွဲဖြစ်တဲ့အတွက် ထက်နိုင်အပါအဝင် ရွာထဲကလူငယ်တွေအကုန် ဘုန်းကြီးကျောင်းရောက်နေကြတယ်။ ပြောရရင်ဝိုင်းလုပ်ဝိုင်းစားပေါ့။ အထူးသဖြင့် ထက်နိုင်က သူ့ဘဘုန်းကြီးနားပဲကပ်နေတာ။ ဘုရားပွဲလာတဲ့ဒကာတွေကပ်သမျှမုန့်အကုန် ဘုန်းကြီးဘေးကပ်ပြီး လှိမ့်တွယ်နေတာ။
“ ဟဲ့ ငထက်ကြီး…
မသီကိုပေးဖို့ ကျက်သရေခန်းထဲက ဒဏ်ကြေလိမ်းဆေးဘူးသွားယူခဲ့စမ်း”
“တင်ပါ့ဘုရား” ဆိုပြီး ထက်နိုင်ကျက်သရေခန်းထဲဝင်သွားတယ်။
ကျက်သရေခန်းထဲရောက်တော့ ထက်နိုင် စားပွဲပေါ်မှာတင်ထားတဲ့ ဒဏ်ကြေဆေးဘူးဘေးက ခဲရောင်အလုံးလေးတစ်လုံးပေါ်မျက်စိရောက်သွားတယ်။ဂေါ်လီလုံးအရွယ် အလုံးလေးတစ်လုံး။ မြင်ဖူးနေကျ ဂေါ်လီလုံးမျိုးမဟုတ်။ ကိုင်ကြည့်တော့ အလေးသား။
“ ဟ ဘာလုံးလေးလဲဟ၊ ဓာတ်လုံးလား၊ ကလေးတွေကစားတဲ့ဂေါ်လီလုံးလား၊ အေး…ဆရာတော့်ဓာတ်လုံးဆိုရင် ကပ္ပိယကြီးတော့သိမှာပဲ” ဆိုပြီး အဲ့ဒီအလုံးလေးကို အိတ်ကပ်ထဲထည့်ယူလာလိုက်တယ်။
ဆရာတော်ကို ဆေးဘူးပေးပြီးတာနဲ့ ထက်နိုင်ကျောင်းအောက်ကိုပြန်ဆင်းခဲ့တယ်။ သူ့ခမျာ ဆရာတော်ကိုမေးချင်ပေမဲ့ ငယ်ကြောက်မို့ မမေးရဲ။ သူ့ခြေလှမ်းတွေက ကျောင်းအနောက်ဘက် မီးဖိုချောင်ထဲက ကပ္ပိယဦးစိုးကြီးဆီကိုဦးတည်နေတယ်။
“ ဦးစိုးကြီး…ဦးစိုးကြီး၊ ခင်ဗျားကိုဒါလေးပြချင်လို့ ဒါဘာလုံးလေးလဲသိလား”
ထက်နိုင် သူ့အိတ်ကပ်ထဲကအလုံးလေးကိုထုတ်ပြတယ်။
“မင်း ဘယ်ကတွေ့လာတာလဲ”
“ကျက်သရေခန်းထဲက စားပွဲပေါ်က”
“ဟေ… ဒါဆို ဆရာတော့်အလုံးပေါ့”
ကပ္ပိယကြီး ထက်နိုင်လက်ထဲကအလုံးကိုဆတ်ခနဲယူကြည့်တယ်။ ပြီးမှ
“ဟကောင်ရ ဒါ ဓာတ်လုံးကြီးကွ၊ ဆရာတော် အဂ္ဂိရတ်ထိုးထားတဲ့ ဓာတ်လုံးကြီးထင်တယ်၊ မင်းတော့ပွပြီပဲ”
ကပ္ပိယကြီးစကားကြားတော့ ထက်နိုင်မျက်နှာကြီး ဝင်းလက်သွားပြီး
“ဒါ ဒါဆို ဒီဓာတ်လုံးကဘာစွမ်းလဲ လေပေါ်ပျံလို့ရလား၊ စူပါမန်းလိုလေ” ဆိုပြီး သူ့ညာဘက်လက်ကို စူပါမန်းလိုလုပ်ပြတယ်။
“ဟကောင်ရ ဒါတော့ငါလဲဘယ်သိပါ့မလဲ၊ ဓာတ်လုံးတွေက အစွမ်းရတာချင်းမှမတူတာ၊ မင်းဓာတ်လုံးပဲ မင်းစမ်းကြည့်ပေါ့”
“အာ…ဆရာတော့်ဓာတ်လုံးပါဗျ သူ့စားပွဲပေါ်ကတွေ့တာ ပြန်ထားရမှာကို” ဆိုပြီး မျက်နှာကြီးအိုကျသွားတယ်။
ဒါကို ကပ္ပိယကြီးက
“အာ… မင်းကလည်း သူအသုံးလိုရင် သိမ်းထားမှာပေါ့၊ မလိုလို့ စားပွဲပေါ်ဒီတိုင်းတင်ထားတာ၊ နောက်ပြီး လေပေါ်ပျံရတယ်ပဲထား သူကဒီဓာတ်လုံးနဲ့ဘာလုပ်မှာလဲ။ ဘာလဲ
လေပေါ်ပျံတဲ့ စူပါကိုယ်တော်လုပ်မှာလား”
ကပ္ပိယကြီးစကားကြားတော့ ထက်နိုင်မျက်နှာ တဖန်ပြန်ဝင်းလက်သွားပြီး
“ ဒါဆို ကျွန်တော်စမ်းကြည့်မယ်ဗျာ”
“ အေး အဲ့ဒါဆို ဓာတ်လုံးကိုပါးစပ်ထဲငုံလိုက်”
ကပ္ပိယကြီးပြောတဲ့အတိုင်း ထက်နိုင်ဓာတ်လုံးကို ပါးစပ်ထဲကောက်ငုံလိုက်တယ်။
ထိုအခါ ကပ္ပိယကြီးထံက “ ဟေ” ဆိုတဲ့ ဝမ်းခေါင်းသံ အာမေဋိတ်အသံကြီးထွက်လာတယ်။
ထက်နိုင်က ပြာပြာသလဲနဲ့
“ ဘာ ဘာဖြစ်လို့လဲဦးစိုး”
“ မင်း မင်းပျောက်သွားပြီ ၊ မင်းလူကောင်
ပျောက်သွားပြီ၊
Unlock to read this premium article with 10 points.