Your Dearie
inertiaဂုဏ်သတ္တိက အားလုံးနဲ့ ရင်းနှီးပီးသားလို့ထင်ပါတယ်။
ရူပဗေဒ သဘောအရ အီနားရှားဂုဏ်သတ္တိက
ပြင်ပဆီက အားတစ်ခုခုသက်ရောက်တာမျိုးမရှိရင်
ရပ်နေတဲ့အရာဝတ္ထုကရပ်မြဲ ဆက်ရပ်နေမှာဖြစ်ပီးတော့
ရွေ့နေတဲ့အရာက သူ့နှုန်းတိုင်းရွေ့မြဲဆက်ရွေ့နေမှာ ဖြစ်ပါတယ်။
လူတွေမှာရှိတဲ့ inertiaကလဲ အဲလိုပါဘဲ။
ကိုယ်ကပြောင်းလဲချင်တယ်။ ကိုယ့်ဟာကိုယ် အောင်မြင်နေတဲ့သူတစ်ယောက်အဖြစ်နဲ့ မြင်ချင်တယ်။ မတူညီတဲ့ဗားရှင်းအသစ်နဲ့ မြင်ချင်တယ်။ ဒါမဲ့ကိုယ့်ဘက်က စိုက်ထုတ်တဲ့အားမရှိဘူးဆိုရင်
ကိုယ်လဲဘာမှပြောင်းလဲလာမှာ မဟုတ်ပါဘူး။ လက်ရှိ ရှိနေတဲ့နေရာမှာဘဲ ရပ်တန့်နေမှာဖြစ်ပါတယ်။ အဲလိုဆို အီနားရှားက ကိုယ့်ကို နိုင်သွားပါပီ။ နိုင်မြဲဆက်နိုင်နေမှာလဲ ဖြစ်ပါတယ်။
inertiaကို ဆန့်ကျင်ဖို့ ကျော်လွှားဖို့ အနိုင်ယူဖို့အတွက်
မိမိလုပ်ဆောင်ရမဲ့အရာက ရည်ရွယ်ချက်ရှိရှိ တမင်တကာ အားသွန်ခွန်စိုက် ကြိုးစားရမှာပါ။ ကြိုးစားလုပ်ဆောင်တဲ့နေရာမှာလဲ ကောက်ရိုးမီးလိုမဖြစ်ဖို့ အမြဲသတိကပ်နိုင်ရမယ်။ စိတ်ပိုင်းဖြတ်နိုင်ရမယ်။ လောဖို့မလိုဘူး။ မှန်ကန်နေဖို့လိုမယ်...
#inertia
Keep Reading