ယဥ်သီရိလှိုင်(ဆောင်း)
အောက်တန်းစားရယ်လို့လူတွေသတ်မှတ်ကြတာ ဟိုရှေးခေတ်ကတည်းကပေါ့။ဒါမယ့် ဘာကိုကြည့်ပြီးအောက်တန်းစားလို့ခေါ်တာလဲ ဘာကအောက်တန်းစားဖြစ်စေတာလဲ အဲ့မှာပြောစရာရှိပြီ ရုပ်ရှင်တွေဇာတ်လမ်းတွေထဲမှာရှိသလိုအပြင်မှာလဲလက်တွေ့ရှိပါတယ်အလုပ်သမားလေးတယောက် သူဌေးအိမ်ကအလုပ်သမားတယောက်က အဲ့အိမ်ကသူဌေးမလေးကိုချစ်ကြိုက်မိသွားတယ် ဒါမယ့်သူ့ရဲ့ဘဝကိုသူနားလည်ပြီးဒါဟာမဖြစ်နိုင်တာဘဲဆိုပြီး လက်လျော့လိုက်တယ် ဒါတွေကသဘာဝဘဲ အဲ့ချိန်မှာအလုပ်သမားလေးဟာ အရဲစွန့်ပြီးသူဌေးမလေးကိုဖွင့်ပြောလိုက်တယ် အဲ့တော့ဘာပြောတယ်ထင်လဲထင်တဲ့အတိုင်းပါဘဲ နင့်လိုအောက်တန်းစားကငါ့ကိုများ မှန်းရဲတယ်ဆိုပြီး သူဌေးဆိုတဲ့ဂုဏ်ပုဒ်နဲ့မလိုက်အောင်ရိုင်းစိုင်းတာတွေကိုပြောဆိုခဲ့တယ် သူတို့၂ယောက်ကိုကြည့်ရင်ဘယ်သူကအောက်တန်းစားလဲဘယ်သူကအထက်တန်းစားလဲဆိုတာရိုးရိုးလေးတွေးရင်မှန်ပါတယ် သူဌေးမကအထက်တန်းစားပေါ့ဘာလို့လဲဆို သူကမျိုးရိုးမြင့်လေ ချမ်းချမ်းသာသာနဲ့နေရပြီး လူချမ်းသာတွေနဲ့ပေါင်းသင်းဆက်ဆံနေရတဲ့သူ အလုပ်သမားကတော့ဘာဖြစ်မလဲ သူများကျွေးတာစားပေးတာယူလေ တနေ့ရတဲ့လုပ်စာတနေ့စား အဲ့နေ့ပိုက်ဆံရှာမရရင်ငတ်ပေါ့ ဒါဘဲရှိတယ် နောက်တခုသူတို့မှာရွေးချယ်စရာအလုပ်ရယ်လို့မရှိဘူး ဒီနေ့ဘိလပ်မြေသယ်ရမယ် နောက်နေ့မြောင်းဖော်ရင်ဖော်ရမယ် ဒီနေ့နံရံဆေးသုတ်မယ်နောက်နေ့ပုလင်းကောက်ရင်ကောက်ရမယ် ရှိတဲ့အလုပ် လုလုပ်ရမှာဘဲ လက်လုပ်လက်စားသမားကတနိုင်ငံမှာတယောက်ဘဲရှိတာမှမဟုတ်တာ အဲ့တော့သူများမလုပ်တဲ့အလုပ်တွေအိမ်သာမြောင်းပိတ်ရင်ဖော်ရတာ ဒီလိုညစ်တီးညစ်ပတ်အလုပ်တွေလုပ်ရတဲ့သူဟာအောက်တန်းစား အဲ့လိုပေါ့ အဲ့လိုသတ်မှတ်ကြတာမလား ဒါကတော့ရိုးရိုးလေးတွေးရင် တကယ်လို့အတွင်းကျကျသေသေချာချာစဥ်းစားပြီးတွေးကြည့် ဘယ်သူကအထက်တန်းစားဘယ်သူကအောက်တန်းစားလဲ ကိုယ့်ရဲ့စိတ်ထဲဖြစ်ပေါ်လာတဲ့မေတ္တာကိုဖော်ပြတဲ့အလုပ်သမားကအောက်တန်းစားလား ဒါမှမဟုတ်သူနဲ့မတူမတန်ဘူးဆိုပြီးရိုင်းစိုင်းပြီးပြောတဲ့သူကအောက်တန်းစားလား အလုပ်သမားနေရာကကြည့်မယ် သူ့ပြောလိုက်တယ် မထိန်းချုပ်နိုင်လို့ပြောလိုက်တယ် ဒါဟာမမှားဘူး လူတယောက်မထိန်းချုပ်နိုင်တဲ့အရာထဲမှာစိတ်လဲပါတယ် အရမ်းမြန်တယ်တခဏအတွင်းအများကြီးတွေးနိုင်တဲ့စိတ်ပေါ့ ဒါကြောင့်သူ့စိတ်သူမထိန်းချုပ်နိုင်လို့ပြောတာ တခုတော့ရှိတာပေါ့ အကျိုးဆက်ကိုလက်ခံနိုင်လားဆိုတာကိုယ့်ကိုကိုယ်ပြန်မေးရမယ် ငါပြောလိုက်ရင်သူငါ့ကိုငြင်းနိုင်လားငါ့အခြေနေနဲ့သူလက်ခံပါ့မလား အဆိုဆုံးကိုတွေးရတယ်ဘာကိစ္စဖြစ်ဖြစ်ပေါ့ ဆက်ရမယ်ဆိုရင် သူဌေးသမီးဘက်က ကြည့်မယ် သူပြောတာမှားလား မမှားပါဘူး သူလဲမှန်တယ်အရင်ဆုံးအခြေနေကိုအရင်ကြည့်လေ ဒီယောကျားဟာငါ့ကိုဘယ်လိုထားနိုင်မလဲ ငါ့ထက်သာလား ဒါမှမဟုတ်ငါ့ဘဝကိုနိမ့်ကျစေမှာလား ဒါဟာမိန်းကလေးတိုင်းတွေးကြတယ် ဒီတော့သူပုံစံနဲ့တော့မဖြစ်ဘူး လက်မခံနိုင်ဘူးငြင်းမယ် အဲ့ချိန်မှာတဖက်ကလူကကိုယ့်ထက်အရာရာနိမ့်ကျတဲ့သူဖြစ်နေတယ် ဘယ်လိုငြင်းမှာလဲ နင်ကငါနဲ့မတူဘူးမတန်ဘူးကိုယ့်အဆင့်ကိုသိ ဒီလိုစကားတွေသာပြောလိုက်ရင် သူ့ဘက်ကိုတွေးရမယ်လေ ငါပြောလိုက်လို့သူသာစိတ်ဓါတ်တွေကျသွားရင်ဘာဖြစ်မှာလဲ တိုးတက်ချင်စိတ်မရှိတော့ဘူး အဲ့တာကိုတွေးရမယ် ကိုယ့်ဘက်ကလက်မခံနိုင်ဘူးဆိုရင်တောင်သူ့ကိုစိတ်ဓါတ်ကျစေမယ့်စကားတွေမပြောနဲ့ကိုယ်ငြင်းလိုက်လို့ သူ့ဆီရိုက်ခတ်မှုရှိခဲ့ရင်အဲ့တာဟာမခံချင်စိတ်တခုသာဖြစ်ပါစေ ကိုယ့်ကိုမုန်းရင်မုန်းပါစေ သူ့ဆီမှာတိုးတက်ချင်စိတ်ဒီထက်သာရမယ်ဆိုတဲ့စိတ်မွေးအောင်ပြောရမယ် မပြောတတ်ဘူးဆိုတာအလကားနော် သူများကိုစိတ်ဓါတ်ကျအားငယ်အောင်ပြောနိုင်ရင် သူ့စိတ်ခိုင်မာအောင်လဲပြောကိုပြောနိုင်ရမယ် ပြောချင်တာကတော့အောက်တန်းစားအထက်တန်းစားဆိုတာငွေရေးကြေးရေးအဆင့်တန်းကိုကြည့်ပြောရတာမဟုတ်ပါဘူး လူတယောက်ရဲ့ကိုယ်ချင်းစာစိတ်ပြီးတော့ ရိုးရိုးသားသားနေနိုင်တဲ့လူတယောက်ပြောနိုင်တဲ့လူတယောက် သူတပါးကိုပြောတော့မယ်ဆိုရင်သူ့နေရာမှာကိုယ်သာဆိုရင်ဆိုတဲ့စိတ်ကလေးတွေးပေးတဲ့သူ အဲ့လိုလူမျိုးကသာအထက်တန်းစားပါ အောက်တန်းစားဆိုတာကတော့ရှင်းရှင်းပါဘဲ သူများကိုအောက်တန်းစားဆိုပြီးပြောလိုက်ကတည်းကသူဟာအောက်တန်းစားလုံးလုံးဖြစ်သွားတာပါဘဲ ဟုတ်ကဲ့ပါဒါဆိုရင်တော့ လူတိုင်းအထက်တန်းစားတွေဖြစ်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ရှင့်?။
ချစ်သောreaders လေးတွေ?
Keep Reading