MoeKyaw
အသက် ၅၀ အရွယ် လူတစ်ယောက်အတွက် ချစ်ခြင်မေတ္တာတရားလိုအပ်ပါသလားလို့ မေးလာကြသည့်အခါ
လူတွေအတွက် ဘယ်အသက်အရွယ်ဖြစ်ဖြစ် ချစ်ခြင်းမေတ္တာတရားလိုအပ်ပါသည်လို့ ပြောလိုက်ပါရစေ။
လူတစ်ယောက်အတွက် ဘဝမှာ မရှိမဖြစ် အဖော်ကောင်းတစ်ယောက်လိုအပ်ပါသည်
သူသည်
သင့်ရဲ့ ဘဝအဖော်မွန်လဲ ဖြစ်ကောင်းဖြစ်နေလိမ့်မည်
သင့်ရဲ့ မိတ်ဆွေ သူငယ်ချင်းကောင်းလဲ ဖြစ်ချင်ဖြစ်နေလိမ့်မည်
သင့်ရဲ့ ဆွေးမျိုးသားချင်းလဲ ဖြစ်ခြင်ဖြစ်နေပါလိမ့်မည်
သင့်ရဲ့ ညီအကို မောင်နှမလဲ ဖြစ်ချင်ဖြစ်နေပါလိမ့်မည်
သင့်ရဲ့ သားသမီးရတနာလဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မည်
ဘာဘဲဖြစ်ဖြစ် ဆေးပေးမီးယူ
လဲရင်ထူထ အားပေးဖော်လိုအပ်တာတော့အမှန်ပါဘဲ
ဘဝမှာ နေထွက်ချိန်ထက် ဘဝရဲ့နေဝင်ချိန်က လူတစ်ယောက်အတွက် အဓိက အကြဆုံးပါ
တချို့လူတွေ တာထွက်ဘယ်လောက်ကောင်းကောင်း ပန်းဝင်သည့်အခါ အဆုံးသတ်မကောင်းကြတာတွေလဲ အများကြီးမြင်တွေ့နိုင်ကြပါသည်
အထူးသဖြင့် broken family ရဲ့ ဦးဆောင်သူတွေ
အဖြစ်များကြပါသည်
ကိုယ်တစ်သက်လုံးအနေကြနေသည့် မိသားစုကိုစွန့်ခွာပြီး ငါးစိမ်မြင် ငါးကင်ပြစ်သလို အသစ်အသစ်နောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားတတ်သူ အများစုက ဇာတ်သိမ်းမလှတတ်ကြပါဘူး
ထွက်သွားသူအတွက်လဲ ပူလောင်ရသလို
ကျန်ခဲ့တဲ့သူအတွက်လဲ ခံနိုင်ရည်ရှိအောင် အတော်ကျိုးစားနေထိုင်ကြရပါသေးသည်
တစ်ခုလပ် တစ်လင်ကွာ မုဆိုးမဆိုတာ အစမ်းသပ်ခံမိန်းမတွေ မဟုတ်ကြပါဘူး
အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ချင်တာထက်ဖြစ်သင့်တာကို ဦးစားပေးပြီး ကိုယ့်အသိုက်ကို ကိုယ်စောင့်ရှောက်နေကြသူတွေအများကြီးပါ
ကိုယ့်ရဲ့အခြောင်ရလိုစိတ်တစ်ခုထဲနဲ့ ဘယ်လိုမိန်းမမျိုးကိုမှ မစမ်းသပ်မိပါစေနဲ့
အဲ့လို ခပ်ညံ့ညံ့ ခပ်ကြောင်ကြောင်ယောက်ကျားတွေကြောင့် ယောက်ကျားအများစု အထင်သေးခံရသလ်ု
လွယ်ရင်သူကြွယ်တောင်စိတ်မချရဘူးဆိုသည့်စကားလို စျေးပေါလွန်းသည့် မိန်းမတွေကြောင့်လဲ
မိန်မတွေ အထင်ကြီးမခံရခြင်းဖြစ်ပါသည်
လူဆိုတာ ကိုယ့်စည်းကိုယ့်ဘောင်နဲ့နေထိုင်ရပါသည်
ကိုယ်က သူများဆီက ချစ်ခြင်းမေတ္တာကိုလိုချင်ရင်
ကိုယ်တိုင်လဲ တန်ဖိုးထားတတ်ရပါလိမ့်မည်
ဒီခေတ်မှာတော့ လွယ်လွယ်တွေ့ပြီး လွယ်လွယ်မေ့နေကြတာများလို့ ချစ်ခြင်းမေတ္တာစကားကိုတောင်
သုံးဖို့မသင့်တော်တော့ပါဘူး
တချို့လူတွေရှိကြပါတယ်
လူတွေက အသက်ကြီးနေပြီး ခုချိန်ထိ အဖော်ရှာနေကြတုန်းဘဲလားတဲ့
အရာအားလုံးပြည့်စုံနေသူအတွက် ဒီစကားမှန်ကောင်းမှန်ပါလိမ့်မည်
အကယ်၍
ကိုယ်အသက်အရွယ်အိုမင်းလာသည့်အခါ
ကိုယ့်အနားမှာ ဆေးပေးမီးယူ အဖော်လေးတောင်
မရှိခဲ့ရင် ကိုယ့်ဘဝနေဝင်ချိန်က အထီးကျန်ခြင်းနဲ့ဘဲ အဆုံးသတ်ရတော့မှာလား
ထို့ကြောင့်
တစ်ယောက်ထဲ အထီးကျန်နေသည့်အခါ အသက်အရွယ်ကို မကြည့်ပါနဲ့
ထွေးမထားရပေမယ့် ဖေးမရသူကိုရှာပါ
တဏှာအချစ်ထက် သဒ္ဒါအချစ်ကိုရှာပါ
အနည်းဆုံးတော့ စကားပြောဖော်လေးရှိနေသည့်အတွက် စိတ်အပမ်းပြေနိုင်ပါသည်
သားသမီးလား
ဆွေမျိုးလား
ညီအကိုမောင်နှမလား
အချိန်တန်လို့ သူစိမ်းဖက်သွားသည့်အခါ ကိုယ့်ကိုစိမ်းသွားကြမည်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့
ထိုကြောင့်
အသက် ၅၀ အရွယ်ရောက်လဲ လှအောင်နေပါ
အသက် ၆၀ အရွယ်ရောက်လဲ လှအောင်နေပါ
ဘယ်အရွယ်ရောက်ရောက် လှအောင်နေကြပါ
ကျန်းမာရေးကို ဂရုစိုက်ပါ
နှလုံးသားကို အလှဆင်ပေးပါ
ချစ်ခြင်းမေတ္တာတရား၏ အရိပ်အောက်မှာ
အေးချမ်းစွာ နေထိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်မိပါသည်။
#MoeKyaw
Keep Reading