Author's Profile Photo

သိုက်စံထွန်း

13/10/2024

"ရောက်တတ်ရာရာ နတ်ကမ္ဘာ" (၂)

2 mins read
General Knowledge
Culture
History

#ကော်ဖီတော်ကီ ☕?☕?

အတွင်း၃၇မင်း အပြင်၃၇မင်း စာရင်းက ဘာပဲ ပြောပြော မှတ်တမ်း မှတ်ရာ တချို့ ရှိသေးတော့
တော်သေးတယ် ပြောရမှာ မြဝတီမင်းကြီးဦးစ တို့ ဝန်ကြီးပဒေသရာဇာတို့ မန္တလေးစာတမ်းတို့ကို
ကိုးကားလို့ ရသေးတယ်

နောက်ထပ် ရှိသေးတယ်ဗျား ။"

@ENP "ဟင် ရှိသေးတယ်လား ။"

@Me "ရှိတာပေါ့ ဒါက အတွင်း အပြင် မှတ်တမ်းမှတ်ရာပဲ ရှိသေးတာ တခြား နံမည်ကြီးတွေ ရှိသေးတယ် ၊

ပုဂံခေတ်က ပုပ္ပားမယ်တော် ၊ မယ်ခေမာ ခင်မသာနတ် ၊ တောင်တော်သခင်မ ၊ မစောခင် ၊
မောင်ရင်မောင် ၊ နို့ထိန်းမယ်တော် ၊ နှမတော်နတ် ၊ စာရေးတော်ကြီးနတ် ၊ ဂူတော်ရှင်မနတ်တို့ ရှိသေးတယ်၊

နောက်ပြီးတော့ နံမည်ကြီး ကိုးမြို့ရှင်နတ်ဆိုလည်း တကယ် ပေါ်ပြူလာဖြစ်တယ် ၊
မင်းလှစည်သူနတ်၊ ကူနီဒေဝီ ၊ သားတော် ကိုးမြို့ရှင် ၊ ပုလဲယဉ် ၊ ခွန်ချို ၊ ခွန်သာ ၊ မောင်လတ်နတ် ၊ သဲသဲလေးနတ် ၊ ပခန်း ဦးမင်းကျော် ၊ ဦးညိုတို့
ဆိုတာ တကယ် လျှမ်းလျှမ်းတောက်တွေပေါ့ ၊

သူတို့ နတ်လောကမှာတော့ စီနီယာ ဘယ်လိုချထားလဲတော့ မသိဘူး၊

ဖေဖေတို့ ငယ်ငယ်ကတော့
အဲ့ဒီ နတ်တွေက နတ်ပွဲ ကန္နားပွဲတွေမှာဆို ဇာတ်ရှိန် တော်တော်မြင့်တာ ၊

ငယ်ငယ်ကဆို ဖုန်းတို့ တီဗွီတို့ မရှိသေးတော့
အဲ့ဒီ နတ်ပွဲတွေ တဂျိမ်းဂျိမ်းဆို ပြေးပြေး ကြည့်ရတာ

အမယ် ပထမဦးဆုံးတော့ ဘုရားတွေ ဘာတွေ ကန်တော့တာပေါ့ကွာ
ပြီးတော့ သိကြားမင်းကိုလည်း အရင်ဆုံး ပွဲထုတ်ရသေးတာ သီချင်းလေး အေးအေးနဲ့ပေါ့ ၊

နောက်တော့မှ တဖြည်းဖြည်း သူ့ သမားစဉ်နဲ့ သူ လာတာဟေ့ ၊

လူတိုင်း ရမ်းပြီး နတ်ပွဲ ကန္နားပွဲ ထလုပ်လို့ ရပုံမပေါ်ဘူး သူ့ processနဲ့သူ သူ့stepနဲ့ သူဗျ ၊

ဘာတဲ့ ဟိုဟာ တချို့က ပြောတယ် ကန္နားစီးလက်စွဲကျမ်း ဆိုလား ဘာလား ရှိတယ် ပြောကြတယ် ၊

အေးပေါ့လေ ဒီ နတ်ကိုးကွယ်မှု ယုံကြည်မှု
ဓလေ့ ဆိုတာကလည်း စောစော‌က ပြောသလို
နှစ်ရာပေါင်း ထောင်ပေါင်း များစွာကတည်းက ရှိခဲ့တာ ဆိုတော့ သူ့စည်း သူ့ကမ်း သူ့နည်းလမ်းတွေတော့ ရှိမှာပေါ့ လွယ်လွယ်တော့ ဘယ်ဟုတ်မလဲ ၊

ခေတ်အဆက်ဆက်မှာ လက်ဆင့်ကမ်းခဲ့တာတွေ
တလှေကြီးရှိမှာပဲ ၊

ခွန်ချို ခွန်သာ နတ်နှစ်ပါး ကတာဆိုရင် အံမယ်
ဓါးသိုင်းတွေ ဘာတွေ တကယ် ကျွမ်းရလောက်တယ် ပရိသတ်ထဲမှာ ကရတာဆိုတော့ မလွယ်ဘူး တီးလုံးကလည်း အကြမ်း အမြူးလေးဗျ ၊

ကိုကြီးကျော်နတ်ကတော့ တကယ် လူကြိုက်အများဆုံးဗျာ ကလေးတွေရော လူကြီးတွေရော နတ်ထိန်းတွေရော သူ့အကြောင်းနဲ့ သူ ပျော်ကြတာဗျ၊

လက်တဖက်က ကြက်ကိုပိုက်ပြီး
နောက်လက်တဖက်က ငွေဖလားလေးကိုင်ပြီး ခုန်ပေါက် ကတာ

အဲ့ဒီအတိုင်း ဖေဖေတို့က အိမ်ကျရင် ပြန်ပြန်ပြီး
ကကြတာ

အို ဘာပြောကောင်းမလဲ ခွက်တွေ ပြုတ်ကျကုန်လို့ အရိုက်ခံရတာပေါ့ ၊

အဲ့ဒီ ကိုကြီးကျော်က နည်းနည်း မူထပ်ကွဲသေးသတဲ့
မြန်မာပြည်မှာ ကျော်လေးကျော် ခေါင်လေးခေါင် ရှိတယ်လို့ ပြောကြတယ် ၊
ခေါင်လေးခေါင် ဆိုတာက ဘိုးမင်းခေါင်တို့ ဘာတို့ ထွက်ရပ်ပေါက် ဘိုးတော်တွေ ဝိဇ္ဇာတွေကို ပြောတာ ၊

မြင်းဖြူရှင်နတ်ကလည်း လေးမျိုးလောက် မူကွဲ ရှိတယ် ပြောကြတာပဲ
ယမား ၊ ကန္နီ ၊ ရွှေပြည်ရှင် နဲ့ ရွှေစစ်သင် မြင်းဖြူရှင် ဆိုပြီး သူ့အရပ် သူ့ဇာတ် ခွဲခြားကြသေးတယ်။"

@ENP "ဟို ရေငန်ပိုင် ဦးရှင်ကြီးတို့ အဘိုး အဘိုးလို့ အော်ပြီး နတ်ဆက်ရတဲ့ နတ်တွေလည်း ရှိသေးတယ်မလား။"

@Me "အင်း အဲ့ဒီ ရေငန်ပိုင် ဦးရှင်ကြီးတို့ မယ်ဖြူနတ်တို့ အဘိုးနတ်တို့ ဆိုတာကိုလည်း သူတို့ နယ်ပယ်နဲ့ ဆိုင်တဲ့ သူတွေက နတ်ကိုးကြတယ်၊

မအောင်ဖြူ ဖျာလိပ်နတ်တို့ ၊ သုံးပန်လှနတ်တို့ ၊ ကြက်သမားနတ်တို့လည်း ရှိသေးတယ်
သူ့အရပ် သူ့ဓလေ့ သူနတ်နဲ့ သူပေါ့ကွာ ၊

စာထဲမှာ သင်ရတဲ့ မွန်ပြည်နယ် ကရင်ပြည်နယ်က ကွမ်အပ်သာမင်းသား ဇာတ်လမ်းထဲက ဆက်စပ်နေတဲ့ နံကရိုင်းမယ်တော်တို့ ဘာတို့ ဆိုလည်း နံမည်ကြီးပဲ ၊

အမေဂျမ်းတို့ အမေရေယဉ်တို့ကလည်း
တမျိုး တမည် လူသိများတာပဲ
နတ်ပွဲတွေမှာတော့ ဇာတ်လိုက်တွေပဲ
လူတွေ အတော်ရှိန်ကြတယ် ၊

ဇော်ဂနီ ဇော်ဂနက် မောက်လုံး မောက်ပြား
စုန်း ကဝေ မှော် ဗူး အတတ်တွေနဲ့ ဆက်စပ်တယ် လို့တော့ ပြောကြတယ် ၊

အီဂျစ်တို့ ဂရိတို့ ခေတ်က နတ်ဘုရားတွေလိုပဲ
တန်ခိုး စွမ်းအား အမျိုးမျိုးနဲ့
ဖေဖေတို့ မြန်မာပြည်က နတ်တွေကလည်း
အမျိုးအစား တော်တော်စုံတာ။"

@ENP "ဒါဆိုရင် Thorနဲ့ ကိုကြီးကျော်နဲ့ ယှဉ်ချရင် ဘယ်သူနိုင်မလဲ။"

@Me "လောလောဆယ်တော့ Thorက တကမ္ဘာလုံး
က သိပြီးတော့ ရုပ်ရှင် ရိုက်ချက်တွေ Graphicတွေ Settingတွေ နောက်ခံ တောင့်တော့ ကိုကြီးကျော်က ယှဉ်နိုင်ဦးမှာ မဟုတ်သေးဘူး ၊

Thorလည်း နတ် ၊ ကိုကြီးကျော်လည်း နတ်ဆိုတော့
တို့ ကိုကြီးကျော်ကို Version နည်းနည်း
မြှင့်လိုက်ရင်တော့ ယှဉ်လို့ ရကောင်း ရနိုင်တယ် ၊
နိုင် မနိုင်တော့ မပြောတတ်ဘူး ။"

@Home Minister
"ဟို သားအဖ နှစ်ယောက် ဘာတွေ လျှာရှည်နေကြတာလဲ ၊ ဟို တယောက်က စာလုပ်စရာ ရှိတာ မလုပ်ဘဲ ၊ ဖအေကို စကားသွားပြောနေတယ် ၊ သွား အခု စာလုပ် ဟွင်း

ဟို တယောက် အဘိုးကြီး ဘာတွေ လျောက်ပြောနေတာလဲ ခလေးကို ၊ အခုချက်ချင်း ကော်ဖီ ဖျော်ခဲ့ ဒါပဲ ................. ဟွန့် "

@Me & ENP
"အမြန် လစ်အောင် ဟေ့
ဒီ အနန္တတန်ခိုးတော်ရှင် ပါဝါရိန်းဂျား ပန်းရောင်က
လောလောဆယ် ကြောက်ရတယ် ၊
Super Manတောင် မကယ်နိုင်လောက်ဘူး ဟ ။ "

#ကော်ဖီတော်ကီ တခန်းရပ်

Ref:
■ အောင်ခင်စိုး ၊ နတ်နှင့်လူ ဆက်ဆံရေးနည်းများ ၊ ၂၀၀၁ခုနှစ်
■ မှန်နန်းရာဇဝင်တော်ကြီး ပ၊ ဒု ၊ တ

သိုက်စံထွန်း
#ThikesantunWritingNotes
#thikesantunwritingnote

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်း