စောမြတ်နွယ်
ကျွန်မ sarphat ကို စသိတာက fbက ညီမလေးတစ်ယောက်နဲ့ စကားပြောရာက သိလာတာပါ။အဲ့ညီမလေးက အသက်ငယ်ပေမယ့် အရမ်းတော်တယ်။ သူက စာတွေဘာတွေလည်း ရေးတတ်တယ်။
သူနဲ့ စကားအနည်းအပါးပြောဖြစ်တော့ သူ့ကိုအားကျတဲ့အကြောင်း စာရေးတာဝါသနာပါတဲ့အကြောင်း ပြောမိရာက sarphat အကြောင်း သူကပြောပြလို့ သိရတာပါ။
အဲ့ဒီကစပြီး sarphat ကို စတင်အသုံးပြုဖြစ်တာပါ။ဘာပဲဖြစ်ဖြစ် ကျွန်မတို့လို စာရေးဝါသနာပါတဲ့သူတွေအတွက် စာရေးခွင့်ရအောင် အခွင့်အရေး ဖန်တီးပေးတဲ့အတွက် sarphat ဝိုင်းတော်သားတွေအားလုံးကို ကျေးဇူးတင်စကားဆိုပါရစေရှင်။
နောက်ပြီး လွန်ခဲ့တဲ့ ဇူလိုင်လတုန်းက စာဖတ်ရဲ့ ပညာရေးဆိုင်ရာ ဆောင်ပါးများစုစည်းမှုထဲမှာ ကျွန်မရေးသားတဲ့ "ဆရာမကြီး တစ်ဦးပြောပြတဲ့ ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ် " ဆောင်းပါးကို ရွေးချယ်ဖော်ပြပေးတဲ့အတွက် sarphatမှ တာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။
နောာက်ထပ် ကျွန်မရေးတဲ့ စာတွေကို တန်ဖိုးထား ဖတ်ပေးတဲ့ စာဖတ်သူတစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်ရှင်။
အဲ့ဒီဆောင်းပါးလေးပါလာတော့ ကျွန်မသိပ်ကို ပျော်သွားတာ။ မျှော်လင့်မထားခဲ့ဘူးလေ။
အပျော်ဆုံးကတော့ ကျွန်မရဲ့ အလယ်တန်းနဲ့ အထက်တန်းကျောင်းသူဘဝမှာ မြန်မာစာသင်ပေးခဲ့တဲ့ ဆရာကြီးပေါ့။
ဆရာကြီးက ကျွန်မကို စာရေးတဲ့နေရာမှာ သိပ်ဖြစ်မြောက်စေချင်တာ။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကြည်ညိုလေးစားရတဲ့ ကိုယ့်ဆရာကြီးရဲ့ ဆန္ဒလေးတစ်ခုအတွက် မျှော်လင့်ချက် ရောင်ခြည်လေးပေါ်လာလို့ ကျွန်မသိပ်ပျော်မိပါတယ်။
တန်ဖိုးရှိတဲ့ စာကောင်းပေကောင်းတွေကို ရေးသားနိုင်အောင် ကျွန်မအများကြီး ကြိုးစားသွားပါ့မယ့်ရှင်။
ကျွန်မရေးတဲ့စာလေးတွေကို ဆက်လက်ဖတ်ရှုပေးကြပါဦး၊ လိုအပ်ချက်တွေ ရှိရင်လည်း ထောက်ပြပေးကြပါ၊ အကြံပေးကြပါဦးရှင်။အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်။
#စောမြတ်နွယ်
13.10.2024
Keep Reading