Author's Profile Photo

Nyi Han

13/10/2024

သူတော်ကောင်းဥစ္စာ

1 min read
Finance
Art
18 Again

သူတော်ကောင်း ဥစ္စာ "

အဇာတသတ် ထိုမင်းသည်
စစ်သည်စစ်မောင်းချီ၊၊
ဇောတိကမည် မြတ်သူဌေး
ပစ္စည်းလုဖို့လေး။

သူဌေးအိမ်ရှေ့ ရောက်တဲ့အခါ
လေးပါးစစ်အင်္ဂါ၊
မသူတော်စွာ လာတဲ့မင်း
နတ်တို့ကနှိမ်နင်း။

အကြောက်လွန်မင်း ပြေးလေသော်
ဝေဠုဝန်ကျောင်းတော်၊
ဗုဒ္ဓဖူးမျှော် ကုသိုလ်မွေ့
ဇောတိကနဲ့တွေ့။

ကြောင်းစုံသိ၍ မင်းမဟာ
ကျွန်ုပ် ပိုင်ဥစ္စာ၊
လက်ဝတ်တန်ဆာ ဤလက်စွပ်
သင်ရအောင်ပဲချွတ်။

ရှက်ဖွယ်ရေရွတ် ဒေါသမူ
အားစိုက်ချွတ်ကာယူ၊
ဇောချွေးအပူ မာန်ဟုန်တင်း
အဇာတသတ်မင်း။

ပုဆိုးခင်းလို့ ကိုယ်တိုင်မယ်
သူဌေးပေးမှာကွယ်၊
လွယ်ကူစွာရယ် ရလေသို့
သာဓက ပေမို့။

သူတော်ကောင်းတို့ ဥစ္စာကို
သူယုတ် ရချင်လို၊
ဘယ်ခါမဆို မရျမဲ
လားရ အပါယ္ငရဲ။ ။
ညီဟန်(ရွှေဆယ်သား)

Keep Reading

Personal Budget အတွက် 50/30/20 Rule ◾ဘ၀က ပိုလွယ်ကူလာတာမဟုတ်ဘူး၊ ကျွန်တော်တို့က ခံနိုင်ရည်ပိုရှိလာတာ ◾ကိုယ့်ရဲ့စိတ်ခံစားမှုတွေကို ကိုင်တွယ်နိုင်စွမ်းက ကိုယ့်ရဲ့ကြွယ်၀မှုအခြေအနေကို ဆုံးဖြတ်ပေးနိုင်တယ် ◾Financial Statement ကို ထိန်းချုပ်နိုင်ခြင်းက Financial Freedom အတွက်အခြေခံပဲ ◾❝ဈေးရောင်းခြင်း အနုပညာ❞သိထားသင့်တဲ့ Business EnglishFinancial Crimes of MyanmarBank Regulations - ဗဟိုဘဏ် စည်းမျဉ်းများထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾ခရစ်တိုငွေကြေး အပိုင်း-၆