Author's Profile Photo

Hein Zaw

17/07/2024

ကိုယ့်ရဲ့စိတ်ခံစားမှုတွေကို ကိုင်တွယ်နိုင်စွမ်းက ကိုယ့်ရဲ့ကြွယ်၀မှုအခြေအနေကို ဆုံးဖြတ်ပေးနိုင်တယ် ◾

1 min read
Life Style
General Knowledge
Finance
ကိုယ့်ရဲ့စိတ်ခံစားမှုတွေကို ကိုင်တွယ်နိုင်စွမ်းက ကိုယ့်ရဲ့ကြွယ်၀မှုအခြေအနေကို ဆုံးဖြတ်ပေးနိုင်တယ်
◾'s photo


လူတစ်ယောက်ဟာ သူ့ရဲ့စိတ်ခံစားမှု အရ စွမ်းအင်အတက်အကျ၊ လုပ်နိုင်ကိုင်နိုင်စွမ်းအနိမ့်အမြင့်ဖြစ်နိုင်သလို ငွေကြေးနဲ့ပတ်သက်တဲ့အကျိုးအမြတ်ဖန်တီးနိုင်မှုအပေါ်လည်း သက်ရောက်မှုရှိပါတယ်။

စိတ်ခံစားမှု (Emotion) ဆိုရာမှာ ကြောက်ရွံ့မှု၊ ဝမ်းနည်းမှု၊ ပျော်ရွှင်မှု၊ ဒေါသဖြစ်မှု၊ ချစ်ခြင်းမေတ္တာ၊ စိတ်ပျက်မှု စသဖြင့်အများကြီးရှိတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ကြားမှု စိတ်ခံစားမှုတွေဖြစ်ပုံချင်း မတူသလိုပဲ ဒီစိတ်ခံစားမှုတွေကို ဘယ်လိုကိုင်တွယ်သလဲဆိုတာကလည်း ခြားနားကြပါတယ်။

ငွေကြေးနဲ့ပတ်သက်လို့ စွန့်စားမှု (Risk) ယူရတဲ့အခါ ကျွန်တော်တို့အားလုံး အနည်းနဲ့အများဆိုသလို စိုးရိမ်မှုကတော့ ရှိကြတာပဲ။ ပြောရရင် ချမ်းသာတဲ့သူတွေတောင်မှ ကိုယ့်ငွေဆုံးမရှုံးမှာ ကြောက်ကြပါတယ်။ လူအများစုအတွက်၊ အထူးသဖြင့် သာမန်လူတွေအတွက် သူတို့ရဲ့အတွေးမှာ ကြောက်ရွံ့စိုးရိမ်မှုဆိုတဲ့ စိတ်ခံစားမှုက ပိုပြီးစိုးမိုးပါတယ်။ သူတို့က ငွေကြေးရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ရင် “စိတ်ချရအောင်ပဲလုပ်၊ Risk မယူနဲ့” လို့ ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းလေ့ရှိကြပါတယ်။
လူအများစုက ငွေကြေးအကျိုးအမြတ် များများရအောင် ရင်းနှီးမြှုပ်နှံမှုလည်းလုပ်လုပ်ချင်တယ်။ ဒါပေမဲ့ ဆုံးရှုံးမှာကြောက်တဲ့စိတ်ကအားကြီးလွန်းတော့ နောက်ဆုံး ဘဏ်မှာပဲ အပ်လိုက်ကြတာပါပဲ။ တချို့ဆို ကိုယ့်ရဲ့နားလည်ကွမ်းကျင်မှု၊ ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေအရမလုပ်ဘဲ လူအများဝယ်တဲ့ Asset တွေလိုက်ဝယ်တာမျိုးလည်း လုပ်တတ်ကြသေးတယ်။ ဒါမျိုးတွေက တကယ်အန္တရာယ်ရှိပါတယ်။

စစ်မှန်တဲ့ ရင်းနှီးမြှုပ်နှံသူတွေ၊ တကယ့်စီးပွားရေးလုပ်ငန်းရှင်တွေကျတော့ ငွေကြေးနဲ့သတ်သက်လို့ စွန့်စားစရာရှိရင် စိုးရိမ်တာတော့ စိုးရိမ်တာပဲ။ ဒါပေမဲ့ “ဉာဏ်ကိုသုံးပြီး အလုပ်လုပ်၊ Risk ကို သေချာစီမံခန့်ခွဲပါ” လို့ ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းလေ့ရှိကြတယ်။

တချို့ဆို ဒီလိုစီးပွားရေးလုပ်ရခက်ခဲတဲ့ကာလမျိုးမှာတောင် လုပ်လို့ရတာကို ရဲရဲကြီးဆက်လုပ်နေတာတွေ့ရတယ်။ သူတို့က စွန့်စားတယ်ဆိုရာမှာ လက်လွတ်စပယ်လုပ်တာမျိုးမဟုတ်ဘဲ တွက်ချက်ပြီး ရင်းနှီးမြှုပ်နှံကြတယ်။ အခြေအနေအရ ပြောင်းလဲဖြစ်ပေါ်လာတဲ့ အခွင့်အလမ်းတချို့ရှိတယ်။ ဒါကိုမြင်တတ်ပြီး တွက်ချက်စွန့်စားတဲ့အခါ စီးပွားရေးအကျိုးအမြတ်က ရလာတာပဲ။

ဒီတော့ ငွေကြေးနဲ့ပတ်သက်လို့ အခွင့်အလမ်းတွေ၊ အန္တရာယ်တွေကတော့ ပုံစံအမျိုးမျိုးနဲ့ရှိနေတာပဲ။ ဒါပေမဲ့ လူတစ်ဦးချင်း သူတို့ရဲ့စိတ်ခံစားမှုကို ကိုင်တွယ်နိုင်စွမ်းအပေါ်မူတည်ပြီး အကျိုးအမြတ်ဖြစ်ထွန်းတာတွေ၊ ကြွယ်၀မှုတွေကတော့ ကွာခြားသွားကြတယ်။ ငွေကြးနဲပတ်သက်ရင် IQ တင်မကဘူး၊ EQ ကလည်း တော်တော်အရေးပါပါတယ်။

#HeinZaw
#Emotion
#EmotionalIntelligence
#Risk

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)