သိုက်စံထွန်း
#ကော်ဖီတော်ကီ ☕?☕?
"မိုးလေး အေးအေးနဲ့ ကော်ဖီလေး သောက်လိုက်ရရင် သိပ်ကောင်းမှာပဲကွာ"လို့ ပြောလိုက်မိတာ ဘေးမှာ ဂိမ်းကစားနေတဲ့ သားတော်မောင်က သူဖျော်ပေးမယ် ဆိုပြီး ခဏနေတော့ ကော်ဖီတခွက် လာပေးတယ်။
@Me "သိပ်တော်တဲ့ ငါ့သားလေး ကျေးဇူးပါ"လို့ ကျွန်တော်က ပြောတော့ သူက
@ENP "ဖေဖေ ပြောစရာ ရှိလို့"
@Me "ဟေ ဘာလဲ ဖုန်းဘေလ် ကုန်သွားလို့လား"
@ENP "မဟုတ်ပါဘူး Avengersထဲက Thorသောရ် အကြောင်း မေးမလို့ပါ၊ သူက မသေမျိုးဖြစ်တဲ့ နတ်လို့ တချို့ဇာတ်ဝင်ခန်းထဲမှာ ပြောပြောနေလို့
အဲ့ဒါ စပိုက်ဒါမန်းတို့ အိုင်းရွန်းမန်းတို့နဲ့ဆို မတူဘူးပေါ့နော်"
@Me "အင်း ၊ ဒီဇာတ်ကောင်တွေက စိတ်ကူးယဉ် ဇာတ်လမ်းတွေထဲက ဆိုတော့
ပြောရတာ နည်းနည်း လက်ဝင်တယ် ၊
Thorတို့ အိုဒင်တို့ လိုကီတို့ ဆိုတာတွေက တကယ့် ရှေးခေတ် နတ်ဘုရားတွေ ဘာတွေထဲမှာလည်း
အဲ့အမည်တွေ အဲ့ဇာတ်လမ်း ကျောရိုးဆန်ဆန်တွေ ရှိတာတော့ ဖတ်ဖူးတယ်၊
ဒါပေမဲ့ Avengersထဲမှာကတော့ ဇာတ်လမ်းတွေက ကြည့်ကောင်းအောင် ပြု ပြင်ပြီးတော့ ထားတာပေါ့ကွာ"
@ENP "ဒါဆို Thorက တကယ်ရှိတာလား မရှိဘူးလား သူက ဘယ်ကလဲ"
@Me "သား မေးတာက တိုတိုလေး ဖြေရမှာက တော်တော်ရှည်မယ် ၊
ဒီ နတ်တွေ နတ်ဘုရားတွေ ဆိုတာက လူတွေ စဖြစ်ပါပြီ ဆိုကတည်းက လူတွေကိုယ်တိုင် စိတ်ထဲကနေ အားကိုးရာ အဖြစ် စိတ်ကူးနဲ့ ဖန်တီးထားကြတာလို့ တချို့ ပညာရှင်တွေက ပြောကြတယ်၊
ထူးခြားတာတို့ စွမ်းအားကြီးတာတို့ ဆိုရင် အားကိုးချင်စိတ်ကို တည်ပြီး ယုံကြည် ကိုးကွယ်လိုက်ကြတဲ့ သဘောမျိုးပေါ့ကွာ ရှိ မရှိတော့ အတိအကျ မသိဘူးလေ ၊
နော့ ဒဏ္ဍာရီထဲက အိုဒင် နဲ့ ဖြော်ဂင်တို့ရဲ့ သားလို့တော့ ဆိုကြတာပဲ သူ့လက်နက်တူကြီးနဲ့ မိုးကြိုးတို့ မုန်တိုင်းတို့ကို ပိုင်တယ်ဆိုတာလည်း Avengersထဲက အတိုင်းပဲ နည်းနည်းဆီတော့ တူတာပေါ့၊
အခုခေတ် Avengersရုပ်ရှင်ထဲမှာတင် ဇာတ်ကောင် ကျောရိုးဆင်တာတင် မကဘူး ဟိုး ရောမခေတ်
ဂရိခေတ် နတ်ဘုရား ယုံကြည်မှုတွေမှာလည်း
ဒီဇာတ်ကောင်တွေက အရောရောအထွေးထွေး
ခပ်ဆင်ဆင် ရှိတတ်တယ် ၊
ဟာကြူလီတို့ ဘာတို့ကလည်း ဒီဇာတ်ကောင်တွေနဲ့ နည်းနည်းတော့ ရှုပ်ရှုပ်ထွေးထွေး ဆင်တူနေတတ်တယ်၊
ဘာပဲ ပြောပြော အခုခေတ် Avengersဇာတ်ကားတွေကတော့ အောင်မြင်နေတာပဲ ဝင်ငွေတွေ
ကျော်ကြားမှုတွေကလည်း အံ့မခန်းပဲ၊
ပြောမရဘူး နောက်ရာစုနှစ်တွေမှာ ဆိုရင်
ဒီ Supermanတို့ Spidermanတို့တောင်
နတ်စာရင်း ဝင်ချင် ဝင်သွားနိုင်တယ်။"
@ENP "သားတို့ မြန်မာနိုင်ငံမှာလည်း အဲ့လို နတ်တွေ ဘာတွေ ရှိတယ်မလား ၊ ဇာတ်လမ်းတွေ ဘာတွေ ဆင်ပြီး ရုပ်ရှင်ကောင်းကောင်း ရိုက်ရင် ပေါက်ချင် ပေါက်နေမှာ "
@Me "အင်း ရှိပါတယ် ဘာတဲ့
အတွင်း ၃၇မင်း အပြင် ၃၇မင်း ဝန်း၃၇မင်းစုစုပေါင်း (၁၁၁ မင်း) ဆိုပြီး မှတ်ရလွယ်အောင် ပြောကြတာပဲ၊ ဇာတ်လမ်းတွေမှ စုံလို့ပဲ။"
@ENP "ဟား ဒါဆို မိုက်ပြီ တရုတ်ပြည်ကတောင်
နီကျားတို့ ဝူခုန်းတို့လို ဇာတ်လမ်းတွေ အများကြီးနဲ့ ပေါက်နေတာ (၁၁၁)ယောက်ဆိုတော့ အများကြီးပဲ၊
ဒါနဲ့ ၃၇ သုံးလီ တစ် သုံးလုံး ဆိုတော့ နံပတ် အလှလေးပဲ တမင်လုပ်ထားတာလား တိုက်ဆိုင်တာလား တခုခုပဲ ဘယ်လို ဖြစ်တာလဲ"
@Me "အမှန်တော့ ဗုဒ္ဓဘာသာဝင်တွေ ရွတ်ဖတ် ပူဇော်တတ်ကြတဲ့ အာဋာနာဋိယသုတ်ထဲမှာ ပါတဲ့ နတ်မင်းကြီး ၉ပါး နတ်စစ်သူကြီး ၂၈ပါးတို့ကို တည်ပြီး စုစုပေါင်း ၃၇ပါး ဆိုတဲ့ ကိန်းဂဏန်းကို နောက်ပိုင်း နတ်ကိုးကွယ်သူတွေက ရောချလိုက်ပုံ တူတယ် ထင်ပါတယ်ကွာ ဘုရားဟောထဲက ၃၇နဲ့
နတ်ဆရာတွေ နတ်ကတော်တွေ မိတ္တူပွား ပြီး ဖြတ်ညှပ်ကပ် လုပ်ကြပုံပေါ်တယ်၊
သား သိတယ်မလား အနော်ရထာမင်းကြီးက
နတ်ကိုးကွယ်တာတွေကို ထိန်းညှိချင်လို့
နတ်ရုပ်တွေကို ရွှေစည်းခုံဘုရား တံတိုင်း
တန်ဆောင်း အတွင်း နဲ့ အပြင်မှာ သိမ်းခိုင်းထားလို့
အတွင်း၃၇မင်း အပြင်၃၇မင်း ဆိုပြီး
အတွင်း အပြင် ခွဲ ခေါ်ကြတာလေ ၊ ဝန်း၃၇မင်း
ဆိုတာကတော့ နောက်တိုးတွေကို ခေါ်တာလား
မသိပါဘူးကွာ ၊ ဘာပဲ ပြောပြော သားပြောသလို တစ်သုံးလုံး ဆိုတော့ မှတ်လို့လွယ်တာပေါ့ ၊
ဒါပေမဲ့ အာဋာနာဋိယသုတ်ထဲက
နတ်မင်းကြီး၃၇မင်းက စာရင်းအတိအကျနီးပါး
ရှိတယ်
( ဣန္ဒ ၊ သောမ ၊ ဝရုဏ ၊ ဘာရဒွာဇ ၊ ပဇာပတိ ၊
စန္ဒန ၊ ကာမသေဠ ၊ ကိန္နုဃဏ္ဍု ၊ နိဃဏ္ဍု ၊ ပနာဒ ၊ ဩပမည ၊ မာတလိ ၊ စိတ္တသေန ၊ နဠောရာဇ ၊
ဇနေသဘ ၊ သာတာရီရ ၊ ဟေမဝတ ၊ ပုဏ္ဏက ၊
ကရတိယ ၊ သိဝက ၊ ဒေဝ ၊ ဝေသာမိတ္တ ၊ ယုဂန္ဓရ ၊ဂေါပါလ ၊ သုပ္ပရောဓ ၊ ဟီရိ ၊ နေတ္တိယ ၊ မိန္ဒယျ ၊
ယုလစန်ဒ ၊ အာဠာဝက ၊ ပဇ်ဇုန်န ၊ သုမန ၊ သုမုခ ၊
ဒစိမုခ ၊ မဏိ ၊ မာဏိဝရ ၊ သေရိသက )
ဣန္ဒ သိကြားမင်းတို့ မာတလိနတ်သားတို့ ပဇာပတိတို့ ပုဏ္ဏကတို့ အာဠာဝကတို့ ဆိုတဲ့ နတ်မင်းတွေကိုတော့ ခဏခဏ ကြားဖူးဖတ်ဖူးတဲ့ အထဲမှာ ရင်းနီးနေကြတာပဲ။"
@ENP "သိကြားမင်းတို့ မာတလိတို့တော့ ကြားဖူးတယ် ၊ ဒါဆို အဲ့ဒီ ၃၇ပါးက အတွင်းလား အပြင်လား။"
@Me "အဲ့ဒီ စာရင်းက ဗုဒ္ဓကျမ်းဂန်ထဲက အမည်ပေါက်စာရင်းလေ ၊ ဟို အတွင်းအပြင်စာရင်းထဲမှာကျတော့ နည်းနည်း ရှုပ်ကုန်တာပေါ့
အဲ့ဒီ နတ်စာရင်းတွေထဲမှာကျတော့ နိုင်ငံတကာနတ်တွေ နိုင်ငံခြားသား နတ်တွေ ဒေသန္တရ နတ်တွေ ပုဂ္ဂိုလ်တွေ တိုင်းရင်းသား နတ်တွေ ဘာတွေပါ ရောထားတာပေါ့
ဘုရားဟောထဲက နတ်တွေနဲ့ နောက်ပိုင်းခေတ်
နတ်တွေနဲ့ ရောထားမှ သာသနာပြုတယ်တွေ
ဘာတွေ ဆိုပြီး ရောချလို့ရမှာလေ
တချို့ ကိစ္စတွေက။"
@ENP "ဟာ နိုင်ငံတကာတွေ ဘာတွေနဲ့ ဆိုတော့ ဘယ်လိုတွေလဲ ရှုပ်ကုန်ပြီ။"
@Me "စာရင်းတွေက ခေတ်အလိုက် ပြောင်းတာ ပြင်တာ ရှိတော့ ကွဲလွဲတာတွေ ရှိနိုင်တယ် ၊
မန္တလေးရွှေမြို့တော်တည် စာတမ်းမှာ အတွင်း၃၇မင်း စာရင်းကို အသေးစိတ် ရေးထားတာ ရှိတယ်
( သိကြားမင်း ၊ စတုရဌ ၊ ဝရူဠက ၊ ဝိရူပက္ခ ၊
ကုဝေရ ၊ ဇမ္ဗူဒီပ ၊ ဇမ္ဗူတံဆိပ် ၊ ဇမ္ဗူချမ်းသာ ၊ ဇမ္ဗူကျက်သရေ ၊ ဇမ္ဗူသပြေ ၊ ဇမ္ဗူတန်ဆောင် ၊ ဇမ္ဗူတမွတ် ၊ ဇမ္ဗူရန်အောင် ၊ ဗျသင်္ဂီနတ်သမီး ၊
မဟေသရ ၊ ရွှေပြည်သင် ၊ ရွှေညိုသင် ၊ ရွှေစကား ၊ ပွဲစားကြီးနတ်မင်း ၊ ခရားပင်စောင့်နတ်မင်း ၊ အင်ကြင်းပင်စောင့် နတ်မင်း ၊ သပိတ်တော်နှင့်
ယပ်တော်စောင့် နတ်မင်း ၊ အာဠာဝက ၊ ကြေးစန္ဒီနတ်သမီး ၊ ကြော့စန္ဒီနတ်သမီး ၊ ရွှေမြို့နတ်ရှင် ၊ ဆင်ဖြူရှင်နတ် ၊ ငနွယ်သင် ၊ ငဆွယ်သင် ၊
ဖက်ပသင် ၊ ထုံသင်းကြီး ၊ မြင်းဖြူရှင် ၊ မာရ်နတ်မင်း ၊ မန်ကျည်းပင်စောင့်နတ် ၊ သူရဿတီနတ်သမီး ၊ မဟာပိန္နဲနတ် )
အဲ့ဒီထဲမှာ ဗုဒ္ဓဘာသာကျမ်းဂန်တွေအလိုအရ သိကြားမင်းလို နတ်မင်းကြီးလေးပါးလို
နတ်တွေ ပါပြီးတော့ တချို့ နတ်တွေဆို သောတာပန်၊ အနာဂါမ်၊ အရိယာနတ်တွေတောင်
ပါတယ် ရိုးရိုးသာမာန် ပုထုဇဉ် နတ်တွေတောင် မဟုတ်ဘူးနော ၊
ပြီးတော့ ဟိန္ဒူဘာသာမှာ အဓိက နတ်ဘုရားတွေ ဖြစ်တဲ့ သူရဿတီတို့ မဟာပိန္နဲတို့လို နတ်ဘုရားတွေတောင် ပါတယ်
တချို့ဆိုရင် သူရဿတီနတ်သမီးကို ဗုဒ္ဓဘာသာရဲ့ ပိဋကတ်သုံးပုံစောင့် နတ်သမီးလို့တောင် ပြောကြတာ
တကယ်တော့ ဟိန္ဒူဘာသာရဲ့ အတော်အရေးကြီးတဲ့ နတ်ဘုရားမ တပါးလေ သူက ၊
နောက်ထပ် ထူးခြားတဲ့ နတ်တပါးက မာရ်နတ်မင်းတောင် ပါသေးတယ် ၊ သူက သိကြားမင်းတို့
မာတလိ နတ်သားတို့တောင် ထွက်ပြေးရလောက်အောင် စွမ်းတဲ့ ဘုရားရှင် လက်ထက်က မာရ်နတ်လား ဘာလားတော့ မသိဘူး တော်တော် စွမ်းတဲ့ အနေအထားတော့ ရှိတယ် ၊
သမိုင်းကြောင်းတွေ ယဉ်ကျေးမှုတွေ အယူဝါဒတွေက နှစ်တွေအများကြီး ကြာလှပြီ ဆိုတော့ ရောထွေးကုန်လာတာပေါ့ ။"
@ENP "ဟို မာတလိနတ်သား ဆိုတာ ဟိန္ဒူ ဘုရား ဇာတ်ကားတွေထဲမှာ ပါတဲ့ ဗျပ်စောင်း နဲ့ စည်းဝါး ကိုင်ပြီး နာရာယ နရယာ လို့ ဝင်ဝင် ပြောတဲ့
နတ် မို့လား သူလည်း အတူတူပဲနဲ့ တူတယ် ၊
ပြီးတော့ အပြင်၃၇မင်း စာရင်းကရော ရှိသေးတယ်မလား။"
@Me "အဲ့ဒီ အပြင် ၃၇မင်း စာရင်းက ပိုရှုပ်တယ် ၊
ဝန်ကြီး ပဒေသရာဇာ ရေးခဲ့တဲ့ နတ်သံထဲက စာရင်းရယ် ၊ မြဝတီမင်းကြီးဦးစရဲ့ စာရင်းရယ်
နောက်ထပ် ခုနက ပြောတဲ့ မန္တလေးရွှေမြို့တော်တည် စာတမ်းထဲက စာရင်းတွေရယ် ဆိုတော့ နည်းနည်းစီ ကွဲလွဲတာပေါ့ ၊
ခေတ်တွေကလည်း ပုဂံခေတ်ထက် စောတဲ့ ကာလကနေ ပုဂံခေတ်၊ မြင်စိုင်း၊ ပင်းယ ၊ ညောင်ရမ်း ၊ အင်းဝ ၊ တောင်ငူခေတ်တွေ အစုံဆိုတော့ တိုးတာ ထပ်တာ လျော့တာ ရှိမှာပဲ၊
မြဝတီမင်းကြီးရဲ့ အပြင်၃၇မင်း စာရင်းမှာလည်း သိကြားမင်း နတ်က ပင်တိုင် ပြန်ပါတာပဲ
( သိကြားမင်း ၊ မင်းမဟာဂီရိ ၊ နှမတော် စောမယ်ယာ ၊ ရွှေနဘေ ၊ သုံးပန်လှ ၊ မနဲမိ (မနှဲလေး) ၊ တောင်ကြီးရှင်ညို ၊ မြောက်မင်းရှင်ဖြူ ၊
ထီးဖြူဆောင်းနတ် ၊ ထီးဖြူဆောင်းမယ်တော် ၊
ပရိမ္မ မင်းခေါင် ၊ ရွှေဖျဉ်းကြီး ၊ ရွှေဖျဉ်းငယ် ၊ မန္တလေး ဘိုးတော် ၊ ရှင်ကွနတ် ၊ ညောင်ချင်းအို ၊ မင်းစည်သူနတ် (အလောင်းစည်သူမင်းကြီး) ၊
ဒန်းမောင်ရှင် ၊ မင်းကျော်စွာ (ကျော်၄ကျော်) ၊ အောင်စွာ ၊ ရွှေစစ်သင် ၊ မယ်တော်ရွှေစံကား ၊
ငါးစီးရှင် ၊ မင်းတရားနတ် ၊ မောင်ဖိုးတူ ၊
အနောက်မိဖုရား ၊ အောင်ပင်လယ် ဆင်ဖြူရှင် ၊
ရွှေနော်ရထာ ၊ မင်းရဲအောင်ဒင် ၊ မောင်မင်းဖြူ ၊ ရှင်တော်နတ် (သင်္ကန်းဝတ် ခေါင်းဆောင်းဝတ်) ၊
တပင်ရွှေထီးနတ် ၊ မြောက်ဘက်ရှင်မ ၊
တောင်ငူရှင်မင်းခေါင် ၊ သံတော်ခံနတ် ၊
ယွန်းဘုရင်နတ် )
ဝန်ကြီးပဒေသရာဇာရဲ့ နတ်သံထဲက ၃၇မင်း နတ်စာရင်းနဲ့ မြဝတီမင်းကြီးဦးစရဲ့ စာရင်းက ထက်ဝက် ခေါက်ချိုးလောက် ကွဲပြားနေတယ်လို့ ပြောကြတယ် ၊
(ဝန်ကြီးပဒေသရာဇာ စာရင်းထဲက
ဦးစ စာရင်းနဲ့ မတူတဲ့ နတ်တွေက -
အနန္တပစ္စည်းနတ် ၊ ရန္တပစ္စည်းနတ် ၊ မြင်စိုင်းရွှေနန်းရှင် ၊ သီဟပတေ့နတ် ၊ ရမည်းသင်းစား
သီလဝနတ် ၊ စည်းတပြစ်ကြီးနတ် ၊ မင်းလှငယ်နတ် ၊ မင်းကြီးရန်နောင် ၊ သတိုးမင်းစော ၊
ငါးဆူဒါယကာမင်းနတ် (ဘုရင့်နောင်သား နန္ဒမင်း) ၊ မင်းရဲဒိဗ္ဗ ၊ ရှင်တရုတ်နတ် ၊ မဟာသတိုးသီဟသူရ ၊ မင်းရဲသီဟသူကျော်ထင် ၊ ဝေါကြီးမှူးနတ် ၊
သတိုးမင်းကြီး ၊ သခင်စစ်နတ် ၊ ထိလပ်နတ် ၊
မင်းရဲဇယသူနတ် )
ဟိုစာရင်း ဒီစာရင်း မပါလိုက် ပါလိုက်နဲ့ ကျန်သေးတဲ့ နတ်တွေလည်း ရှိသေးတယ်
ဘိုးမင်းကျော်နတ် ၊ ကိုးကျောင်းတကာနတ် ၊ မယ်တော်ရွှေအိမ်စည်နတ် ၊ တောင်ကြီးရှင်နတ် နဲ့ တချို့နတ်တွေကတော့ အမည်မတူ ပုံစံတူ
အမည်ကွဲ ပုံစံမကွဲ အမျိုးမျိုးပါပဲ ၊
အတွင်း၃၇မင်း အပြင်၃၇မင်း စာရင်းက ဘာပဲ ပြောပြော မှတ်တမ်း မှတ်ရာ တချို့ ရှိသေးတော့
တော်သေးတယ် ပြောရမှာ မြဝတီမင်းကြီးဦးစ တို့ ဝန်ကြီးပဒေသရာဇာတို့ မန္တလေးစာတမ်းတို့ကို
ကိုးကားလို့ ရသေးတယ်
နောက်ထပ် ရှိသေးတယ်ဗျား ။"
@ENP "ဟင် ရှိသေးတယ်လား ။"
@Me "ရှိတာပေါ့ ဒါက အတွင်း အပြင် မှတ်တမ်းမှတ်ရာပဲ ရှိသေးတာ တခြား ..........
သိုက်စံထွန်း
#ThikesantunWritingNotes
#thikesantunwritingnote
Keep Reading