Author's Profile Photo

ကျော်ဇောအောင်

22/03/2024

SarPhat application user များထံသို့ ပေးစာ။

1 min read
Marketing
SarPhat application user များထံသို့ ပေးစာ။'s photo

ဒီ Application ဟာ ကျွန်တော်တို့အတွက် Nice ပါ။ တစ်ခုရှိတာက စာဖတ်သူရော စာရေးသူတွေပါ သိရမှာက ကိုယ်ရေးတဲ့ ဖတ်တဲ့စာတိုင်း လုံးဝမှန်တယ်လို့ တစ်ထစ်ချ မတွေးဖို့ အကြံပေးပါရစေ။ (အခု အကြံပေးတဲ့ ကျွန်တော် ပြောတာလည်း မယုံနဲ့။)

ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ ဘုရားမဟုတ်လို့။ ဗုဒ္ဓဘာသာဝင်ဆိုရင် သိမှာပါ။ ဘုရားဆိုတာ သိစရာ အလုံးစုံကို အကုန်အစင် သိတာပါ။ (ကျွန်‌တော်တို့တစ်တွေဟာ မသိတာတွေ အများကြီးပါ။)

အဲ့ဒါကြောင့် တင်သမျှ စာတိုင်းကို ချင့်ချိန်ပြီး ယုံဖို့ပါ။ ဖတ်ပြီး ရေးပြီးတာနဲ့ သေသေချာချာ ပြန်စဉ်းစားပါ။ ပြောတာ မရှင်းရင် ဘုရား‌ဟော ကာလာမသုတ်ဖတ်ပါ။ Google မှာ ကာလာမသုတ်လို့ ရှာရင် တွေ့နိုင်ပါတယ်။ (ကာလာမသုတ် အနှစ်ချုပ်ကို ဖော်ပြပေးပါရစေ။)

[ကာလာမမင်းတို့ သင်တို့သည်-

ပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

အစဉ်အဆက် စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး။

ပိဋကတ် (မိမိတို့ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

နည်းမှီးယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

(ငါတို့) ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

ကာလာမမင်းတို့ '

ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၂ဝယ်ရောင်း လုပ်မယ်ဆိုရင်….ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၁ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၃တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၇)What is Digital Marketing?◾လုပ်ငန်းတိုင်း ဖန်တီးထားသင့်တဲ့ Content Type (1) ခုလူတိုင်း စာရေးကြတယ် - အပိုင်း ၁: ပိုကောင်းအောင် ဘယ်လိုရေးမလဲလူတိုင်း စာရေးကြတယ် - အပိုင်း ၃: ဇာတ်လမ်း ပြောပြခြင်းလူတိုင်း စာရေးကြတယ် - အပိုင်း ၅: Marketer တွေ ရေးကြတဲ့ စာပုံစံ အမျိုးမျိုး

Unlock to read this premium article with 10 points.