Tain Hlwar Nge

အချို့က အချစ်နဲ့အချစ် ထပ်တူမကျတာကို
နာကျင်မှုလို့ပြောတယ်။
အချို့ကတော့ ဝါသနာနဲ့ဝမ်းစာ ထပ်တူမကျတာကို
နာကျင်မှုလို့ပြောပြန်တယ်။
အချို့ကကျလည်း သွားချင်ရာ သွားခွင့်မရ၊စားချင်တာ စားခွင့်မရတာကို
နာကျင်မှုလို့ အဓိပ္ပာယ်ဖွင့်တယ်။
တကယ်တော့ လူတိုင်းမှာ အနည်းဆုံးနာကျင်မှုတစ်ခုစီ ရှိကြစမြဲပါပဲ။
ကိုယ်ကြုံနေရတဲ့ ဖြစ်ရပ်ကိုအခြေခံပြီး နာကျင်မှုအပေါ်ဖွင့်ဆိုတဲ့ စကားလုံး အသုံးအနှုန်းတွေပဲ ကွာသွားတာပါ။
နာကျင်မှုရဲ့ တကယ့်အဓိပ္ပာယ်အစစ်အမှန်ဟာ
ထပ်တူမကျရခြင်း မဟုတ်လား။
ဖြစ်ချင်တာနဲ့ ဖြစ်နေတာ ထပ်တူမကျတာဟာ
နာကျင်စရာ၊နာကျင်မှုမဟုတ်ပါလား။
အမျိုးသမီးလေးရေ
လူတိုင်းက မတူညီတဲ့ နာကျင်မှုတွေထွေးပွေ့ပြီး ရှေ့ဆက်နေကြရတာမလို့ ကိုယ်ကပဲ ပိုနာကျင်နေရတယ်၊ ကိုယ့်ဖြစ်ရပ်ကပဲ ပိုပြင်းထန်နေတယ်လို့ မတွေးမိပါစေနဲ့နော်။
နောက်ပြီး လူတိုင်းကို အများကြီးလည်း ရင်မဖွင့်မိပါစေနဲ့၊အခုထက်ပို တိတ်ဆိတ်ပါ၊အခုထက်ပို တည်ငြိမ်ပါ။ ရင်ဖွင့်စာ (ဒိုင်ယာရီ)သာ ရေးပါ။
အများကို ရင်ဖွင့်တဲ့သူ၊ပြောပြတဲ့သူ မလုပ်ဘဲ
အရင်းနှီးဆုံးလူအချို့အတွက် သူတို့ယုံကြည်ပြီး အားကိုးတကြီး တိုင်ပင်ရင်ဖွင့်လို့ရတဲ့သူအဖြစ်ပဲ ရပ်တည်ပါ။
ငှက်ကလေးမလုပ်ဘဲ သစ်ပင်ကြီးသာ လုပ်ပါ။
တိတ်ဆိတ်မှုတွေဟာ အင်အားကြီးတယ်၊
သည်းခံမှုတွေဟာ စွမ်းအားကြီးတယ်ဆိုတာ ယုံကြည်ပါ။သတိရပါ ချစ်ရတဲ့အမျိုးသမီးလေး ငါရေ။
ခရမ်းရောင်
Keep Reading