Author's Profile Photo

Han Thar

10/10/2024

ကျနော်တို့ရဲ့ နာကျင်မှုတွေဖြေဖျောက်ပေးသော‌ဆေးလိပ်

1 min read
Health
18 Again
ကျနော်တို့ရဲ့ နာကျင်မှုတွေဖြေဖျောက်ပေးသော‌ဆေးလိပ်'s photo


ဆေးလိပ် လို့ပြောရင် မကောင်းတဲ့အရာဆိုတာလူတိုင်းသိကြပါတယ်။ ဒါပေမဲ့အသက်သေစေမှန်းသိရက်နဲ့ သောက်တဲ့ လူတစ်ချို‌တော့ရှိတယ်။ကျနော်တို့ လူငယ်တွေလဲ ဆေးလိပ်နဲမကင်းတဲ့သူတွေလဲရှိပါတယ်။

ဆေးလိပ်သောက်တာကျန်းမာရေးထိခိုက်တယ်၊ဒါပေမဲ့ တစ်ခါတစ်လေ ဘဝရဲ့ခါးသီးမှု့က ဆေးလိပ်သောက်ပီး ခံစားရတာ၊ကျနော်တို့လူငယ်တွေဆေးလိပ်သောက်တာ မကောင်းမှန်းသိတယ်။ တစ်ချို့လူငယ်တွေက အခက်ခဲတွေရှိလို့ ပြဿနာတွေရှိလို့ နာကျင်စရာတွေရှိလို့ မိသားစုပြဿနာတွေ နဲ့မွန်းကြပ် နေလို့ စိတ်ထွက်ပေါက်ရှာရင်းသောက်ကြတာဖြစ်ပါတယ်။

ဆေးလိပ်ကစွဲရင် ဖြတ်ဖို့ခက်ပါတယ်။ဘယ်အရာမဆိုပါ စွဲလမ်းရင် ဖြတ်ဖို့ခက်ခဲပါတယ်။ ကျနော်သူငယ်ချင်းတွေမှာလဲ ဆေးလိပ်သောက်တတ်သူတွေလည်းရှိပါတယ်။

ကျနော်ပြောချင်တာက ဗျာ ဆေးလိပ်ကို မဖျက်နိုင်ရင်တောင် အတတ်နိုင်ဆုံးလျှော့သောက်စေချင်တယ်။ ပြီးတော့ ဆေးလိပ်မသောက်သင့်တဲ့ နေရာတွေလည်းရှိပါတယ်။

1.ကိုယ်ဝန်ဆောင်မိခင်များရှေ့

2.မွေးကင်းစ ကလေးငယ်များရှေ့

3.ဘတ်စကား စီးနေချိန် လူအများရှေ့

4.ဆေးရုံထဲမှာ

5.ဓာတ်ဆီဆိုင်နဲ့ပေါက်ကွဲတတ်တဲ့ ပစ္စည်များရှေ့

ရှောင်ရှားပေးကြပါ။ကိုယ့်ရှေ့မှာ လူတစ်ချို့ အဲနေရာတွေ မရှောင်ရှားပဲ ဆေးလိပ်သောက်နေရင်လဲ သတိပေး ပေးပါ။ ပြီးတော့ ကိုယ်ကဆေးလိပ်မသောက်တတ်သေးရင် သွားမစမ်းကြည့်ပါနဲ့ ကျနော်ကိုယ်တွေ့ မလို့ပါ။စွဲမိရင် ဖြတ်ဖို့ခက်ခဲတယ်။ အဲဒါကြောင့် အတတ်နိုင်ဆုံး ဆေးလိပ်သောက်လျှော့ကြပါလို့ ကျွန်တော်က ပြောချင်ပါတယ်။

10.10.2024
Han Thar

Keep Reading

အထိုင်များသူများအတွက် Posture များနည်းပညာရဲ့ကျွေးကျွန်များ ဖြစ်လာနေပြီလားစိတ်အပန်းပြေစေမယ့် စာအုပ်ကောင်းလေးများDoorway Effectသင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?မပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။