Author's Profile Photo

Yati

10/10/2024

သူငယ်ချင်းထံသို့ပေးစာ

1 min read
Creative

ဟေ့ သူငယ်ချင်းလေးရေ..

ငါ မင်းကို တစ်ခုလောက်မေးချင်မိတယ်။ မင်းရဲ့ မိဘတွေ မင်းကို အခုလို လူတစ်ယောက်ဖြစ်လာ‌ေအာင်, လူ့လောကကြီးထဲကို ရောက်လာအောင် ဘယ်လိုနည်းတွေနဲ့တောင် ပင်ပန်းအနစ်နာခံပြီး ကျွေးမွေး ပြုစုပျိူးထောင်စောင့်ရှောက်ခဲ့လဲ။ ဘာတွေကို ဘယ်လို သွန်သင်ဆုံးမခဲ့လဲ။

ငါသိရသလောက်တော့ မင်းရဲ့ မိဘတွေက လေးစားအားကျစရာကောင်းပြီး တကယ်ကို ရိုးသားကြိုးစားကြတဲ့သူတွေ၊ မိသားစုအတွက်လည်း အဂိတကင်းကင်း၊ သမာအာဝီစကျကျနဲ့ ကံ၊ဉာဏ်၊ဝီရိယ သုံးပါးကိုသာ လက်ကိုင်ထားအားကိုးပြီး ဥစ္စာရှာကြတယ်။ မင်းအရွယ်ရောက် သိတတ်နားလည်တ‌ဲ့ အချိန်ရောက်တော့လည်း ကံ၊ ကံရဲ့ အကျိုးကို နားလည်သိမြင်တဲ့ ဗုဒ္ဓဘာသာကောင်းတစ်ယောက်ပီသအောင်၊ မိဘရဲ့ အဆုံးအမ အရိပ်အောက်မှာနေပြီး မင်းရဲ့စိတ်တွေကို ရင့်ကျက်တည်ငြိမ်နူးညံ့လာအောင်၊ လောကီ လောကုတ္တရာရေးတွေမှာလည်း အောင်မြင်တဲ့ လူကောင်းတစ်ယောက်ဖြစ်အောင် အများကြီး ဆုံးမသွန်သင်ခဲ့တယ်။ ငါ အခုပြောတာတွေအကုန်လူံးက မှန်လိမ့်မယ်၊ မင်း မငြင်းနိုင်ဘူးဆိုတာ ယုံကြည်တယ်။

သူငယ်ချင်းရေ၊ အခုတော့ မင်းအလှည့်ရောက်ပြီနော်။ မင်းမိဘတွေလည်း လောကကြီးမှာ ကြိုးစားရုန်းကန်ကျင်လည်ရင်းနဲ့ အသက်တွေလည်း တဖြည်းဖြည်း အဆင့်တက်ပြီး အိုမင်းရင့်ရော်လာခဲ့ပြီ။ အဲ့တော့ မင်း ဘာလုပ်မယ်၊ မင်းမိဘတွေရဲ့ ကျေးဇူးကို မင်း ဘယ်လိုဆပ်မလဲဆိုတာ တွေးနေပြီမလား။ ဒါပေမယ့် ကျေးဇူးဆပ်ပြီးပြီးရောဆိုပြီး လုပ်လို့ရတဲ့ထဲမှာတော့ မိဘ ကျေးဇူး မပါဘူးနော်။ မိဘတွေဆိုတာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ မိဘက မိဘပဲမို့ အဆုံးထိ မင်းလုပ်ရမယ်။ မင်းကို ရိုးသားကြိုးစားပြီး လိမ္မာရေးခြားရှိရှိန‌ဲ့ သူတို့အပေါ်မှာ သိတတ်နားလည်တဲ့သူတစ်ယောက်ဖြစ်စေချင်တ‌ဲ့ မိဘတွေကတော့ ရိုးသားစွာပဲ ကြိုးစားရှာ‌ဖွေပြီး ကြီးပွားအောင်မြင်စွာနဲ့ ကျေးဇူးဆပ်တာပဲလိုချင်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပဲ။

မင်း ကြိုးစားရှာဖွေထားတဲ့ ပစ္စည်းဥစ္စာတွေနဲ့ မင်းမိဘကို ကန်တော့တဲ့အချိန် သူတို့ရဲ့ရင်ထဲကလာတဲ့ ဝမ်းသာပီတိမှုအပြည့်၊ ယုံကြည်ချီးကျူးမှုအပြည့်နဲ့ ပြောလာမယ့် "ငါ့သားလေးရယ် သာဓုပါကွယ်၊ ငါ့သမီးလေးရယ် သာဓုပါကွယ်" ဆိုတဲ့စကား၊ ဆုပေးစကားတွေကို မင်းရဲ့ ရင်တွင်းနှလုံးသားထဲကနေ လိပ်ပြာလုံလုံ၊ စိတ်သန့်သန့်၊ ရိုးသားမှုအပြည့်နဲ့ ခံယူနိုင်အောင် မင်းကြိုးစားရမယ်နော် သူငယ်ချင်း

မင်းကို ရိုးသားကြိုးစားပြီး
ကျေးဇူးတရားကို သိတတ်နားလည်
တဲ့သူဖြစ်လာစေချင်တဲ့
မင်းကိုချစ်တဲ့ငါ




("အမေများနေ့" ဟောပြောပွဲတစ်ခုမှ ပြောကြားချက်အား မှီငြမ်းရေးသားသည်)

#Yati
(10 Oct, 24)

Keep Reading

ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 22ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 27ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 26လယ်ယာစိုက်ပျိုးရေးအထိပါ နောက်ထပ် ရောက်ရှိလာတော့မည့် AIမဟာဘုတ်(၁)ကြွင်း (၇)ရက်သားသမီးများအတွက် ၁၃၈၇ခုနှစ်၏ဆန်းကျင်ဂြိုလ်အဟောPowerful ဖြစ်တဲ့ Self Study လုပ်နည်းပျောက်ကွယ်မသွားအမွေနှစ်များ....မေ့လျော့ခံရသော လူသား၏ နောက်ဆုံးအချိန်များစာဖတ်ခြင်းGod's plan & My plan