Honey cho

အဆုတ်ကင်ဆာအကြောင်း သိကောင်းစရာ
=============================
အဆုတ်ကင်ဆာ ဆိုတာ ❓
အဆုတ်ထဲမှာပုံမှန်ရှိနေတဲ့ ဆဲလ်တွေက အသွင်ပြောင်းလဲသွားတာပဲဖြစ်တယ်။ ဒါဟာဘာကြောင့်လဲဆိုရင် အန္တရာယ်/အဆိပ်အတောက် ရှိတဲ့ ဓါတုပစ္စည်း အငွေ့တွေကို ထိတွေ့ရှုမိတာကြောင့်ပဲဖြစ်ပါတယ်။ ဒီလို အန္တရာယ်ရှိတဲ့ပစ္စည်းတွေနဲ့ ထိတွေ့မှု များလေလေ အဆုတ်ကင်ဆာ ဖြစ်ဖို့ ပိုများလေလေ ပါပဲ။
ဘယ်လို လူတွေမှာ တွေ့ရတတ်လဲ ❓
? ဆေးလိပ်သောက်သုံးသူများက ဆေးလိပ်မသောက်သူတွေထက် အဆုတ်ကင်ဆာ ဖြစ်နိုင်ချေ 90% ပိုရှိပါတယ်။ ဆေးလိပ်မှာ ပါဝင်တဲ့ ဆေးရွက်ကြီးမှာ ဆိုရင် အဆုတ်ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းများစွာ ပါဝင်တာကြောင့်ဖြစ်ပါတယ်။ နေ့စဉ်သောက်ခဲ့တဲ့ဆေးလိပ် အရေအတွက်၊ သောက်ခဲ့သော အချိန်ကာလ အနည်းအများပေါ်မူတည်ပြီး အဆုတ်ကင်ဆာဖြစ်နိုင်ချေက ကွဲပြားသွားပါတယ်။ နှစ်ကာလကြာရှည်လေ ဖြစ်နိုင်ချေပိုများလေ ဖြစ်ပါတယ်။
? ဒါ့အပြင် ကိုယ်တိုင် က ဆေးလိပ်မသောက် ပေမယ့်နေ့စဉ် အနီးအနားက ဆေးလိပ်ငွေ့ရှူမိနေတဲ့ သူတွေ မှာလဲ ဆေးလိပ်သောက်သူကဲ့သို့ အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ချေ ရှိပါတယ်။
? Radon ဓါတ်ငွေ့ နဲ့ ထိတွေ့မှု များသူများ မှာလဲ အဆုတ်ကင်ဆာ ဖြစ်နိုင်ချေများပါတယ်။ Radon ဓါတ်ငွေ့ဆိုတာ မြေကြီး/ကျောက်တုံးတွေမှာ သဘာဝ အတိုင်း ရှိနေတတ်ပြီး ယူရေနီယမ်သတ္တုပြိုကွဲတာကထွက်လာတဲ့ အရောင်အနံ့မရှိတဲ့ ဓါတ်ငွေ့တွေ ဖြစ်ပါတယ်။ သဘာဝအားဖြင့် အိမ်၊ကျောက်တုံးကျောက်စိုင်များ၊ပိုက်လိုင်းများ တွင် အလိုအလျောက်ရှိနေတတ်ပါတယ်။ ဒီသဘာဝအတိုင်းရှိတတ်တဲ့ gas တွေကို သတ်မှတ်ထားတဲ့ပမာဏထက်ပို၍ရှူမိရင်လဲ အဆုတ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ U.S မှာ ဆိုရင်တော့ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာဖြစ်တာများသလို Radon gas ကြောင့် အဆုတ်ကင်ဆာဖြစ်တာလဲ အတော်များတာကို အမြောက်အများတွေ့ရပါတယ်။
? အခြားသတိထားစရာအနေနဲ့ Asbestos လို့ခေါ်တဲ့ မီးခံကျောက်မှုန့် ဖိုင်ဘာအမျှင်များ ရှူမိခြင်း ကြောင့်လဲ အဆုတ်ကင်ဆာ ဖြစ်နိုင်ပါတယ်။ အဆောက်အဦးတွေမှာ အပူခံအောင် Asbestos တွေကိုအိမ်မျက်နှာကျက်တွေမှာ အရင်ကသုံးခဲ့ဖူးပါတယ်။ ဒီအပူခံတဲ့ Asbestos တွေကို အိမ် ဆောက်လုပ်ရေး လုပ်ငန်းများ၊ အထည်အလိပ် လုပ်ငန်း၊ မော်တော်ကားနှင့် စက်ရုံလုပ်ငန်းတွေမှာ တွေ့ရတတ်ပါတယ်။ ဒီအမှုန့်တွေကိုရှူမိတဲ့အခါ လည်ချောင်း လေပြွန်တလျှောက်ကပ်နေရာကနေ အဆုတ်ထဲရောက်ပြီး ပုံမှန်ရှိနေတဲ့ဆဲလ်တွေကို ကင်ဆာဆဲလ်အဖြစ်ပြောင်းလဲစေနိုင်ပါတယ်။
? Arsenic , Chromium ,diesel မှထွက်သော အနံ့အငွေ့များ၊ silica ပါဝင်မှု များသော နေရာများတွင် အလုပ် လုပ်နေကြရသူများမှာလဲ အဆုတ်ကင်ဆာ ဖြစ်သွားမှု များတတ်တယ်။
? လူဦးရေထူထပ်သောနေရာများနှင့်လေထုညစ်ညမ်းခြင်း ကလဲ အဆုတ်ကင်ဆာဖြစ်စေတဲ့ အရေးကြီး အချက်တစ်ချက်ဖြစ်ပါတယ်။ မီးခိုးငွေ့များ၊မော်တော်ကားများမှ ထွက်လာသော အခိုးအငွေ့များ ၊လောင်စာဆီများမှ ထွက်သော အငွေ့များ၊ ကျောက်မီးသွေးများလောင်ကျွမ်းရာမှာထွက်လာသောအငွေ့များ ၊ဆေးလိပ်ငွေ့များ ရှူမိခြင်းကြောင့် အဆုတ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။
? ယခင်က ရင်ဘတ် ဒါမှမဟုတ် တခြားကင်ဆာရောဂါ တစ်ခုခုအတွက် ဓါတ်ရောင်ခြည်ကုထုံးခံယူဖူးသူများမှာလဲ အဆုတ်ကင်ဆာ ဖြစ်နိုင်ချေများပါတယ်။
? မိသားစုထဲ (မိဘ ၊မောင်နှမ) တွင် အဆုတ်ကင်ဆာရောဂါ ရှိဖူးသူတွေ မှာလဲ အဆုတ်ကင်ဆာ ဖြစ်တာ တွေ့ရပါတယ်။
အဆုတ်ကင်ဆာ လက္ခဏာများ ❗
?? အဆုတ်ကင်ဆာ ရောဂါရှိတဲ့သူတွေက ကင်ဆာ ရောဂါ အများစုလိုပဲ အစောပိုင်းတွေမှာ လက္ခဏာပြလေ့မရှိပါဖူး။ အစောပိုင်း လက္ခဏာအနေနဲ့ တွေ့ရပြီဆိုရင်လဲ အဆုတ် / အသက်ရှူ လမ်းကြောင်းနဲ့ဆိုင်သော လက္ခဏာများသာပြတတ်ပါတယ်။
• ပုံမှန်နဲ့မတူပဲ အသံပြောင်းလဲလာခြင်း (ဩလာခြင်း / အသံ အက်ကွဲရှလာခြင်း)
• ခဏခဏ အဆုတ်တွင် ပိုးဝင်ခြင်း( နမိုးနီးယားဖြစ်ခြင်း၊လေပြွန်ယောင်ခြင်း)
• ပြန်ရည်ဖုများ (lymph nodes) ရောင်ယမ်းခြင်း
• ကာလကြာရှည် ချောင်းဆိုးခြင်း
• ရင်ဘတ်အောင့်ခြင်း
• အသက်ရှူကြပ်ခြင်း / အသက်ရှူရာတွင် တရွှီိရွှီမြည်ခြင်း တို့ တွေ့ရတတ်ပါတယ်.
အဆုတ်ကင်ဆာ ရောဂါ ပျံ့နှံ့မှု များလာတဲ့ အခါမှာတော့ ပြင်းထန်တဲ့ရောဂါ လက္ခဏာတွေဖြစ်တဲ့..
• အရမ်းပင်ပန်းမောပန်းလာခြင်း
• မခံမရပ်နိုင်အောင် ရင်ဘတ်အောင့်ခြင်း
• ခေါင်းအရမ်းကိုက်ခြင်း
• အရ်ိုးများ နာကျင်စွာကိုက်ခဲခြင်း၊ အရိုးများကျိုးခြင်း
• ချောင်းဆိုးသွေးပါခြင်း / သွေးခဲများအန်ခြင်း
• အစားလုံးဝမစားနိုင်ခြင်း ရုတ်တရက် ကိုယ်အလေးချိန်ထိုးကျခြင်း
• အရမ်းပင်ပန်းမောပန်းလာခြင်း တ်ို့ကို အဆုတ်ကင်ဆာပျံ့နှံ့မှုနေရာအလိုက်တွေ့လာရတတ်ပါတယ်။
မဖြစ်အောင် ကာကွယ်လို့ ရလား ❓
အဆုတ်ကင်ဆာက အသိနောက်ကျတတ်လို့ ရောဂါဖြစ်ပြီဆိုတာ သိတဲ့အချိန်မှာ ကုသဖို့ အချိန်သိပ်မကျန်တော့တာများပါတယ်။ ကင်ဆာရောဂါတွေဆိုတာ စောစောသိပီး လက်ဦးမှုယူက ကုသဖို့အင်မတန် အရေးကြီးပါတယ်။ အဆုတ်ကင်ဆာ ဖြစ်နေပြီဆိုတာ သတိထားမိဖို့ ခက်ခဲတဲ့အခါ မဖြစ်အောင် ကြိုတင်ကာကွယ်တာမျိုးက ပိုအရေးကြီးလာပါတယ်။ မဖြစ်အောင် ရှောင်လို့ရတာတွေ အများကြီး ရှ်ိပါတယ်။
Credit to Dr Thet Mon
Keep Reading