Author's Profile Photo

Honey cho

9/10/2024

over 30ဆိုရင်ကျန်းမာ‌ေရးမှာဘာတွေသတိထားပေးရမလဲ?

1 min read
Health
Education
General Knowledge
over 30ဆိုရင်ကျန်းမာ‌ေရးမှာဘာတွေသတိထားပေးရမလဲ?'s photo

အသက် ၄၀မှာ စိတ်သစ်ကိုယ်သစ်နဲ့ ဘဝသစ်စမယ်ဆိုရင်ဖြင့်

?အသက် ၄၀ကျော်မှ ဘဝစကြတယ်ပြောကြတော့ ဘဝစရမယ့်အတူတူ ကျန်းကျန်းမာမာလေး စရရင် ပိုမကောင်းဘူးလား။ တကယ်သာ ဂရုစိုက်မယ်ဆိုရင် အသက် ၄၀ ကနေ နောက်ထပ် နှစ်ပေါင်းများစွာတိုင်အောင် ကျန်းကျန်းမာမာ ဖျတ်ဖျတ်လတ်လတ်နဲ့ စိတ်သွားတိုင်း ကိုယ်ပါပြီး ကိုယ်လုပ်ချင်တာတွေကို လုပ်နိုင်နေဦးမှာပါ။

?အသက်ကြီးလာတာနဲ့အမျှ လူတိုင်းက စီးပွားရေး၊ ပညာရေး၊ မိသားစုအရေးတွေကို တိုးတက်အောင် လုပ်ကြပေမယ့် ကျန်းမာရေးကိုတော့ လျစ်လျူရှုထားကြတာ များပါတယ်။ ခက်တာက ကျန်းမာရေးဆိုတာကလည်း အသက်ကြီးလာလေလေ ချို့ယွင်းလေမလား။

?အသက် ၄၀လောက်ဆို ရောဂါတွေက ဟိုကပေါ် ဒီကပေါ်လာပြီလေ။ ခါးကနာသလိုလို မျက်လုံးက ဝါးသလိုလို သွေးလေးတိုးချင်သလိုလို ဖြစ်လာပြီမလား။ ဒီတော့ အသက် ၄၀အရွယ်တွေအနေနဲ့ ဘာတွေများ စစ်ကြရင် ကောင်းမလဲ။

?အမျိုးသားနဲ့ အမျိုးသမီးနဲ့မှာ ရောဂါဖြစ်နှုန်းတွေက အနည်းငယ်ကွာတဲ့အတွက် စစ်ရတဲ့ test တွေကလည်း အနည်းငယ်ကွာပါတယ်။

?အမျိုးသားရော အမျိုးသမီးရော စစ်နိုင်တာတွေကတော့ -

?သွေးပေါင်ချိန််
တစ်နှစ်တစ်ကြိမ် စစ်ပါ။ သွေးတိုးရောဂါ မျိုးရိုးရှိတာဖြစ်ဖြစ်၊ ဆီးချိုတို့၊ အဝလွန်တာတို့ ရှိတာဖြစ်ဖြစ်၊ နဂိုတည်းက သွေးပေါင်ချိန်တက်နေရင်ဖြစ်ဖြစ် ဒီထက်ပိုပြီး ခပ်စိတ်စိတ်လေး စစ်သင့်ပါတယ်။

?ကိုလက်စထရော
ကိုလက်စထရောကတော့ ၃၅ နှစ်လောက်တည်းက စစ်နိုင်ရင် ပိုကောင်းပါတယ်။ အဖြေကောင်းရင် ၅ နှစ်တစ်ခါလောက် စစ်နိုင်ပြီး အဝလွန်တယ်၊ ရောဂါအခံရှိတယ်ဆိုရင်တော့ ဒီထက်ပိုပြီး စစ်ဖို့ လိုပါတယ်။

?အူမကြီးကင်ဆာစစ်ဆေးခြင်း
အသက် ၄၅ နှစ်ကျော်တာနဲ့ စစ်လို့ ရပါပြီ။ မျိုးရိုးရှိရင်တော့ ၄၅ နှစ်မတိုင်ခင်တည်းက စစ်ရမှာပါ။ စစ်ဆေးနည်းတွေကတော့ အူမကြီးမှန်ပြောင်းကြည့်တာ၊ ဝမ်းစစ်တာ၊ ကွန်ပျူတာဓာတ်မှန်ရိုက်တာတွေ ရှိပြီး ဆရာဝန်နဲ့ တိုင်ပင်ကာ မိမိနဲ့ သင့်တော်ရာကို စစ်ဆေးနိုင်ပါတယ်။

?ဆီးချိုစစ်ဆေးခြင်း
ဆီးချိုကလည်း အသက် ၃၅ နှစ်လောက်ကနေစပြီး ၃ နှစ်တစ်ကြိမ်စစ်သင့်ပါတယ်။ သွေးတိုးရောဂါ၊ အဝလွန်တာတွေ ရှိရင် ဒီထက်ပိုပြီး စစ်သင့်ပါတယ်။

?အဆုတ်ကင်ဆာ စစ်ဆေးခြင်း
အသက် ၅၀နဲ့ ၈၀ကြား၊ ဆေးလိပ်အလွန်အကျွံ သောက်ခဲ့ဖူးသူ၊ ဆေးလိပ်ဖြတ်ထားတာ ၁၅နှစ်လောက်ပဲ ရှိသေးသူ၊ လက်ရှိမှာ သောက်နေသူတွေက နှစ်စဉ် ကွန်ပျူတာ ဓာတ်မှန်ရိုက်ပြီး စစ်ဆေးသင့်ပါတယ်။

?အရိုးပွရောဂါ စစ်ဆေးခြင်း
အသက် ၅၀ ကနေ ၈၀ ကြားဖြစ်မယ်၊ ကိုယ့်မှာ အရိုးပွရောဂါ ဖြစ်နိုင်ခြေများမယ် (ဆေးလိပ်၊ အရက်သောက်တယ်၊ ပိန်တယ်၊ စတီးရွိုက်တွေ စွဲသောက်နေရတယ်) ဆိုရင် စစ်ဆေးသင့်ပါတယ်။

?အမျိုးသားများ ထပ်ဆောင်းစစ်ဆေးသင့်တာကတော့

?ဆီးကျိတ်စစ်ဆေးခြင်း
အသက်၅၅နှစ်ကျော်တာနဲ့ PSAနဲ့ စစ်ဆေးနိုင်ပါတယ်။ မျိုးရိုးရှိရင်တော့ ၅၅နှစ်မတိုင်ခင်တည်းက စစ်ဆေးသင့်ပါတယ်။

?အမျိုးသမီးများ ထပ်ဆောင်းစစ်ဆေးသင့်တာကတော့

?ရင်သားကင်ဆာစစ်ဆေးခြင်း
အသက် ၅၀ ကျော်လာရင် ရင်သားဓာတ်မှန်ကို ၁-၂နှစ်ခြား တစ်ကြိမ်ရိုက်နိုင်ပါတယ်။ အသက် ၄၀တည်းက ရိုက်ဖို့လိုမလို ဆိုတာကိုတော့ ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။

?သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း
အသက် ၃၀ လောက်ကနေ စစစ်နိုင်ပြီး Pap test ဆိုရင် ၃ နှစ်တစ်ခါ၊ HPV test ဆိုရင် ၅ နှစ်တစ်ခါ၊ ၂ မျိုးဆို ၅ နှစ်တစ်ခါ စစ်သင့်ပါတယ်။

ဒီလောက်လောက် စစ်လိုက်မယ်ဆိုရင် အဖြစ်များတဲ့ရောဂါတွေ၊ ဖြစ်လာရင် ပြင်းထန်နိုင်တဲ့ရောဂါတွေကို ကာမိနိုင်ပါတယ်။ ဒီစစ်ဆေးချက်တွေက နေကောင်းနေလည်း စစ်နေရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါဆိုတာမျိုးက လက္ခဏာမပြခင် ကိုယ်ထဲမှာရှိနေနိုင်ပြီး ဆေးစစ်မှ ပေါ်နိုင်တာကြောင့်ပါ။

Credit to Dr Htet Htet Zaw Win

Keep Reading

"World Brain Day"မျက်လုံးခြောက်ခြင်း(Dry Eye)အတွက် ကျန်းမာရေးအသိပညာDoorway Effectလူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?မပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။