SarPhat Author

ကျွန်မငယ်ငယ်ကစာအရမ်းတော်ပါတယ်
ဆုလည်းရခဲ့ပါတယ်အတန်းတိုင်းAအဆင့်ပါဘဲ။သူငယ်ချင်းဆိုလည်းမရှိခဲ့ပါဘူး။တစ်ယောက်ထဲဘဲကြိုးစားခဲ့ပါတယ်။
အလယ်တန်းရောက်တော့ သူငယ်ချင်းအသစ်တွေအများကြီးရပြီးအလေလိုက်ခဲ့မိပါတယ်စာတွေလည်းကောင်းကောင်းမလုပ်မိခဲ့ဘူးဒါမယ့်englishဘာသာမှာတော့Aအမြဲတမ်းရခဲ့ပါတယ်။
ကျွန်မသူငယ်ချင်းတွေနဲ့အလေလိုက်ပြိးကျောင်းပိတ်တယ့်နေ့ဆိုဖုန်းကိုတစ်နေ့လုံးကြည့်မိခဲ့တယ့်နေ့တွေလည်းရှိခဲ့ဖူးတယ်။
အလယ်တန်းမှာအမှတ်တွေအောက်ကိုကျသွားတယ်။အပေါ်ကိုလုံးဝပြန်မတက်လာတော့ဘူး။
အဲ့တာနဲ့နောက်တစ်နှစ်မှာတော့ ပြန်ကြိုးစားကြည့်တယ်။ဒါမယ့်englishနဲ့မြန်မာပြီးတော့သမိုင်းဘာသာတွေကလွဲလို့တခြားဘာသာတွေအမှတ်ပြည့်မရခဲ့ဘူး။
အဲ့တုန်းကအဆင့်ဝင်တယ့်သူတွေကိုအရမ်းအားကျခဲ့မိတယ်။နောက်နှစ်ဝက်စာမေးပွဲရောက်တော့။သချာ်နဲ့ပထဝီ,သိပ္ပံကိုဦးစားပေးကျက်ခဲ့တွက်ခဲ့တယ်။နောက်တော့၅ဘာသာကိုဖြေနိုင်ခဲ့ပေမယ့်englishဘာသာကိုတော့မဖြေနိုင်ခဲ့ပါဘူးအမှတ်ပြည့်လည်းမရခဲ့ဘူး။
အဲ့တုန်းကစိတ်ဓာတ်တွေအရမ်းကျခဲ့တယ်။
နောက်တော့သူများစာကြိုးစားတာကိုကြည့်ရင်း"ကိုယ်လည်းထပ်ကြိုးစားလို့ရတာဘဲ"ဆိုပြီးကိုယ့်ကိုကိုစိတ်ဓာတ်ပြန်တက်လာအောင်ကိုယ့်ကိုကိုအားပေးစကားပြောခဲ့တယ်။
နောက်ဆုံးစာမေးပွဲရောက်ခါနီးတော့အလေမလိုက်တော့ဘူးဖုန်းကိုလည်းအမေ့ကိုသိမ်းခိုင်းထားပြီးတော့တညလုံးကြိုးစားခဲ့တယ်နေ့တိုင်း။
စာမေးပွဲပြီးတော့ဘာသာစုံအားလုံးကိုဖြေနိုင်ခဲ့ပြီးအမှတ်ပြည့်ရခဲ့တယ်။
ကျွန်မပြောချင်တာကနောင်တမရအောင်ကြိုးစားပါ။တတိလက်လွှတ်မနေပါနဲ့။ကိုယ်အောက်ပြန်ကျသွားရင်ပြန်တက်နိုင်အောင်ကြိုးစားပါ။
ဖတ်ရှုပေးကြလို့ကျေးဇူးအထူးတင်ရှိပါကြောင်း။
Keep Reading