Author's Profile Photo

Yati

7/10/2024

ပညာပြည့်ဝ နှလုံးလှ

1 min read
Education
General Knowledge
Creative
ပညာပြည့်ဝ နှလုံးလှ's photo

ဆောင်းပါးလေးတွေရေးဖို့ အကြောင်းအရာသစ်တွေ မစဥ်းစားရသေးလို့ ဘာရေးရမလဲ တွေဝေနေရင်း ကမ္ဘာ့ဆရာများနေ့တုန်းက ဟောပြောပွဲတစ်ခုမှာ နားထောင်ခဲ့ရတဲ့ ဟောပြောချက်ကို စွဲနေမိလို့ အမှတ်ရအောင် ကဗျာလေးတစ်ပုဒ်စပ်ဖြစ်ခဲ့တယ်။ ကဗျာလေးရဲ့ နာမည်က "ပညာပြည့်ဝ နှလုံးလှ" တဲ့..

ပညာသမာ အာဘာနတ္ထိ
ဆိုသည့်စကား အရှင့်သားရှင့်။
ပညာနှင့်တူ မီးရောင်ဟူသည်
ဤလောက၌ မတည်မရှိ မည်မရှိခဲ့။

ရည်ဖွဲ့သီကုံး ကဗျာမှုန်းသော်
စာလုံးပင်ကုန်် မခြုံနိုင်မို့၊ ထိုသို့ပညာ
ဉာဏ်မှာထင်ပေါ်၊ ကွန့်မြူးပျော်မူ
လူနှင့်နတ်မင်း ပူဇော်ခြင်းထိုက် အမှိုက်မှောင်ခွင်း။
အာကာလင်းသည် စိတ်တွင်းရွှင်ပြ ဘဝလှ၏။

ထိုမှတလီ လိုအပ်သည်ကား
သူ့စိတ်ထားတည်း။
ပညာများ၍ စိတ်ထားယုတ်မူ
ထိုသည့်သူသည် လောကီအဆိပ်
မှတ်ယူထိုက်၏။

စိတ်၌ခွေခွေ မှတ်ရလေသော်
ပညာပြည့်ဝ နှလုံးလှမူ
တို့များဘဝ လှမည်ရှင့်။

Yati

Keep Reading

"ဂ" နှင့်သက်ဆိုင်သော သတ်ပုံများနည်းပညာရဲ့ကျွေးကျွန်များ ဖြစ်လာနေပြီလားအနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစ"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  "စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါခေတ်မီဘက်ထရီနည်းပညာ(၃)မျိုးတက်ညီလက်ညီ ပန်းတိုင်ဆီသို့ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၃အတိတ်မှ အတွေးတစ်စ