Author's Profile Photo

A Aain

7/10/2024

ဘဝနဲ့ လောက

1 min read
Education
General Knowledge


 ဘဝ တို့မည်သည်
ဖြစ်ပြီးရင် ပျက်ခြင်း သဘောရှိတာကို ဘဝလို့ ခေါ်သတဲ့

ဘာကြောင်းဖြစ်တာလည်း ဆို
တဏှာ မာန ဒိဋ္ဌိကို အခြေခံထားတဲ့  လောဘ ဒေါသ မောဟတွေ ကြောင်းပါပဲ
တစ်နည်း အားဖြင်း လိုချင်မူ့ကြောင်း ဖြစ်လာတဲ့ အရာတွေပါ

 ဘဝရှိရင် ပြိုင်ပွဲဝင်နေရသလိုပဲ

ပြေးလို့ မြန်နိူင်မှ အနိူင်ရတာ
မပြေးနိူင်ဘူး အားနည်းနေရင်  ရူံးမှာပဲ
ဘဝဆိုတဲ့ အခိုက်တန့်လေးမှာ
အသက်ရှင်ရတာ ပင်ပန်းလွန်းတယ်
တစ်ခုတော့ သိပါ ဘဝဆိုတဲ့ သံသရာ စက်ကွင်းမှာနေချင်ရင်
ရပ်တန့်နေလို့ မရဘူး စိတ်နဲ့ကိုယ် နားနေခွင့် မရှိဘူး

 လောက ဆိုတာက လည်း ဖြစ်ပြီးရင် ပျက်တာပဲ
သို့သော် သတ္တ သင်္ခါရ ဩကာသ ဆိုပီး သုံးမျိုးရှိတယ် 
  • အားလုံးသော လောက ဟာ ဘဝတွေ နဲ့ ဆက်စပ်နေတယ်

သတ္တဝါကိုယ်စီရဲ့ ဘဝပေါင်းများစွာ စုလိုက်တော့
သတ္တလောက ဆိုတာ ဖြစ်လာတာပါပဲ
ကိုယ်စီ ဘဝတွေ ရင်ထဲမှာ ရှိတဲ့  ကိလေသာ အားပြိုင်မူ့ဟာ
လောကကြီး တွေကို စီမံတော့တာပါပဲလေ(ဒီလို စီမံမူ့ကို သင်္ခါရ လောကလို့ ခေါ်တယ်)
ပြုပြင် စီမံဖန်းတီးမူ့တွေ ရှိနေသရွှေ့
ပူလောင်မူ့တွေ ရှိနေမှာပဲလေ

 တကယ်တော့ လောကကြီးထဲမှာ နေတဲ့ ဘဝတွေဟာ
ပူလောင်မူ့တွေ ကိုယ်စီနဲ့ပါ 

ပူလောင်မူ့တွေ ငြီမ်းပြီး အေးချမ်းချင်ရင်
ရင်ထဲက ကိလေသာကို သုည ဖြစ်အောင်လုပ်ပါ

(AainAain)



Keep Reading

နည်းပညာရဲ့ကျွေးကျွန်များ ဖြစ်လာနေပြီလားအနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစ"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  "စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါခေတ်မီဘက်ထရီနည်းပညာ(၃)မျိုး"ဂ" နှင့်သက်ဆိုင်သော သတ်ပုံများတက်ညီလက်ညီ ပန်းတိုင်ဆီသို့ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၃အတိတ်မှ အတွေးတစ်စ