Author's Profile Photo

Aung Thu Ya Kyaw

6/10/2024

Ryan Serhant ပြောတဲ့ အောင်မြင်တဲ့ အကျိုးဆောင် ဖြစ်ဖို့ လိုက်နာသင့်တဲ့ အချက် (၇) ချက် ဆိုတာဘာလဲ?

1 min read
Business
Finance
Entrepreneurship
Ryan Serhant ပြောတဲ့ အောင်မြင်တဲ့ အကျိုးဆောင် ဖြစ်ဖို့ လိုက်နာသင့်တဲ့ အချက် (၇) ချက် ဆိုတာဘာလဲ?'s photo

Ryan Serhant ဆိုသူက တစ်လ တစ်လ အိမ်ခြံမြေ အရောင်းအဝယ်ကို အမေရိကန် ဒေါ်လာ သန်း ၁၀၀ လောက်ထိကို အရောင်းအဝယ် ပြုလုပ် ပေးနိုင် ခဲ့တဲ့ အကျိုးဆောင် တစ်ယောက် ဖြစ်ပါတယ်။ သူကတော့ အမေရိကန် နိုင်ငံမှာ တက္ကစက် ပြည်နယ်မှာ နေထိုင်ပြီး အခုဆိုရင် အသက် ၄၀ ရှိပါပြီ။ 

လမ်းတစ်ခုကို မြန်မြန်ရောက်ချင်ရင် အတွေ့အကြုံရှိပြီးသာ သူတွေစီကနေ သင်ယူပါ။ 


(၁) အိမ်ခြံမြေ အကျိုးဆောင်လုပ်နေတဲ့ သူစီမှာ အခမဲ့ အလုပ်သင်ဝင်ပါ

ကိုယ်လုပ်မဲ့ ဧရိယာမှာ ကျွမ်းကျင်တဲ့ အကျိုးဆောင် တစ်ယောက်နဲ့ အတူတူတွဲလုပ်ခြင်းက လုပ်ငန်းခွင်အတွင်း မလိုအပ်တဲ့ ဆုံးရှုံးနစ်နာမှုတွေကို လျော့ပေါ့နိုင်သလို အသိဉာဏ်ဗဟုသုတတွေလည်း အများကြီး ရရှိနိုင်ပါတယ်။

(၂) အကျိုးဆောင် လိုင်စင် ယူပါ

အကျိုးဆောင် တစ်ယောက် အနေနဲ့ လိုင်စင် ဆိုတာအရေးကြီးပါတယ်။ လိုင်စင်ယူပုံ ယူနည်းက တစ်နေရာနဲ့ တစ်နေရာ ကွာဟ နိုင်တာကြောင့် ကိုယ့်ရဲ့ မြို့နယ်က အကျိုးဆောင်တွေ ကို မေးမြန်းပြီးတော့ လုပ်ကိုင်နိုင်ပါတယ်။

(၃) Broker နဲ့ Team တစ်ခုကို Join လိုက်ပါ

ကိုယ့်မှာ Broker ရှိနေခြင်းဟာ ကိုယ့်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ စပွန်စာ ရနိုင်ပါတယ်။ တစ်ယောက်တည်း နယ်ပယ် တစ်ခုမှာ လုပ်နေခြင်းဟာ ဆုံးရှုံးနစ်နာမှုကို ဖြစ်ပေါ်စေပြီးတော့ ရှုံးနိမ့်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ကိုယ်က Team တစ်ခုကို Join လိုက်တဲ့အခါမှာတော့ လိုအပ်တဲ့ skill တွေ အတူတူသင်ယူလို့ရတာ၊ ကိုယ်မလုပ်ချင်ရင်တောင် ဆွဲခေါ်နိုင်မဲ့ Team ရှိနေတာကြောင့် ပိုပြီးတော့ အလုပ်လုပ်ကိုင်ဖို့ အရှေ့ရောက်စေပါတယ်။

(၄) Sphere of Influence (SOI) ကို တည်ဆောက်ပါ

Sphere of Influence ဆိုတာကတော့ ကိုယ့်ရဲ့ အသိမိတ်ဆွေကို ပြောတာ ဖြစ်ပါတယ်။ Ryan Serhant က SOI နှစ်ခု အကြောင်းပြောထားပါတယ်။

၁။ Warm Sphere

ကိုယ့်ကို သိနေပြီးသား သူတွေဖြစ်တဲ့ မိဘ၊ ညီအစ်ကို မောင်နှမ၊ ဆွေမျိုး၊ အသိမိတ်ဆွေ အရင်းတွေ၊ သူငယ်ချင်းတွေ စတဲ့ ကိုယ်ရင်းနှီးပြီးသားသူတွေကို ဆိုလိုတာဖြစ်ပါတယ်။

၂။ Cold Sphere

အထူးသဖြင့် ကိုယ်နဲ့ မသိသေးတဲ့ လူတွေကို ဆိုလိုပါတယ်။ အထူးသဖြင့် Public Area တွေမှာ အတွေ့များတဲ့ သူတွေကို ဆိုလိုပါတယ်။ Public Area ဆိုတာက လက္ဖက်ရည်ဆိုင်၊ ပန်းခြံ၊ ဘုရားကျောင်း စတာတွေ ပါဝင်ပါတယ်။
အခုပြောသွားတဲ့ Warm Sphere နဲ့ Cold Sphere ကို သေသေချာချာလေး တည်ဆောက်ထားမယ် ဆိုလျင် အိမ်ခြံမြေ လုပ်ငန်းကို လုပ်ကိုင်ရတာ ပိုပြီးတော့ အောင်မြင်မှုတွေ ရလာနိုင်ပါတယ်။ အခုနောက်ပိုင်းကတော့ Social Media ကနေ တစ်ဆင့် ကိုယ့်ရဲ့ Brand ကိုတည်ဆောက်ပြီးတော့ သေသေချာချာလေး လွယ်ကိုင်ရနေပြီ ဖြစ်တာကြောင့် အခွင့်အလမ်းတွေ ပိုပြီးတော့ တိုးပွားလာမှာ ဖြစ်ပါတယ်။

(၅) နေ့စဉ် ကိုယ့်အလုပ်တွေကို စီမံပါ (Finder, Keeper, Doer)

Finder: ကိုယ့်ရဲ့ စီးပွားရေး လုပ်ငန်းကို တိုးချဲ့ဖို့အတွက်  ကိုယ်က CEO တစ်ယောက်လို လုပ်ဆောင်ပါ။ အထူးသဖြင့် Lead တွေကို ရှာဖွေတာ၊ အခွင့်အလမ်း အသစ်တွေကို ရှာဖွေတာမျိုးတွေကို လုပ်ဆောင်သင့်ပါတယ်။ 

Keeper

ရလာတဲ့ ငွေတွေကို ထိမ်းသိမ်းပါ။ အထူးသဖြင့် ကြော်ငြာ ငြာဖို့ အတွက် ဘယ်လောက်သုံးမယ် သွားလာစရိတ်အတွက် ဘယ်လောက် သုံးမယ်က အစ စီမံရပါမယ်။

Doer

နေ့စဉ်လုပ်ရမဲ့ အလုပ်တွေကို လုပ်ပါ။ အထူးသဖြင့် စာပို့ရမှာ ပို့ပါ။ အိမ်ပြရမှာ ပြပါ။ 
ဒီအချက် သုံးချက်က အရမ်းအရေးကြီးတာမို့ ကိုယ့်ရဲ့ Calendar ထဲမှာ ဘယ်နေ့မှာ ဘာလုပ်ရမယ်၊ ဘယ်သူနဲ့ တွေ့ရမယ် ဆိုတာကို အချိန်တစ်ခု ဖယ်ပြီးတော့ ထားပါ။

(၆) ပြစ်မထားပါနဲ့  (Follow Up, Follow Through, Follow Back)

Follow Up

ကိုယ့်ရဲ့ ဖောက်သည် (သူနိုင်တဲ့ ဈေးနဲ့ သူလိုချင်တာနဲ့ ကိုက်ညီတာ တွေက လက်တွေ့ဆန်တဲ့အခါ) တွေကို သူတို့ဘက်က ပြန်မဖြေတဲ့ အထိ ပုံမှန်လေး ဆက်သွယ်ပေးသွားပါ။

Follow Through  

မင်းကတိ ပေးထားတဲ့ အတိုင်းလုပ်ပါ။ ဆိုလိုတာက ဝယ်တဲ့သူကို “ကျွန်တော် အရောင်း Listing လေးတွေ ပို့ပေးထားပါမယ်နော်” လို့ပြောထားတဲ့ အခါ ပို့ကို ပို့နေပေးပါ။ 

Follow Back

ကိုယ့်ရဲ့ အရင်ဖောက်သည်တွေနဲ့ အမြဲတမ်း ဆက်သွယ်ပေးပါ။ ဥပမာ သူ့ရဲ့ မွေးနေ့ တွေမှာ “ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေ” ဆိုတာက အစပြောသင့်ပါတယ်။

(၇) လူတွေကို ရှာပါ

အိမ်ခြံမြေ လုပ်ငန်းဆိုတာက လူတွေ တော်တော်များများနဲ့ ချိတ်ဆက်ရတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့ လူတွေကို များများလေး ချိတ်ဆက်ထားဖို့ လိုအပ်ပါတယ်။ ဥပမာ အားဖြင့် Networking Event တွေတက်တာ၊ အခြား Agent တွေနဲ့ တွေ့ဆုံတာ၊ အခြားသူတွေရဲ့ Open Houses တွေကို သွားတာ စတဲ့ အိမ်ခြံမြေနဲ့ ပက်သက်တဲ့ အပိုင်းတွေကို သွားသင့်ပါတယ်။

(၈) Bonus (သေသေချာချာလေး လေ့ကျင့်ပါ)

အမြဲတမ်း သင်ယူမှုတွေကို လုပ်ပါ။ ကစားသမားတစ်ယောက်ဟာ 95% အချိန်တွေက လေ့ကျင့်ချိန်တွေ ဖြစ်ကြပြီးတော့ ကျန်တဲ့ 5% ဆိုတာက Game ထဲမှာ ရှိနေတာပါ။ ကိုယ်က အောင်မြင်ချင်တဲ့ ကစားသမား တစ်ယောက် (သို့မဟုတ်) အကျိုးဆောင် ကောင်း တစ်ယောက်ဖြစ်ဖို့ ဆိုရင် စာအုပ်တွေ ဖတ်ပါ၊ လိုအပ်မဲ့ သင်တန်းတွေ တက်ပါ၊ အမြဲတမ်း လေ့လာ ဆည်းပူးမှုကို မပြတ်လုပ်သွားပါ။ 

နောက်ထပ်ဆောင်းပါးတွေမှာ ထပ်တွေ့ချင်ပါတယ်။

Keep Reading

ဘဝမှာ ချမ်းသာကြွယ်ဝမယ့်အခွင့်အလမ်းကို ပိတ်ဆို့နေတဲ့Limitation တွေ အကြောင်း ချမ်းသာဖို့အတွက် ဘာလိုသလဲငွေရှာဖွေနည်း၏ ကောင်းကျိုးဆိုးကျိုး"ပန်နိုရာ" တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေလိုက်သည့် "မိနစ်ပိုင်းစာ စီးပွားပညာ" အပိုင်း(၁) စာအုပ်ကို 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 မှာယူနိုင်ပါပြီ။အောင်မြင်ဖို့ အဓိက ဘာလိုသလဲ ချွေတာမလား၊ ပိုရှာမလား3L for Successမြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခုလုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလားPersonal Budget အတွက် 50/30/20 Rule ◾