Author's Profile Photo

နိုင်း - nine

5/10/2024

စိတ်ခံစားချက်ကို ဂရုစိုက်ဖို့ဆိုတာ အ‌ရမ်းအရေးကြီးပါတယ်

1 min read
Health
General Knowledge
စိတ်ခံစားချက်ကို ဂရုစိုက်ဖို့ဆိုတာ အ‌ရမ်းအရေးကြီးပါတယ်'s photo

ကျွန်တော်တို့ရဲ့ စိတ်ထဲမှာဖြစ်တည်လာတဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ သိမ်ငယ်မှု၊ စိတ်အလိုမကျမှု ဒါတွေကို ကောင်းကောင်းအသုံးချတတ်ဖို့နဲ့ သေချာဂရုစိုက်ဖို့ လိုပါတယ်။

ပျော်ရွှင်ခဲ့ဖူးတဲ့အချိန်တွေ ဝမ်းနည်းခဲ့ဖူးတဲ့အချိန်တွေကို အမှတ်ရနေဖို့ လိုတတ်သလိုပဲ၊ စိတ်ပင်ပန်းတဲ့အခါ စိတ်အလိုမကျမှုတွေ ဖြစ်တဲ့အခါမှာလည်း ဂရုစိုက်တတ်ဖို့လိုအပ်ပါတယ်။ ခံစားချက်ကို feelလုပ်တဲ့နေရာမှာ ဂရုစိုက်ရမှာပါ။

ကျွန်တော်တို့တွေအနေနဲ့ စိတ်ခံစားမှုတွေကို ဂရုမစိုက်တဲ့အခါမှာ ခံစားမှုသေးသေးလေးတွေကနေ စုပြုံလာပြီးတော့ အများစုပြောနေကြတဲ့ stressပိတယ်ဆိုတဲ့ စိတ်ဖိစီးမှုကိုခံစားရမှာပါ။

လိုချင်တဲ့အင်္ကျီမရတာ၊ crushဆီကနေ ငြင်းခံရတာ၊ အမေနဲ့အဖေ့ဆီက အဆူခံရတာ၊ ပိုက်ဆံမရှိတာ၊ ဂိမ်းရှုံးတာ၊ အိပ်ရေးမဝတာ၊ ချစ်သူရည်းစားနဲ့အဆင်မပြေတာ ဒါတွေအကုန်လုံးကအပေါ်ယံကကြည့်ရင်တော့ သာမန်ကိစ္စလေးတွေပါပဲ။ ဒါပေမယ့် ဒီလိုသာမန်ကိစ္စတွေများလာတဲ့အခါကြရင်တော့ စိတ်ဖိစီးမှုဆိုတဲ့ stressကို စတင်ခံစားရပါလိမ့်မယ်။

အမေ့ဆီက‌အဆူခံရတဲ့အခါ ဝမ်းနည်းတာရယ် စိတ်ဆိုးတာရယ်ကို ခံစားရပါလိမ့်မယ်။ တစ်ခါတစ်ရံကြရင်တော့ အမေကကိုယ့်ကိုချစ်လို့ပဲလေဆိုတဲ့ အချက်နဲ့ ပျော်ခဲ့ဖူးတဲ့ တချို့အတိတ်တွေကို ပြန်သတိရပြီး လက်ရှိခံစားချက်ကို ပြောင်းလဲလိုက်တာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒါကတော်တော်ရှားပါတယ်။
ကျွန်တော်တို့လူသားတွေအနေနဲ့က စိတ်ရှုပ်ထွေးမှုကိုခံစားနေရတဲ့အချိန်မှာ ပျော်ခဲ့ဖူးတဲ့အချိန်တွေကို ပြန်ပြီးအမှတ်ရနေဖို့ဆိုတာထက် လက်ရှိခံစားချက်ကိုပဲ ပိုပြီးပြင်းပြင်းထန်ထန်ခံ‌စားလေ့ရှိကြပါတယ်။

သာမန်ကိစ္စအခြေအနေတွေမှာတော့ လက်ရှိဖြစ်နေတဲ့ခံစားမှုအပေါ် ဒီလိုပဲခံစားပြီးပစ်ထားလိုက်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေတကယ်လုပ်သင့်တာက ကျွန်တော်တို့ရဲ့ ခံစားမှုကိုလက်ခံဖို့နဲ့ နားလည်ဖို့လုပ်သင့်တာပါ။ ငါဘာလို့ဒီလိုခံစားရတာလဲ၊ ငါ့ရဲ့ခံစားချက်ကို ဘယ်လိုလျော့ချမလဲ၊ ဒီပြဿနာကိုပြေ‌လည်အောင်ဘယ်လိုလုပ်သင့်လဲဆိုတဲ့ အချက်တွေနဲ့ ထည့်သွင်းစဉ်းစားပြီးတော့ ခံစားချက်တွေကိုဂရုစိုက်သင့်ပါတယ်။

အ့လိုမှမဟုတ်ပဲ ကိုယ်ကရည်းစားဆီကနေစွန့်ပစ်ခံလိုက်ရတဲ့အချိန်မှာ ‌ဝမ်းနည်းမယ်၊ ဒေါသတွေထွက်မယ်၊ ဘာလို့လဲဆိုတဲ့ မေးခွန်းတွေနဲ့ ကိုယ့်ကိုယ်ကိုအပြစ်တင်တာတွေ၊ တစ်ဖက်သူကိုအပြစ်တင်တာတွေပဲလုပ်လိုက်တဲ့အချိန်မှာ ကိုယ်ကခံစားချက်ကိုသက်သာအောင်treatလုပ်ပေးနေတာမျိုးမဟုတ်ပဲ ပိုပိုဆိုးလာပြီးတော့ စိတ်ဖိစီးမှုဆို‌တဲ့ ရောဂါကိုပါရလာမှာပါ။

ဒါကြောင့်ဘယ်လိုခံစားချက်မျိုးမှာမဆို ဂရုစိုက်ဖို့နဲ့၊ relax လုပ်ဖို့လိုပါလိမ့်မယ်။ အ့လိုမှမဟုတ်ရင်တော့ ရည်းစားပစ်ခံရတိုင်း ရလာတဲ့ခံစားချက်တွေသိမ်းထားတာများပြီးတော့ ဘယ်သူနဲ့တွဲတွဲမမြဲတော့ပဲ ကိုယ်တိုင်ကtoxic personအဖြစ်ပြောင်းလဲသွားပါလိမ့်မယ်နော်။??‍♀️

#emotions
#feelings
#stress
#mentalhealth

နိုင်း

Resources
- mentalhealth.org.uk
- medlineplus.gov
- counselling.online.wfu.edu

TikTok - https://www.tiktok.com/@cappynine?_t=8ofsJy0dNmG&_r=1
Telegram - https://t.me/cappynine
Facebook - https://www.facebook.com/profile.php?id=61563785253402&mibextid=ZbWKwL

Keep Reading

အထိုင်များသူများအတွက် Posture များနည်းပညာရဲ့ကျွေးကျွန်များ ဖြစ်လာနေပြီလားစိတ်အပန်းပြေစေမယ့် စာအုပ်ကောင်းလေးများDoorway Effectသင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?မပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။