Author's Profile Photo

Chan Myae

5/10/2024

" လောဘနွံထဲက ငွေ"

1 min read
Education
Art
18 Again
" လောဘနွံထဲက ငွေ"'s photo

ငွေဟာ လူသားတွေရဲ့ ပထမကမ္ဘာ ဒုတိယဘုရား သခင်ပါလို့ပြောရင် ခများတို့လူ့ဘောင်ကြီးကို ကျနော်ကန့်လန့်တိုက်ရာကျမနေဘူးလား။ ကန့်လန့်တိုက်တယ်တယ်ပဲပြောပြော ဘုကလန့်ပြောတယ်ပဲ ပြောပြောပေါ့၊ ငွေရှိရင် အချစ်လား၊အမုန်းလား၊ အမှားလား၊ အမှန်လား၊ နောက်ဆုံး တရားဥပဒေကို ပါပြောင်းလဲလိုက်လို့ရတယ်။ ငွေတဲ့ တစ်လုံးတည်းရှိတာပါ စာလုံးပေါင်းရတာသိပ်လွယ်တယ် ဒါပေမယ့် ဒီလောက တစ်ခွင်လုံး သူလွှမ်းမိုးထားနိုင်တယ်။

မိသားစုရဲ့တစ်စုရဲ့ အရေးအကြီးဆုံးအရာက စားဝတ်နေရေးပဲ၊ ပြီးမှ ကျန်းမာရေး၊ ကျန်းမာရေးမကောင်းရင်တောင် မိုးရွာမရှောင် နေပူမရှောင် ထမင်းတလုပ်အတွက် အလုပ်ထွက်လုပ်ကြရတယ်။ ထမင်းတစ်လုပ်အတွက် မောဟဇော အတ္တဇောတွေ မသတ်နိုင်ပဲ ကြီးနိုင်ငယ်ညှင်းစရိုက်တွေနဲ့ ငွေကို ရှုန်းကန်ရှာနေရတယ် လောဘနွံထဲ နစ်ပြီးရင်းနစ်နေကြတာ ရှုန်းလေနစ်လေပဲ။

လောဘဟာ သိပ်ကြောက်စရာကောင်းတယ်။ မီးလိုပဲ ကိုယ့်ကိုယ်လည်း ရှို့တယ် တပါးသူကိုလည်း မြိုက်တယ်။ လောဘ ထက်ပို၍ ပူလောင်တာမရှိဘူး။

#Chan Myae
# ခရောင်းလမ်းထဲက လူငယ်

Keep Reading

"ဂ" နှင့်သက်ဆိုင်သော သတ်ပုံများနည်းပညာရဲ့ကျွေးကျွန်များ ဖြစ်လာနေပြီလားအနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစ"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  "စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါခေတ်မီဘက်ထရီနည်းပညာ(၃)မျိုးတက်ညီလက်ညီ ပန်းတိုင်ဆီသို့ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၃အတိတ်မှ အတွေးတစ်စ