Author's Profile Photo

Honey cho

4/10/2024

အူရောင်တဲ့အခါခံစားရတဲ့ရောဂါ လက္ခဏာများအကြောင်းသိကောင်းစရာ

1 min read
Health
General Knowledge
18 Again
အူရောင်တဲ့အခါခံစားရတဲ့ရောဂါ လက္ခဏာများအကြောင်းသိကောင်းစရာ's photo

ဗိုက်အောင့်အောင့်နေတာ ဆရာဝန်သွားပြတော့ အူရောင်တယ်လို့ ပြောလိုက်တယ်။ အူရောင်တယ်ဆိုတာက အရေးကြီးတာလား၊ မကြီးတာလား။ ဘယ်လိုကြီးပါလိမ့်။

?တကယ်တော့ ဗိုက်ထဲမှာအူက ၁၅ ပေ လောက် ရှိပြီး အခွေလိုက်ခွေထားတာပါ။ အူသိမ်ရယ်၊ အူမကြီးရယ်ဆိုပြီးလည်း ၂ ပိုင်းရှိပါတယ်။

?အူ‌ရောင်ရတဲ့ အကြောင်းအရင်းကလည် အမျိုးမျိုးရှိပါတယ်။ အဖြစ်များဆုံး အူလမ်းကြောင်း ပိုးဝင်တာကစလို့ ခုခံအားကမောက်ကမဖြစ်တဲ့ autoimmune ရောဂါတွေအထိ မျိုးစုံဖြစ်နိုင်ပါတယ်။ ဥပမာ ပြောရရင်
- အထက်လှန်အောက်လျှောဖြစ်စေတဲ့ပိုး
- ကပ်ပါးပိုး
- အစာမှားလို့ပါလာတဲ့ ဘက်တီးရီးယားပိုး စတာတွေကလည်း အူရောင်စေနိုင်သလို
- ဗိုက်နားတစ်ဝိုက်ကို ရောင်ခြည်ပြတာ
- အရက်၊ ကိုကင်းနဲ့ တခြားဆေးဝါးတွေကို အလွန်အကျွံ သောက်သုံးတာကလည်း အူရောင်တတ်ပါတယ်။
- နာတာရှည် အူရောင်ရောဂါတွေဖြစ်တဲ့ ခရုန်းရောဂါမှာဆိုရင်လည်း အူရောင်တတ်ပါတယ်။

ဒီလို အူရောင်တာက သာမန်လူတွေမှာလည်း ဖြစ်နိုင်သလို ကိုယ်ခံအား ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့ ကလေးတွေ၊ ခုခံအားကျတဲ့ HIV လူနာတွေမှာဆိုရင် ပိုဖြစ်တတ်ပါတယ်။

?အူရောင်တဲ့အခါ ခံစားရတတ်တဲ့ လက္ခဏာတွေကတော့
- ဗိုက်အောင့်တာ
- ဗိုက်ရစ်တာ
- အစားအသောက်ပျက်တာ
- ပျို့အန်တာ
- ဖျားတာ
- နုံးတာ
- ဗိုက်ဖောင်းပြီးတင်းနေတာ စတာတွေပဲ ဖြစ်ပါတယ်။

?အူရောင်တာက ပိုးကြောင့်ဆိုရင်တော့ အချိန်သိပ်မကြာဘဲ သက်သာသွားတတ်ပါတယ်။ သိပ်မဆိုးရင် ခုခံအားကောင်းနေရင် အလိုလိုသက်သာသွ

"World Brain Day"မျက်လုံးခြောက်ခြင်း(Dry Eye)အတွက် ကျန်းမာရေးအသိပညာDoorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံမပြိုင်ပါနဲ့

Unlock to read this premium article with 10 points.