MG KHA

ကျုပ်တို့ နိုင်ငံတွင် ခေါက်ရိုးကျိုး အိမ်မက်များစျေးကြီး၏..
" ခေါက်ရိုးကျိုး "ဆိုတဲ့ စကားလုံးကို ကိုလင်းလင်းရဲ့ သီချင်းတစ်ပုဒ်မှာ ရင်းရင်းနှီးနှီး စကြားခဲ့ဖူးတယ်...
ခေါက်ရိုးကျိုး အတွေး
ခေါက်ရိုးကျိုး မနက်ဖြန်
ခေါက်ရိုးကျိုး အိမ်မက်..
ကြားရုံနဲ့ သေချာ နားထဲ စွဲခဲ့တယ် ...
လူငယ်ဆိုတော့ ခေါက်ရိုးကျိုး ဆိုတဲ့ စကားကို လက်မခံချင်ဘူး။ တွန်းလှန်ချင် တယ်။ ဖောက်ထွက်ချင်တယ်....
ဘဝ ကိုလည်း ခေါက်ရိုးကျိုးကြီး မဖြစ်ချင်ခဲ့ဘူး...
ဒါကြောင့်လည်း စာတွေ သည်းကြီးမည်းကြီး ဖတ်ခဲ့ ဖူးတယ်...
ဖတ်ပြီး ရတဲ့ အသိနဲ့ ခေါက်ရိုးအကျင့်တွေ ရသမျှ ရအောင် ဖျောက်ဖျက်ဖို့ အားသန်ခဲ့တယ်...
" စာပေမှာ တွေ့ ရတဲ့ ခေါက်ရိုးကျိုး..
ပါတ်ဝန်းကျင်မှာ ရှိတဲ့ ခေါက်ရိုးကျိုး..
ဘာသာရေးမှာ မြင်ရတဲ့ ခေါက်ရိုးကျိုး...
အာဏာ ...စစ်တပ်မှာ တည်တဲ့ နိုင်ငံရေး ခေါက်ရိုးကျိုး..
ငွေများ အမှန် ဖြစ်တဲ့ လူမှု့ဂေဟ စနစ် ခေါက်ရိုးကျိုး... "
ကျုပ်တို့ နိုင်ငံမှာမှာရှိတဲ့ မူမမှန်တဲ့ ခေါက်ရိုးကျိုး အကျင့်တွေဟာ အတော် များပါတယ်..
တစ်ဆက်တည်း...
- လူငယ်တွေမှာ ရှိတဲ့
စိတ်ဓာတ် ခေါက်ရိုးကျိုး..
- သူများယောင်တိုင်း လိုက်ယောင်တဲ့
အိမ်မက် ခေါက်ရိုးကျိုး ..
- Relationship တွေမှာ အဆိပ်သင့်နေတဲ့ ( Easily Sex situation ) ခေါက်ရိုးကျိုး..
ကြာလာတော့လည်း motivation speaker တွေရဲ့ fake လုံး၊ ခြောက်လုံး၊ မြှောက်လုံးတွေ ကြားမှာ ကျုပ်တို့လူငယ်တွေ မြောသွားတယ် ထင်တယ်..
ရှေ့လျောက် ကျုပ်တို့ မက်တဲ့ အိမ်မက်က ခေါက်ရိုးကျိုးထက် ပိုဆိုးသွားမယ့် အရိပ်ယောင်ပါ...
#ခ
စာဖတ် မိတ်ဆွေလည်း
Unlock to read this premium article with 10 points.