Author's Profile Photo

Shwe Yee Yee Htut

30/09/2024

From The Land Of Green Ghosts _သင့်လူ

2 mins read
Book Review
General Knowledge
Culture


မြန်မာနိုင်ငံဖွား ကယန်းတိုင်းရင်းသားတစ်ယောက်၏ကမ္ဘာကျော် စာအုပ်၊2002ခုနှစ် တောင်အာရှအကောင်းဆုံးစာပေ kiriyama Pacific Rimဆုရရှိခဲ့သည့်စာအုပ်

တကယ်တော့ သည်စာအုပ်ကတော့ ဆရာပါစကယ်ထူးသွယ်ရဲ့ ဘဝမှတ်တမ်းအတ္ထုပ္ပတ္တိုဆိုတာထက် ကျွန်တော်အတွက်အများကြီးမပိုခဲ့ဘူး....ဘာလို့ဆို ဒီစာအုပ်ထဲမှာ ကျွန်တော်မျော်လင့်ထားတာတွေ အများကြီးရှိနေတာကိုး.....ဒါ့အပြင် ရိုးရာယဥ်ကျေးမူတွေနဲ့ တစ်ခမ်းတစ်နား ရှိနေတဲ့ နိုင်ငံတော်ကြီးထဲကနေ ဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့တဲ့ ရက်စက်တဲ့နေ့ရက်တွေ့ရဲ့ သမိုင်းမှတ်တမ်းအတိုအစ လည်း ဖြစ်တယ်။

စာအုပ်ရဲ့ အစမှာတော့ ဆရာပါစကယ်ရဲ့ဘွားအေတွေက ဒဏ္ဍရီနဲ့သမိုင်း ဖြစ်ရပ်တွေကိုရောနှောပြီး ဖြေကြတာတွေ့ရတယ်။ပဒေါင်မျိူးနွယ်စုရဲ့ မူလနာဂါးမိခင်ကြီးကို အောက်မေ့သတိရစေရန်ကွင်းစွပ်တာလို ဖြေကြတယ်။တချိူ့ကလည်း ဗြိတိသျှမဝင်ခင် တစ်တိုင်းပြည်လုံး မင်းမဲ့စရိုက်စိုးမိူးနေတုန်း ဗမာတွေက ပဒေါင်မျိူးသမီးတွေကို လာဖမ်းတာကြောင့် ပြန်တွေ့တဲ့ အခါမှတ်မိအောင်လိူ့ စွပ်တာလို့ဖြေကြတယ်။ဘယ်လိုအကြောင်းအရာမျိူးနဲ့ပဲ ကွင်းတွေ စွပ်ထားစွပ်ထား ပဒေါင် လူမျိူးတွေဟာ အဲလိုကွင်းစွပ်ထားရတာကို ရတနာတစ်ခုလိူသဘောထားကြတယ်။ကလေးတွေ နေမကောင်းဖြစ်ရင် သူတို့ရတနာကွင်းတွေကို ထိလိုက်ရင် ကျိန်စာပြယ်တယ်၊ ကံကောင်းတယ်လို သတ်မှတ်ကြတယ်။

ဖယ်ခုံမြို့ဟာ မြန်မာနိုင်ငံရဲ့ပထမဆုံးကစ်သလစ်မြို့ ဖြစ်လာခဲ့တယ်။စာအုပ်ကတော့ တစ်ခန်းနဲ့တစ်ခန်း အချိတ်ဆက်နည်းတယ်။နေဝင်းရဲ့ မြန်မာဆိုရှယ်လစ် လမ်းစဥ်ပါတီ အုပ်စိုးထဲက နိုင်ငံဟာ ကံဆိုးမိုးမှောင် ကျတော့တာပဲ။အစိုးရရဲ့ ဖွတ်ကျားစိုက်ပျိုးရေးပေါ်လစီ၊အော့ကြောလန် စီမံခန့်ခွဲမူနဲ့ လက်ဖျားခါးလောက်အောင် ခြစားမူတွေကြောင့် အရှေ့တောင်အာရှဆန်အိုး မြန်မာနိုင်ငံဟာ အဆင်းရဲဆုံး စာရင်းဝင်နိုင်ငံဖြစ်လာခဲ့တယ်။နေဝင်းကတော့ ဒီလိုတွေဖြစ်နေရတာတော့ ရောင်စုံသူပုန်တွေကြောင့်ပါလို့ စတင်လွဲချလာခဲ့တယ်။ဆိုရှယ်လစ်အရေခြုံစစ်အစိုးရကသာ တိုင်းရင်းသားဒေသတွေမှာ ရွာသားတွေကို ပေါ်တာဆွဲပြီး လူသားဒိုင်း၊ပြည်သူတွေရဲ့ အိုးအိမ်တွေကို ဖျကိဆီးတယ်။

၁၉၈၅ ခုနှစ် အောက်တိုဘာလတွင် အစိုးရက ရုတ်တရက် တစ်ရာတန်၊ငါးဆယ်တန်၊တစ်ဆယ်တန် တွေကို မတရားကြော်ငြာတယ်။နိုင်ငံဟာ ချက်ချင်းပဲ နိုင်ငံရေးတင်းမာမူ အရိပ်ယောင်တွေ ဖြစ်လာပြီး ကျောင်းတွေ၊တက္ကသိုလ်တွေ ပိတ်လိုက်ရတယ်။၁၉၈၆ ဇန်နဝါရီလောက်မှာ ကျောင်းတွေ ပြန်ဖွင့်ခဲ့ပေမယ့် ငွေတွေ အသိမ်းခံလိုက်ရပြီး ကျောင်းတတ်ဖို့ ပိုက်ဆံမရှိလို့ မန္တလေးက စားသောက်ဆိုင်မှာ စားပွဲထိုး ဝင်လုပ်ခဲ့တယ်။အဲဆိုင်လေးကနေ နောင်တချိန်သူဘဝရဲ့ ကယ်တင်ရှင် ဖြစ်လာမဲ့ ပါမောက္ခဂျွန်ကေစီနဲ့တွေ့ဆုံမိကြတယ်။

ကိုယ်ရဲ့လုပ်အားလေးနဲ့ ကျောင်းဆက်တတ်ရင်း ၁၉၈၈ မတ်လ ၁၂ရက်နေ့တွင် RIT ကျောင်းသားသုံးဦးနဲ့ အရပ်ဖက် တစ်ချိူ့ စန္ဒာဝင်း လက်ဖက်ရည်ဆိုင်မှာ သီးချင်းတောင်းတဲ့ ကိစ္စနဲ့ ပြသာနာဖြစ်ကြတယ်။ဒီပြသာနာကို အစပြုပြီး စစ်တပ်ကနှိမ်နှင်းရာ ကျောင်းသားကိုဖုန်းမော် သေဆုံးတယ်။ကျောင်းသားတွေက မကျေနပ်လို့ လမ်းပေါ်ထွက် ဆန္ဒပြကြရာ သေနတ်တွေနဲ့ ပစ်၊ဆံပင်ဆွဲပြီးနှိပ်စက် မသေမရှင်တွေကို ကားပေါ်ပစ်တင်ပြီး ကြံတောမှာအပြုံလိုက် မြုပ်ခဲ့ကြတယ်။ဆရာပါစကယ်ရဲ့ ချစ်သူမိုးလည်း အပါအဝင်ပေါ့။

ချစ်သူလည်းဆုံး၊ကျောင်းလည်းပျက်တဲ့ ဆရာပါစကယ်ဟာ ဇာတိမြေဖယ်ခုံ ကိုရောက်လာပြီး မကြာမီ ဖယ်ခုံကျောင်းသားသမဂ္ဂခေါင်းဆောင် အဖြစ် တော်လှန်ရေးမှာ ပါဝင်လာခဲ့တယ်။ထုံးစံတိုင်း စစ်တပ်က လိုက်ဖမ်းပေါ့။လွတ်မြောက်နယ်မြေ ကို ထွက်ပြေးရင်း အနိဋ္ဌာအာရုံများကို ခရီးသွားမှတ်တမ်းအဖြစ် ဖော်ပြထားတယ်။သူလိုပဲ လွတ်မြောက်နယ်မြေကို ထွက်ပြေးလာတဲ့ ကျောင်းသားတွေဟာ ဒုနဲ့ဒေးပါပဲ။တချိူ့ကျောင်းသားတွေဟာ ငှက်ဖျားပိုးမိပြီး သေကုန်ကြတယ်။အစိုးရရဲ့ ကျောင်းသားတွေ ပြန်လာခဲ့ကြပါ၊ ဘာမှမလုပ်ပါဘူးဆိုတဲ့ အချိူသတ်လိမ်ဇာတ်ကြီးမှာ ကျောင်းသားတွေကတော့ တသက်လုံး အိမ်ပြန်မလာနိုင်တော့ပါဘူး။

တိုက်ပွဲအတွင်းက ကျည်ဆံမိုးတွေ ကြားမှာပြေးရင်းလွှားရင်း ကံကြမ္မာရဲ့ မျက်နှာသာပေးမူကြောင့် မန္တလေးရဲ့ စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်ရင်း တွေ့ဆုံခဲ့တဲ့ ပါမောက္ခဒေါက်တာဂျွန်ကေစီရဲ့ အကူညီနဲ့ စခန်းက ထွက်ပြီး ကမ္ဘာထိပ်တန်းတက္ကသိုလ် Cambridge တွင် ပညာသင်ယူခဲ့တယ်။

Cambridge တက္ကသိုလ်တွင် ဘွဲ့ယူနိုင်ခဲ့တဲ့ ပထမဆုံး ပဒေါင်လူမျိူး ဆရာပါစကယ်ခူးသွယ်ဟာ အိုဘယ့်အစိမ်းတို့မြေ ဆိုတဲ့ စာအုပ်လေးကို ရေးသားခဲ့ရာ ၂၀၀၂ ခုနစ် တောင်အာရှအကောင်းဆုံးစာပေဆုရခဲ့တယ်။

ခေတ်ဆန်ပြီး ရုပ်လွန်းကြွတဲ့ ဘာသာပြန်စကားလူံးတွေကြောင့် ဖတ်မငြီးအောင် ဆွဲဆောင်လွန်းတယ်။လူမဆန်တဲ့ ရက်စက်မူတွေကို ဂရုဏာသက်ဖွယ် တွေ့ရပြီး အခုလိုသာ ပြန်မကြုံရရင် ဒါတွေ တကယ်ဖြစ်ခဲ့တယ်ဆိုတာကို ယုံချင်မှာယုံမိမှာ။အခုနေအချိန်ခါမှာဆရာရဲ့ ရပ်တည်ချက်ကိုတော့ အရမ်းနှမြောလွန်းတယ်။တကယ်ပါ ဖတ်နေရင်းကို ဆရာရဲ့သူရဲဘောကြောင်တဲ့ စိတ်ကိုလည်း တွေ့ရတယ်။ဥပမာ သူက အဖြူရောင်ကြီးကို မြင်နေရက်နဲ့ ဇွတ်အမဲလုပ်ချလိုက်တဲ့လူမျိူး လိုပဲ သူကိုမြင်တယ် အမှန်တရားကိုသိရက်နဲ့ လက်မခံချင်တဲ့လူမျိူး အခုလိုမျိူး နိုင်ငံရေးရပ်တည်ချက်ပြောင်းလဲသွားတာကိုလည်း မအံသြတော့ပါဘူး။ဆရာရဲ့ အရေးအသားကတော့ပေါ့ပါးပြီး ဖတ်ရင်း လက်ကမချချင်လောက်အောင် ဖြစ်ရတဲ့ စာအုပ်တစ်အုပ်ပါ။
@Bookreview

Keep Reading

သည်းခြေကြိုက် စာအုပ် ၆ အုပ်ချန်လှပ်ခဲ့သော ဇွန်လတန်ဆေးလွန်ဘေးနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်အချိန်ဆွဲတဲ့အကျင့်ဆိုးအာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအင်တာနက်နဲ့ လူနေမှုဘဝ