လင်္ကာဖြူ
အေးချမ်းသာယာနေတဲ့
ချင်းတောင်ခြေက မြို့လေးတစ်မြို့
ကာလေးမြို့မှ ကလေးမြို့ဟု
အမည်တွင်ခဲ့တဲ့ မှတ်မှတ်ရရ
ရာဇဝင်တွင် ရှိတဲ့မြို့။
တောင်ဖီလာရယ်
ပြောင်းပြန်စီးတဲ့မြစ်သာရယ်
ရေဆန်ကျွန်းဘုရားရယ်
စံကားလှဘုရားရယ်
ဒါတွေဟာ ကလေးမြို့ရဲ့ပြယုဂ်တွေ။
ဘုရင့်နောင်လမ်းဆိုပြီး
ဗန္ဓုလကြေးရုပ်ကြီးရှိခဲ့တာ
သဘာဝမကျပေမယ့်
ဗိုလ်ချုပ်လိုစိတ်ထားနဲ့
စုံညီနေတဲ့ တိုင်းရင်းသားတွေအတွက် ဗိုလ်ချုပ်လမ်းကိုတော့ အခါတစ်ရာမက ပျော်အောင်လျှောက်ခဲ့မိတယ်။
တောင်ဘက်က ယောနယ်
အနောက်ဘက်က ချင်းတောင်
မြောက်ဘက်က တမူးမြို့
စီးပွားရေးအချက်အချာ ကျသလောက် ရိုးသားမှုကို ရှာနေတဲ့မြို့။
တစ်ခေါက်တစ်ခါ
ရောက်ဖူးတယ်ဆိုရင်ပဲ အမှတ်ရစရာတွေ အများကြီးနဲ့
အိမ်အပြန်လက်ဆောင် တပွေ့တပိုက် တခုတ်တရ ရှိတတ်တဲ့မြို့။
စီးနေတဲ့ ခေတ်ရေယာဉ်မှာ လှော်တက်ကိုယ်စီနဲ့ ရိုးရာအမွေကိုထိန်းရင်း မကောင်းမှုဆို တော်လှန်ဖို့ ဝန်မလေးတဲ့မြို့။
ဒါဟာ တောင်လေးလုံးကာရံထား
အနောက်ရိုးမတောင်ခြေက ကလေးမြို့။
လင်္ကာဖြူ
Keep Reading