တင်ညွန့်
အရွယ်ရောက်လာပြီ၊ လူကြီးဖြစ်လာပြီ၊ ရင့်ကျက်လာပြီ စသည့်စကားများသည် လူတစ်ယောက်ဘဝအတွက် အရေးကြီးသည့် ကာလများသို့ရောက်လာပြီဖြစ်ကြောင်း သိထားရန်လိုပါသည်။
“အသက်ကြီးပြီး အချိန်မစီးဘူး” ဆိုသည့် အပြောမျိုး မခံရစေရန် အရေးကြီးသည်။
အရွယ်အလိုက် ရင့်ကျက်မှုသည် လူတိုင်းတွင်လိုအပ်သည်။
အသက်အရွယ် ကြီးလာလေ တာဝန်ယူမှု၊ တာဝန်ခံရမှုတွေ ပိုလာလေဖြစ်သည်။ လောကကြီးသည် နေရာတိုင်းတွင် မျှတမှုမရှိနိုင်ကြောင်း သဘောပေါက်လာကြသည်။ လူကြီးတစ်ယောက်ဖြစ်လာသည်နှင့်အမျှ ရင့်ကျက်ရန်လိုသည်။
ငါရင့်ကျက်လာပြီလားဆိုခြင်းကို အောက်ပါအချက်များနှင့် တိုင်းတာကြည့်နိုင်သည်။
(၁) ကိုယ်ဖြစ်ချင်တာမှန်သမျှ ကိုယ့်အတွက် မဟုတ်တော့။ တစ်ခါတစ်ရံတွင် ကိုယ့်အတွက်သာမက အခြားသူများအတွက်ပါ အချိန်တွေ ပေးနိုင်အောင် ကြိုးစားအားထုတ်လာရသည်။
(၂) ကိုယ်စိတ်ကူးသမျှ လက်တွေ့တွင် မဖြစ်နိုင်ကြောင်း သိလာသည်။
(၃) ကိုယ်လုပ်သမျှ အောင်မြင်သည်လည်းရှိသည်၊ ရှုံးနိမ့်သည်လည်း ရှိသည်။ ရလဒ်တွေကို ပြန်လည် သုံးသပ်ဆင်ခြင်ကာ သင်ခန်းစာယူလာတတ်သည်။
(၄) အရာရာသည် မမြဲကြောင်း နားလည်လာသည်။ ကိုယ်ချစ်သူခင်သူတို့သည် ကိုယ်နှင့်အတူ ထာဝရအတူ မနေနိုင်ဆိုခြင်းကို သဘောပေါက်လာသည်။ လူကောင်းတွေက ခဏနှင့်ခွဲခွာသွားပြီး လူဆိုးတွေကို ထာဝရပေါင်းနေရသည့် အနေအထားမျိုးတွေလည်း ရှိနိုင်သည်။
(၅) ကိုယ့်ကို နာကျင်အောင်လုပ်သူများနှင့် ကြုံတွေနိုင်ပါသည်။ သို့သော် ခွင့်လွှတ်ပေးထားလိုက်ရပြီး ထိုဒဏ်ရာများကို ကြိတ်မှိတ်ခံစားကာ မေ့ဖျောက်နေရသည်များ ရှိနိုင်သည်။
(၆) ကိုယ်ချစ်ရသူတိုင်းက ကိုယ့်ကိုပြန်ချစ်ရန် မမျှော်လင့်နိုင်တော့ပါ။ နောက်ကျောကိုဓားနှင့် ထိုးသူများ၊ ကိုယ့်အသည်းကို ခွဲသွားသူများနှင့် ရင်ဆိုင်ရနိုင်ပါသည်။
(၇) ကိုယ်ကဘယ်လောက်ကောင်းကောင်း ကိုယ့်အပေါ်သူများက ပြန်ကောင်းရန် မမျှော်လင့်နိုင်တော့ပါ။
(၈) တစ်ယောက်ယောက်ထံက အများကြီးပြန်ပြီး မျှော်လင့်မထားရန်လိုသည်။ လူဆိုသည်မှာ ကိုယ်နှင့်နည်းတူ အတူတူပဲဖြစ်နိုင်သည်။
(၉) ကိုယ်ကောင်းတာ ဘယ်လောက်လုပ်ပေးသည်ဖြစ်စေ တစ်ခုခုပြန်ရလိမ့်မည်ဟု မျှော်လင့်မထားသင့်ပါ။
(၁၀) အသက်ကြီးလာလေ မိတ်ကောင်းဆွေကောင်း နည်းပါးလာလေဖြစ်သည်။
(၁၁) နောက်ဆုံးတွင် ကိုယ့်ကို သစ္စာမဖောက်နိုင်သူမှာ ကိုယ်ကိုယ်တိုင်နှင့် ယုံကြည်ကိုးကွယ်ရာ ဘုရားရှင်သာ ဖြစ်နိုင်သည်။
(၁၂) တစ်ခါတစ်ရံတွင် ကိုယ်သတိအရဆုံးသူမှာ ကိုယ့်ကို နာကျင်အောင် အလုပ်နိုင်ဆုံးသူ ဖြစ်နေတတ်သည်။
(၁၃) အားစိုက်တိုင်း အောင်မြင်မှု မရနိုင်ပါ။ အောင်မြင်မှုဆိုသည်မှာ တစ်ထစ်ချင်းတက်မှ ရောက်နိုင်သည့် လှေကားသဘောမျိုးဖြစ်သည်။
(၁၄) အငြင်းခံရမှုများ၊ ဆုံးရှုံးမှုများသည် ကိုယ့်ဘဝအတွက် အောင်မြင်မှုတွေ ဖြစ်လာတတ်သည်။
(၁၅) ကိုယ့်အားကိုယ်ကိုးမှ အလုပ်ဖြစ်သည်ကို သဘောပေါက်လာလိမ့်မည်။
(၁၆) အမှားတွေ လုပ်မိသလို၊ အသုံးမကျသည့် ဆုံးဖြတ်ချက်တွေကိုလည်း ချခဲ့နိုင်သည်။
(၁၇) လူတိုင်းကို ကိုယ်နားလည်သလို နားလည်လိမ့်မည်ဟု မျှော်လင့်ထားရန် မဖြစ်နိုင်ပါ။
(၁၈) အရာရာသည် မတည်မမြဲ၊ ဖောက်လွဲဖောက်ပြန် ဖြစ်နိုင်သည်ကိုသဘောပေါက်လာသည်။
(၁၉) ကိုယ့်ကို စိတ်အနှောက်အယှက်ပေးမည့်သူများကို စွန့်ခွာထွက်ပြေးလိုစိတ်တွေ ရှိလာသည်။
(၂၀) ကိုယ်ယုံကြည်ရာတစ်ခုခုမရှိဘဲ၊ မလုပ်ဘဲ နေထိုင်ရန် မဖြစ်နိုင်ဆိုခြင်းကို နားလည်လာသည်။
(Ref: Personal Growth Psychology)
တင်ညွန့်
၁၃.၉.၂၀၂၄
Keep Reading