Author's Profile Photo

SarPhat Author

20/03/2024

❝ပိုစ်တွေလည်း တင်တယ် ဘာကြောင့်မရောင်းရလည်း❞

1 min read
Business
Marketing
Startup
❝ပိုစ်တွေလည်း တင်တယ် ဘာကြောင့်မရောင်းရလည်း❞'s photo


➧​ကျွန်တော် Boost Service ပေးတဲ့သက်တမ်းတလျောက် တွေ့မိတာရှိတယ်။ တချို့ Admin တွေ ပိုစ်တွေလည်းတင်တယ်၊ Time တွေ Schedule တွေနဲ့ Content Calendar တွေနဲ့ကို သတ်မှတ်ပြီးတင်တယ် ဒါပေမယ့်မရောင်းရရှာဘူး။

➧​Boosting လာအပ်တယ် ၊ သူတို့ ပိုစ်တွေစစ်ကြည့်တယ်၊ ပေ့တွေစစ်ကြည့်တယ် ။အဲ့မှာဘာတွေ့ရလည်းဆိုတော့ သူတို့ကြော်ငြာမယ့် ပိုစ်က Content (အကြောင်းအရာ ) နဲ့ သုံးထားတဲ့ Design (ပုံ)ကမလိုက်ဖက်တာ ၊ Content ခေါင်းစဉ် (စာအရေးအသား ခေါင်းစဉ်) နဲ့ Design Head Line (ပုံမှာ အဓိက ပြချင်တဲ့ စာသား) မလိုက်ဖက်တာ တွေ့ရတယ်၊ နောက်တစ်ခုက အကြောင်းအရာ စာသားတွေအများကြီးရေးထားပြီး ဘာကိုဆိုလိုချင်မှန်းကိုမသိ ရှုပ်ရှက်ခက်နေအောင်ရေးထားပြီး Design က ကိုယ်ထည့်ချင်တာတွေ ပြွတ်သိပ်ထည့်ထားတာမျိုးလည်းတွေ့ရတယ်။

➧နောက်ထက် သူတို့ပေ့မှာ တင်ထားတဲ့ ပိုစ်တွေလိုက်စစ်ကြည့်တော့လည်း Content နဲ့ Design လိုက်ဖက်တာမတွေ့ရသလို ၊ ပိုစ်တွေတော့အများကြီးတော့တင်ထားတယ် တပိုစ်နဲ့ တပိုစ်အခြိတ်အဆက်မမိတာ၊ ကိုယ့်ပေ့ (ကိုယ့်လုပ်ငန်း)နဲ့ မသက်ဆိုင်တဲ့ ပိုစ်တွေတင်ထားတာမျိုး၊ နောက်တခုက ကိုယ့်ပေ့ (ကိုယ့်လုပ်ငန်း) နဲ့ မသက်ဆိုင်သူတွေကို စွတ်အတင်းရောင်းတဲ့ ပိုစ်တွေတင်ထားတာတွေ့ရတယ် ။

➧ကိုယ့်ပေ့ (ကိုယ့်လုပ်ငန်း) နဲ့ မသက်ဆိုင်သူဆိုတာက ကိုယ်က ဆီးချိုးပျောက်ဆေးရောင်းမယ်ဆို အချိုကြိုက်တဲ့လူကို စွတ်ရောင်းလို့မရသလို ကိုယ့်ပစ္စည်းကို တကယ်ဝယ်ချင်၊ဝယ်နိုင်မယ့်သူတွေ အကြိုက်၊သေချာလေ့လာဆွဲဆောင်ပြီး ဝယ်ချင်လာအောင်ရောင်းရမှာမျိုးပါ။

➧ပိုစ်တွေလည်း တင်တယ် ဘာကြောင့်မရောင်းရလည်းပြန်စရရင် ကိုယ်ကရောင်းချင်တာပဲရှိတယ် ကိုယ့်ပစ္စည်းကို ဘယ်သူတွေက ဝယ်ချင်တာလည်း၊ ဘယ်သူတွေ (ဘယ်လူတန်းစား၊အသက်အရွယ်၊ ကျားမက)ကြိုက်နှစ်သက်တာလည်း၊ ဘယ်မြို့တွေက အဝယ်အများဆုံးလည်း ၊ ကိုယ်ရေးတဲ့ စာသားနဲ့သုံးတဲ့ ဒီဇိုင်းတွေက ကိုယ်ပဲကြိုက်နေလို့မရပါဘူး။

➧ကိုယ့်ဝယ်သူတွေက ဘယ်လိုလူမျိုးတွေလည်း၊ သူတို့ကြိုက်နှစ်သက်မယ့် အကြောင်းအရာကဘာလည်း၊ သူတို့ လိုချင်တာက ဘာလည်း၊ သူတို့ စိတ်ဝင်စားမယ့် ပုံစံလေးတွေကဘာလည်း စတာတွေသေချာလေ့လာပြီးမှ အနားတခြားဆေးတခြား မဖြစ်ပဲ ဘာကြောင့်မရောင်းရလည်းမဖြစ်အောင် ဝယ်သူတွေအကြိုက် လေ့လာသုံးသပ်ပြင်ဆင်ပြီးမှ Boosting အပ်တယ်တာ ကြော်ငြာလုပ်တာမျိုး လုပ်စေချင်ပါတယ်လို့ အကြံပြုပါတယ်ဗျာ ။

Keep Reading

ချမ်းသာဖို့အတွက် ဘာလိုသလဲငွေရှာဖွေနည်း၏ ကောင်းကျိုးဆိုးကျိုး"ပန်နိုရာ" တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေလိုက်သည့် "မိနစ်ပိုင်းစာ စီးပွားပညာ" အပိုင်း(၁) စာအုပ်ကို 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 မှာယူနိုင်ပါပြီ။အောင်မြင်ဖို့ အဓိက ဘာလိုသလဲ ချွေတာမလား၊ ပိုရှာမလား3L for Successမြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခုလုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလားPersonal Budget အတွက် 50/30/20 Rule ◾ဘ၀က ပိုလွယ်ကူလာတာမဟုတ်ဘူး၊ ကျွန်တော်တို့က ခံနိုင်ရည်ပိုရှိလာတာ ◾