SarPhat Author
➧လွန်ခဲ့တဲ့ (၃)နှစ်ဝန်းကျင်ကတော့ ပေ့ထောင်ပိုစ်တင် 5$/10$ လောက် Boost လုပ်တာနဲ့ Message တွေအများကြီးဝင်ပြီး အရမ်းရောင်းရပါတယ်။ အဲ့ဒီအချိန်တွေတုန်းက အွန်လိုင်း (Facebook/Tik Tok) ကနေစျေးရောင်းချတဲ့သူတွေနည်းသလို Content တွေလည်း အပြိုင်အဆိုင်မရှိသေးဘူးရယ်။
➧ဒီနေ့ခေတ်ရောက်လာတဲ့အခါမှာ လုပ်ငန်းပေါင်းများစွာ အွန်လိုင်းပေါ်ရောက်လာကြပြီး Marketing Budget တွေအများကြီးနဲ့ Content နဲ့ Design/Video တွေအပြိုင်အဆိုင် ၊ Live Sale Promotion တွေတပုံတပင်နဲ့ ပြိုင်ဆိုင်မူတွေပြင်းထန်လာပြီး လုပ်ငန်းခွဲဝေမူတွေလည်း အများကြီးလာကြပါပြီ။
➧လုပ်ငန်းတွေအပြိုင်အဆိုင်များလာတာနဲ့အမျှ ဝယ်ယူသူတွေအနေနဲ့လည်း ရွေးချယ်စရာတွေများပြားလာပြီး အွန်လိုင်းကနေ ပစ္စည်းတွေဘယ်လိုမှာယူရမလည်း၊ Quality ကောင်းမကောင်း၊ အိမ်ရောက်ငွေချေရလား၊ Delivery Free လားသေချာစစ်ဆေးပြီး ဝယ်ယူတတ်နေပါပြီ။
➧ဒီတော့လုပ်ငန်းအပြိုင်အဆိုင်များနေတဲ့ခုလိုအချိန်ခါမျိုးမှာ ပေ့ထောင်ပိုစ်တင် Boosting ကိုပဲဖိလုပ်တာက လက်ရှိလည်ပတ်နေတဲ့လုပ်ငန်းကြီးတွေဆိုရင် အဆင်ပြေနေသေးပေမယ့် အခုမှစတဲ့လုပ်ငန်းငယ်တွေဆို 10$ လောက်သုံးပြီး ကြော်ငြာမယ်ဆိုရင်တောင် ကြော်ငြာစာရိတ်သာကုန်သွားတယ် ကြော်ငြာဖိုးတောင်ပြန်မရဘူး အွန်လိုင်းမှာစျေးဆက်ရောင်းရမလား လမ်းပျောက်စိတ်ဓာတ်ကျကုန်ကြပါတယ်။
➧ဒါဆိုခုမှစတဲ့လုပ်ငန်းတွေ ရောင်းရအောင်ဘယ်လိုလုပ်ရမလည်း ?
ခုမှစမတဲ့လုပ်ငန်းတွေ အနေနဲ့ ကိုယ်ရောင်းမယ့် ပစ္စည်း၊ Service တို့ကို ဝယ်သူတွေကြိုက်မယ့် ယုံကြည်မူမျိုးရအောင် ကိုယ့်အွန်လိုင်းဆိုင် အခင်းအကျင်းကို သေချာပြင်ဆင်သင့်ပါတယ်။
➧ကျွန်တော်တို့အပြင်မှာ စျေးရောင်းချမယ်ဆိုရင်တောင် ဆိုင်းခန်းခ၊ ဝန်ထမ်းခ၊ ပစ္စည်းဖိုး စတာတွေရင်းနှီးကျရသလိုပဲ အွန်လိုင်းမှာစျေးရောင်းမယ်ဆိုရင်လည်း လိုအပ်တဲ့ရင်းနှီးမူတခုတော့ ထည့်ဝင်ရမှာပါ။
➧ကိုယ်က Budget လည်း
Unlock to read this premium article with 10 points.