ညီညီ
ကျွန်တော်စာကို ဖတ်ပေးကြတဲ့လူတွေအားလုံးဘဲ မင်္ဂလာပါ
ဒီနေ့မှတော့ ကျွန်တော်တို့ရှင်သန်နေထိုင်ရတဲ့ ကမ္ဘာကြီးမာ ဘ၀ဆိုတာဘာလဲဆိုတာရယ်ဘ၀ကိုဘယ်လိုရိုးရိုးရှင်းရှင်းဖြတ်သန်းရမလဲဆိုတာကိုပြောပြပေးပါမယ်။
ဘ၀ဆိုတာဟာ ဆရာကြီးဦးအောင်သင်းပြောသလို မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားက ကာလကိုပြောတာဖြစ်ပါတယ်။
တယ်ကယ်တော့ကျွန်တော်တို့ရဲ့ ဘ၀ကနေထိုင်ရဖို့ တိုတောင်းပါတယ်။
လူတွေကအဲဒါကိုမသိကြပါဘူး ဘာလို့လဲဆိုတော့သူတို့ဟာလောဘစိတ်၊ဒေါသစိတ်တွေနဲ့ဖုံးလွှမ်းနေကြလို့ဖြစ်ပါတယ်။ လူတွေက လောဘစိတ်တွေ ကိုမထိန်းနိုင်ကြပါဘူးလူတွေကရလေပိုပြီးလိုချင်လေပါ ဒါတွေကြောင့်မို့ဘဲ ရတာထက်ပိုလိုချင်တဲ့စိတ်တွေဖြစ်ပေါ်လာတယ်။အဒီစိတ်တွေကဘဲ နောက်ဆုံးတော့ ကိုယ့်ဘ၀ကို ချောက်ထဲတွန်းပို့လိုက်တာနဲ့တူပါတယ်။ ဒီလိုပါဘဲ ကိုယ့်ရဲ့ဒေါသစိတ်ကိုမထိန်းနိုင်တာကလဲ ကိုယ့်ဘ၀ကို သတ်တာနဲ့တူပါတယ်။ ကျွန်တော်တို့က အနိုင်ဆုံးလောဘစိတ်ရောဒေါသစိတ်ကိုရောနည်းနိုင်သမျှနည်းအောင်ကြိုးစားရပါမယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်အသိဦးလေးတစ်ယောက်အကြောင်းကိုပြောပြပေးပါမယ် အဒီဦးလေးက ဉာဏ်လဲသိပ့်ကောင်းတယ်၊ဖြတ်ထိုးဉာဏ်လဲသိပ့်ကောင်းပါတယ်၊ အလုပ်လုပ်ရင်တိကျပြတ်သားတယ်၊ဒါပင်မဲ့ဦးလေးက လောဘကြီးတယ်၊ဒေါသလဲထွက်လဲတယ်။တစ်နေ့ဦးလေးအလုပ်ကိုရောက်သွားတယ် ဦးလေးဟာသူအလုပ်မှအဆင်မပြေတာနဲ့ အလုပ်မာရှိတဲ့သူတပည့်တွေကို အော်ဟစ်ပြီးပြောဆိုနေခဲ့ပါတယ် ပြောရရင်မဆိုင်တဲ့လူတွေကိုပုံချနေတာပါ။ဘာဖြစ်တာလဲသွားမေးတော့ သူတို့ကုမ္ပဏီရဲ့ ပစ္စည်းတွေ အခြားမြို့ကိုတင်ပို့တာတန်ပိုပြီးလာမှာကားမှောက်သွားလို့ တဲ့တယ်ကယ်ကနောက်ရက်မာပို့လဲရတဲ့ကုန်ပစ္စည်းများကို ကားတစ်စီးပေါ်မှဘဲတင်ပြီးအကုန်ပို့လိုက်တာတဲ့ အဒီမာဘဲ ကုန်ပစ္စည်းတွေကအရမ်းများနေလို့လာမှမှောက်သွားတာတဲ့။ဒါနဲ့ကျွန်တော်မေးခွန်းတစ်ခုမေးလိုက်တယ် ဘာလို့နောက်နေ့မှပို့လဲရတာကို ဘာလို့ဒီနေ့ပိုရင်ဈေးပိုရမာမို့တဲ့ အော်ကျွန်တော်စဉ်းစားမိလိုက်အော်ဦးလေးလောဘကြီးတာဘဲလို့ စဉ်းစားကြည့်ပါစာဖတ်ပရိတ်သတ်တို့ တယ်ကယ်တော့ လောဘကြီးတယ်ဆိုတာ အတိုင်းအတာရှိသင့်တယ်
ရတာထက်ပိုလိုချင်းရင် သင့်နောက်မာ"ပျက်စီးဆုံးရှုံးကပိုများ"တယ်ဆိုတာသိစေခြင်းတယ်။
နောက်တော့ဦးလေးကပြောရင်သူ့ဟာသူစိတ်တွေတိုပြီးဒေါသတွေထွက်လာပြီး သူမိန်းမနဲ့သူကလေးတွေကိုလဲ အော်တယ် ရုံးကလူတွေကိုလဲပြောဆိုနေပါတယ် တယ်ကယ်ဆိုဒေါသထွက်နေလဲ ပစ္စည်းတွေကပြန်မရတော့ပါဘူးနောက်မဖြစ်အောင်လုပ်မယ်မတွေးဘဲ ဒေါသကြီးထွက်နေတာပါ။တယ်ကယ်ဆို ဒေါသဆိုတာ မီးတောင်တစ်ခုလိုပါဘဲ ဒေါသမီးတွေတောက်လောင်လာရင်ဘာအရာကိုမှအမှန်တရားမဖြစ်မမြင်နိုင်တော့ဘူး ဒါပင်မဲ့လူတွေကအဒီဒေါသမီးကိုမထိန်းချုပ်နိုင်ကြဘူးဒါကြောင့်မို့လဲ ဒီကမ္ဘာပေါ်မဖြစ်သင့်၊မမြင်သင့်မမြင်အပ်တဲ့အရာတွေကိုမြင်နေရတာပါ။
ဒါကြောင့်မို့ကျွန်တော်တို့က ဘ၀ကိုရိုးရိုးရှင်းရှင်းဖြတ်သန်းလိုရင်
လောဘမကြီးပါနဲ့
ဒေါသမထွက်ပါနဲ့
လူတိုင်းက ကိုယ့်လိုလူမျိုးမဟုတ်ဘူးဆိုတာကို နားလည်ထားပါ။
ဒီစာကိုဖတ်ပြီးရင် စာဖတ်တဲ့သူတို့
တစ်ခုခုရသွားမယ်လို့ယူဆပါတယ်။
လူတိုင်းလူတိုင်းလဲ လောဘနည်းပြီး၊ဒေါသနည်းတဲ့လူတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းမေးလိုက်ပါတယ်။
ညီညီ
Keep Reading