Author's Profile Photo

အယ်မွန်းသော်တာ (မြို့သာ)

26/09/2024

မိခင်ရဲ့ဝမ်း နှင့် မုန်တိုင်းထန်တဲ့ ဘဝပင်လယ်

1 min read
General Knowledge
Poetry
18 Again

မိခင်ရဲ့ဝမ်းကထွက်ပြီး
လူ့ဘဝကို ကျွန်တော်တို့ခဏတာရောက်ရှိခဲ့တယ်
မုန်းတိုင်းနဲ့ပင်လယ်ဆိုတာ
အစကဘာမှန်းတောင်မသိခဲ့ဘူး
ထို့အတူ ဒေါသနဲ့မာန်မာနဆိုတာလည်းမသိခဲ့ဘူး...
ဒေါသကမုန်တိုင်းဆန်တယ်.....
မာန်မာနက ပင်လယ်ဆန်တယ်....

ဝမ်းစာရေးအတွက် ပေတစ်ရာလျောက်နေတဲ့သူကို
လမ်းဘေးကတောင် မခေါ်ချင်ကြဘူး
ထို့အတူ လူချမ်းသာတွေဆိုဝေးရောပေါ့လေ...


ဘဝဆိုတာ တိုက်ပွဲတစ်ခုလို့
လူတိုင်းပြောကြတယ်
တိုက်ပွဲတိုင်းကိုနိုင်အောင်ဆင်နွှဲရမယ်
ရိုးသားခြင်းနှင့်စစ်မှန်ခြင်းကို
လက်ကိုင်ထားပြီးတော့ပေါ့....

နယူတန်ရဲ့နိယာမသဘောတရားကိုလက်ကိုင်ထားပါ
နပိုလီယန်လို မဖြစ်ပါစေနဲ့
အချိန်ကိုလည်းလေးစာပါ
အလုပ်ကိုလည်းကြိုးစားပါ...
ထို့အတူ ဘဝကိုလည်း
အရှုံး‌မပေးဘဲ ရှင်သန်ပါ...

နပိုလီယန်လိုလည်း
နှစ်နာရီစာ နောက်ကျလို့မရဘူး....
ထို့အတူ လဲကျနေရာမှ
ပြန်မထလို့မရပါဘူး...

(11.11.23)
#အယ်မွန်းသော်တာ
#Knowledge

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်း