Charming Yu
ဒီစာအုပ်လေးမတိုင်ခင် ဆရာမမွန်ရဲ့ စာအုပ်
တော်တော်များများက စိတ်အာဟာရပေးတဲ့စာစု၊စာအုပ်
လေးတွေ ဖြစ်တာကြောင့် ထွက်ရှိသမျှစာအုပ်
တော်တော်များများ ဖတ်ခဲ့ပြီး ဆရာမရဲ့ ကျေးဇူးနဲ့
ကိုယ့်ရဲ့ အကောင်းမြင်စိတ်က ပိုပြီး growth ဖြစ်လာတယ်ခံစားရတယ်။
ခုထွက်ထားတဲ့ ဒီစာအုပ်လေးကို ဖတ်ကြည့်လိုက်တော့
ကိုယ်မသိသေးတာ ၊ကိုယ်မေ့နေတဲ့အပိုင်းလေးတွေ
remind လုပ်လိုက်သလို ခံစားရတယ်၊ လူတွေဟာ မ
ပြေလည် မကျေလည်ခဲ့တာတွေကို ဇွတ်အတင်း မေ့
ဖျောက်ပြီး မလှပတဲ့ အနာတရတွေကို ဟိုးအတွင်းထဲ သော့ခတ်သိမ်းထားလိုက်မိတယ်။အကြောင်း
တိုက်ဆိုင်လာတိုင်း ဒီစိတ်ဒဏ်ရာတွေက ကျွန်မတို့ လက်ရှိကို လာထိခိုက်နေတယ်၊ တစ်ခါတစ်ရံ အတွေးက အတိတ်ထဲမှာ ပြန်ပြန်တွေးပြီး နာကျင်နေရတာမျိုးဖြစ်တယ်။ထပ်ခါ ထပ်ခါ ကိုယ်မသိလိုက်တဲ့အပြုအမူ တွေ၊စိုးရိမ် ကြောက်ရွံ့မှုတွေ ကို ခံစားမိနေတာဟာ ကိုယ်ရရှိခဲ့တဲ့ စိတ်ဒဏ်ရာကြောင့်ပဲ ဖြစ်တယ်ဆိုတာ သတိမပြုမိကြပါဘူး...
ဒီစာအုပ်က ဖတ်ဖူးသမျထဲ ထူးခြားတဲ့ စာအုပ်တစ်
အုပ်လို့ မြင်တယ်...ပြီးပြည့်စုံတဲ့ Mental Health Guide book တစ်အုပ်လို့ အတိအကျ ပိုပြောလို့ရတယ်...
စာအုပ်ထဲမှာ Chapter(15)ခုပါတယ်..Chapter တစ်ခုချင်းစီအောက်မှာ ခေါင်းစဥ်တစ်ခုချင်းစီနဲ့ စိတ်ရဲ့အ ကြောင်း၊အလုပ်လုပ်ပုံတွေ၊ ဖြေရှင်းရမဲ့ ပုံစံလေးတွေနဲ့ ရှင်းရှင်းလင်းလင်း ချပြ ရေးပြထားတယ်..
ဆရာမ ကိုယ်တိုင်ကလဲ စိတ်ရဲ့အလုပ်လုပ်ပုံတွေ၊စိတ်ကို လေ့လာရတာကြိုက်ပြီး Counseling သင်တန်းတွေနဲ့ သူမ ကိုယ်တိုင် တွေ့ကြုံ ဖြစ်ပျက်ရတာတွေနဲ့ ဥပမာ ပေးပြီး ရေးပြထားတာတွေဟာ Chapter တစ်ခုချင်းစီတိုင်းမှာ အင်မတန် စိတ်၀င်စားဖို့ကောင်းလှတယ်...
Chapter (3)ရဲ့ ခေါင်းစဥ် ၀မ်းနည်းဆုံးရူံးမှု သံသရာမှ လွတ်မြောက်ခြင်းမှာဆိုလျှင် ဆရာမဟာ ကြုံတွေ့ရတဲ့ အရာတွေကို အတွေးပြောင်းပြီး စဥ်းစားလိုက်တာတွေမှာ ဘ၀ရဲ့အဓိပ္ပာယ်ကို ရှာတွေ့လာတယ်၊ဘယ်လိုရှေ့ဆက် နေထိုင်ရမလဲဆိုတာ သိလာတယ်...အကြိုက်ဆုံးစကားစုတစ်ခုက
“တချို့လူတွေဟာ နက်ရိူင်းတဲ့၀မ်းနည်းပူဆွေးမှုထဲမှာတောင် ဘ၀ကို ရည်ရွယ်ချက်ရှိစွာ ကြံ့ကြံ့ခံ ရှင်သန်ရင်း ဆုံးရူံးခဲ့ရသူတွေရဲ့ အမှတ်ရစရာတွေကို ဂုဏ်ပြုပြီး ရှေ့ဆက်ရဲတဲ့ သတ္တိကို တွေ့ရှိရပါတယ်”တဲ့.....
Chapter(7)မှာကြိုက်မိတဲ့ စကားလေးက
“Time is Precious.Make sure you spend it with the right people.
ဘ၀ကတိုပါတယ်။ကျွန်မတို့ ဘယ်လိုလူမျိုးတွေနဲ့ အတူရှိနေသင့်သလဲဆိုတာ ရွေးချယ်တတ်ဖို့ လိုပါတယ်။
Chapter(9)မှာ Inner Child လေးနဲ့ ပတ်သက်ပြီးပြောသွားတာလေး အရမ်းသဘောကျမိတယ်။
လူအားလုံးရဲ့ စိတ်အတွင်းမှာ Inner Childဆိုတဲ့ ကလေးငယ်လေး ရှိတယ်..အသက်ဘယ်လောက်ကြီးကြီး သူက ကိုယ်နဲ့အတူလိုက်ပြီး ကြီးပြင်းမလာဘဲ အဲ့ဒီအရွယ်ငယ်လေးအတိုင်း ကျန်ခဲ့တယ်...
ဒီ Inner child လေးကို နားလည်လာတာနဲ့အမျှ ကိုယ့်ရဲ့ တန်ဖိုးထားမှုစံနှုန်းတွေ၊ စိတ်ဒဏ်ရာတွေအကုန် နားလည်လာပြီး ရှာဖွေတွေ့ရှိသွားပါလိမ့်မယ်...
ကျွန်မအမြင်နဲ့ ပြောရရင် စိတ်သင်တန်းတွေလဲ တက်ဖူးတာမို့ ဒီ Inner child က အများကြီး လက်ရှိမှာ သက်ရောက်နေပါတယ် အဲ့အတွက် စိတ်အနာတရတွေကို သေချာ ဖယ်ထုတ်ပြီး သိမ်းသင့်တဲ့နေရာလေးမှာ သိမ်း၊လွှင့်ပစ်သင့်တာ လွှင့်ပစ်မယ်ဆိုလျှင် စိတ်ကလေးက ပိုလို့ ကျန်းမာလာတယ် ဆိုတာ သိလာရတယ်..ကိုယ့်ကိုယ်ကိုယ်မြင်တဲ့အမြင်တွေ ပြောင်းလဲလာတယ်...
ဒီစာအုပ်ကို ဘယ်လိုလူမျိုးတွေ ဖတ်သင့်သလဲ?
ကိုယ့်ကိုယ်ကိုယ် ရှာဖွေချင်တဲ့သူ၊ကိုယ့်စိတ်အခြေအနေလေး ဘယ်လိုဖြစ်နေသလဲ? ကိုယ့်စိတ်ကလေး ဘယ်လိုတုံ့ပြန်လဲ? လေ့လာချင်တဲ့သူတွေအတွက် ဖတ်သင့်တယ်...ကိုယ်စိတ်အဆင်မပြေတဲ့အခါ ဒီစာအုပ်လေး ပြန်လှန်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်လို့ ရနိုင်တယ်။
စိတ်အဆင်မပြေတဲ့အခါ Professional တွေရဲ့ အကူအညီ ယူပြီး ဖြေရှင်းကြသူများလဲ ရှိကြတယ်၊ Counseling သင်တန်းတွေလဲ တက်လို့ရသလို ဒီလိုစာအုပ်လေး ရှိလာတဲ့အခါ ဖတ်ရူကြည့်မယ်ဆိုလျှင် စိတ်ပိုင်းဆိုင်ရာအတွက် အများကြီး အထောက်အကူ ဖြစ်စေမယ် မြင်မိပါတယ်။
ကိုယ်ကိုယ်တိုင် စိတ်ပြဿနာ မကြုံရတောင် ကိုယ့်ပတ်၀န်းကျင်မှာရှိတဲ့ ကိုယ်ချစ်ရတဲ့သူ ကြုံတွေ့နေရင်တောင် နည်းမှန်လမ်းမှန်နဲ့ နှစ်သိမ့်ပေးနိုင်မယ်၊ကိုယ့်ရဲ့ Inner child လေးတည်ရှိနေတာကို မမေ့မလျော့ဘဲ စကားလေးပြောပေးမယ် Shadow self ချိတ်ဆက်လုပ်တာတွေက ကိုယ်သိချင်တဲ့ ပုဒ်စာရဲ့ အဖြေတွေအားလုံးဟာ ကိုယ့်မှာပဲ ရှိနေတယ်ဆိုတာ သိလာရပါမယ်။စိတ်အမှိုက် ကောက်ယူမိနေသလား ၊အမှိုက်ကိုဘယ်လို ပစ်ထုတ်လဲ ဘယ်လိုသိမ်းသင့်သလဲဆိုတာ သိလာရပါလိမ့်မယ်..
စိတ်ကြည်လင်ချင်တယ်ဆိုရင် စိတ်အမှိုက်တွေဟာ ဘာတွေလဲဆိုတာ သိဖို့ လိုကိုလိုအပ်ပါတယ်၊ကိုယ့် စိတ်အခြေအနေနဲ့ စိတ်အကြောင်း စိတ်၀င်စားသူတွေ၊ကိုယ့်ကိုယ် ရှာဖွေချင်သူတွေနဲ့ စာဖတ်ရတာ ကြိုက်တဲ့သူတွေအတွက် ဒီစာအုပ်လေးကို အချိန်လေးပေးပြီး ဖတ်ကြည့်ဖို့အတွက်လဲ တိုက်တွန်းချင်ပါတယ်...
#MonHalsey
#EscapingTheMindMaze
#စိတ်ဝင်္ကပါမှလွတ်မြောက်ခြင်း
1.8.2024
Keep Reading