Author's Profile Photo

Digital Note

25/09/2024

Ghosting (မပြောမဆိုပျောက်ကွယ်သွားခြင်း)

2 mins read
General Knowledge
Ghosting (မပြောမဆိုပျောက်ကွယ်သွားခြင်း)'s photo

ဒီကနေ့ခေတ်မှာ တော်တော်များများ ghosting ဆိုတဲ့စကားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်ကြမှာပါ.....
ရှေးယခင်ခေတ်တွေတုန်းက တစ်‌ခုခုဆိုရင်ပြောဆိုဆက်သွယ်ဖို့ခက်ခဲတဲ့အချိန်မှာ တစ်ဦးနှင့်တစ်ဦးအဆက်အသွယ်မရကြတာ ပုံမှန်သဘာဝလို့ပဲပြောရမယ်။အခုလိုနည်းပညာတိုးတက်လာတဲ့ခေတ်ကြီးမှာ ဆက်သွယ်လို့ရတဲ့နေရာတွေအရမ်းများပါတယ်။ Facebook/Messenger/Instagram/X/ Viber/Telegram/Whatsapp ကြိုက်တဲ့နေရာကကြိုက်သလိုဆက်သွယ်လို့ရနေတာပဲလေ။
အကွာအဝေးဆိုတာ နီးခြင်းဝေးခြင်းနဲ့မဆိုင်တော့ဘူး။

ဒါပေမယ့် ဘာကြောင့် ghosting လုပ်ကြသလဲ?

လူတွေရဲ့စိတ်ကခန့်မှန်းရခက်သလို တစ်ယောက်နဲ့တစ်ယောက်ကလည်း Personality တွေမတူကြဘူး။ဖြတ်သန်းလာတဲ့ Environment မတူကြဘူး။တူညီတာတစ်ခုရှိတာက လူဆိုတာ ကိုယ်သာတဲ့ဘက်ကိုပဲရွေးတတ်ကြပြီး ကိုယ့်အတ္တကိုရှေ့တန်းတင်ကြတဲ့သူတွေချည်းပဲ။တစ်နည်းအားဖြင့် ပြဿနာတွေကိုဖြေရှင်းရမယ့်အစား ရှောင်လွဲချင်ကြတယ်။ကိုယ့်ရဲ့စိတ်သက်သာရာရမှုကို ဦးစီးပေးတတ်ကြတယ်။တစ်ဖက်လူကို အကြောင်းနှင့်အကျိုး ပ္ငင့်ပွင့်လင်းလင်းဖွင့်ပြောလိုက်ရမှာထက် နုတ်ဆိတ်နေမှုကိုရွေးချယ်ချင်ကြတယ်။ဘာကိုမှရှင်းပြမနေ‌တော့ဘဲ ဒီအတိုင်း ပျောက်ကွယ်သွားလိုက်တယ်။ဒါပါပဲ။

စာမလာသတင်းမကြားဘဲ လကြာရှည်ကြီးတွေ လူတစ်ယောက်က ကိုယ့်မျက်စိရှေ့ကပျောက်သွားပြီဆိုရင် ဒါဟာ ghosting လုပ်ခံရပြီလို့သာမှတ်လိုက်ပါ။ဒီနေရာမှ ghosting ပြုလုပ်သူမှာရည်ရွယ်ချက် Intention တစ်ခုအစတည်းကရှိတတ်ကြပေမယ့် ghost ခံလိုက်ရတဲ့သူအများစုမှာတော့ အတွေးပင်လယ်ဝေပြီး ဘာကြောင့်များလဲ ခေါင်းပေါက်မတက်စဉ်းစားရခက်တဲ့အခြေအနေကိုရင်ဆိုင်ရတတ်ပါတယ်။ရုတ်တရက်ဘာဖြစ်သွားတာလဲ။ဘာအမှားများလုပ်မိသွားလို့လဲ? အ‌ဖြေရှာရခက်သွားစေတာပေါ့။အခြားတစ်ဖက်က ghost သွားတဲ့သူမှာလည်း သူ့အကြောင်းအရင်းနဲ့သူရှိ‌ နေနိုင်တာပဲ။ရှင်းပြလို့မရတဲ့အကြောင်းအရာတွေရှိနေတာမျိုးလည်းဖြစ်နိုင်တယ်။ မပြောမဆို အဆက်အသွယ်ဖြတ်လိုက်တာကအ‌ကောင်းဆုံး‌အခြေအနေပဲလို့ တွေးလိုက်တာလည်းဖြစ်နိုင်တယ်။ဒါကတော့နှစ်ဦးနှစ်ဖက်မျှအောင်တွေးကြည့်တာပါ။

Ghosting က လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် မိဘသားသမီးဆက်ဆံရေးမှာပဲဖြစ်ဖြစ် ချစ်သူရည်းစား သူငယ်ချင်း ဘယ်ဆက်ဆံရေးနယ်ပယ်မှာမဆိုဖြစ်နိုင်တယ်။

အလုပ်ထွက်စာတင်မဘဲ အလုပ်မသွားတော့တာ
ဒါကလည်း လုပ်ငန်းရှင်ကို ghost လုပ်လိုက်တာပဲ။

ဒီဘက်ခေတ် Relationship တွေမှာတော့မပြောနဲ့တော့။ကိုယ်က ghost လိုက် ကိုယ့်ကို ghost လုပ်တာခံရလိုက်နဲ့ သံသရာလည်နေကြတာ။လင်မယား‌
တွေ ချစ်သူရည်းစား‌တွေကြားမှာ တစ်ယောက်ကနိုင်ငံခြားကိုရောက်သွားပြီး အဆက်အသွယ်မရတော့တာ အဖြစ်များနေကြတာပဲ။ရည်းစားအဆင့်ကဘာမှမဖြစ်သေးဘူး။အိမ်‌ထောင်တစ်ခုမှာတော့ကျန်ခဲ့တဲ့ မိန်းမတွေ ယောက်ျားတွေက စိတ်သောကရောက်ကြရတာပေါ့။ကိုယ့်အတ္တကိုရှေ့တန်းတင်ပြီး တစ်ခုခုကိုလုပ်ဖို့မဆုံးဖြတ်ခင်မှာ
သေချာလည်းစဉ်းစားသင့်တယ်။

  • ကိုယ့်အနေနဲ့ ဘာမှမပြောမဆိုဘဲ ပျောက်ကွယ်သွားရင် အနေခက်မယ့်အနေအထားမျိုးမှာရှိနိုင်လား?
  • တစ်ချိန်ချိန်မှာကိုယ့်အတွက်နောင်တရစရာဖြစ်လာနိုင်လား?
  • စိတ်ရှုပ်လို့ ခဏတာလေးပဲ Break ယူချင်တာလား?
  • တစ်ဖက်လူနဲ့ဘယ်လိုမှညှိနှိုင်းလို့မရတဲ့အနေအထားကိုရောက်နေတာလား?
  • ညှိနှိုင်းဖို့ကိုစိတ်ကုန်သွားတာလား? ကိုယ့်ကိုယ်မေးခွန်းလေးတွေမေးကြည့်စေချင်တယ်။


Ghosting လုပ်တာကောင်းတယ် မကောင်းဘူးဆိုတာတော့ မပြောလိုပေမယ့် အခြေအနေကိုကြည့်ပြီး ရွေးချယ်ဆုံးဖြတ်တာအကောင်းဆုံးပါပဲ။

ဘယ်ဆက်ဆံရေးမှာမဆို တစ်ချို့သောအကြောင်းကိစ္စတွေက ကိုယ်တိုင် ထုတ်ပြောပြမှပဲ တစ်ဖက်လူကသိနိုင်တယ်။ ကိုယ်ဘာမှမပြောရင်တော့ ဘာမှမသိနိုင်ဘူး‌ပေါ့။ဘယ်ပုထုဇဉ်ကမှ တခြားလူတစ်ယောက်ရဲ့စိတ်ကိုထိုးဖောက်ပြီး သိမြင်နိုင်တာမရှိဘူး။အဆင်မပြေရင်မပြေကြောင်း ပြောရဲပြီး ညှိနှိုင်းဆွေးနွေးမှု‌လုပ်တတ်ရင် ဒီလိုကိစ္စတွေလျော့နည်းသွားနိုင်ပါတယ်။လွယ်တော့မလွယ်ဘူး ကြိုးစားယူကြရမှာပဲ။

ကောင်းမွန်သောနှုတ်ဆက်ခွဲခွာခြင်းမျိုးဖြင့် နှုတ်ဆက်နိုင်ရင်တော့ နှစ်ဦးနှစ်ဖက်ထိခိုက်နစ်နာမှုနည်းပါးတာတော့အမှန်ပါပဲ။ Ghost ခံလိုက်ရလို့လည်း အချိန်အကြာကြီး ဝမ်းနည်းပူဆွေး နေတာမျိုးလည်းမဖြစ်သင့်ဘူး။လူဆိုတာ တစ်နေ့ ကိုယ့်လမ်းကိုယ် လျှောက်ရမယ့်သူတွေချည်းပါပဲ။တွေ့ဆုံကြုံခဏဘဝကြီးမှာ ကိုယ့်အတ္တကိုယ်ပဲ အရမ်းကြီးရှေ့တန်းမတင်ကြတာ ပိုကောင်းပါတယ်။

Digital Note.
Sharing is caring.

Follow on Youtube.
https://youtube.com/@digitalnotemm?feature=shared


Keep Reading

မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းတစ်မိတ်ဆွေမှရန်သူဖြစ်သွားခြင်းစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ရှည်ပါ။နှစ်ခါပြန်မကြည့်ရဲတဲ့ရုပ်ရှင်Ernest Hemingway ဘဝဟာသများစပါတာကပ်စ်ကျဆုံးခန်းUC Berkeley တက္ကသိုလ်ရဲ့ ကွန်ပျူတာသိပ္ပံ ပါမောက္ခ Ion Stoica ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်ပျော်စရာနေ့