Author's Profile Photo

Nway Oo Maung

24/09/2024

ကံအကျိုးပေးပုံ-၂

1 min read
General Knowledge

ကံလေးခု အကျိူးပေးပုံ
အပေါ်ကစေ့ဆော်မှု(စေတနာ)သည်ကံဟုဆိုခဲ့သည်၊ ထိုကံသည်အကျိုးပေးပုံ ၄မျိုး (တနည်းအားဖြင့်)ကံသည်

1. ဂရုကံ(ကြီးလေးသောကံ)
2. အာသန္နကံ(နီးသောကံ)
3. အာစိဏ္ဏကံ(နေ့စဉ်လေ့ကျက်ပြုနေသောကံ)
4.ကဋတ္တာကံ(ပြုကာမျှမတ္တ သာမညဖြစ်သောကံ)
ဟု၄မျိုးရှိ​၏။
1.ဂရုကံ (ကြီးလေးသောကံ)
သေပြီးဒုတိယဘဝမှာမုချအကျိုးပေး​၏ ဂရုကံ ရှိနေရင် ကျန်၃ခုသောကံဟာအကျိုးမပေးနိုင်တော့ဘူး။
ကုသိုလ်ကံ(ကောင်းသောကံ)မှာဆိုရင် မဂ် ဖိုလ်ကံနှင့် ဈာန်တရားတွေဟာ အားကြီးသောကံဖြစ် ​၏။
အကုသိုလ်ကံ(မကောင်းသောကံ)မှာဆိုရင်
ပဉ္စာနန္တရိယကကံဟုဆိုအပ်သော
1. အမိသတ်သောကံ
2. အဖသတ်သောကံ
3. ရဟန္တာသတ်သောကံ
4. မြတ်စွာဘုရားကိုသွေးစိမ်းတည်စေသောကံ
5. သံဃာသင်းခွဲသောကံ
တို့ဖြစ်​၏။
အပေါ်က ကုသိုလ်ကံ အကုသိုလ်ကံတို့သည် ကြီးလေးသောကံတို့ဖြစ်​၏။သေပြီးနောက်ဒုတိယဘဝမှာ မုချပဋိသန္ဓေကျိုးပေး​၏။
၂.အာသန္နကံ
တစ်ဘဝလုံးမှာပြုခဲ့သောကံ ဟာသေခါနီးမှာပေါ်ရင်ဖြစ်စေ(သို့)သေခါနီးမှာပြုမိသောကံဟာ နီးသောကံ(အာသန္နကံဖြစ်)ဖြစ်​၏။ သေပြီးနောက်ဘဝမှာ ဂရုကံမရှိရင် အာသန္နကံ(နီးသောကံ)ဟာအကျိုးပေးပါတယ်။
ဘဝတစ်လျောက်လုံး ကုသိုလ်တွေလုပ်လာပေမဲ့ သေခါနီးမှာ အကုသိုလ်ကံနှင့်သေရင် နောက်ဘဝမှာ အကုသိုလ်ကံ​၏အကျိုးကိုအရင်ခံရပါတယ် ပြီးမှကုသိုလ်ကံ​၏ အကျိူးကိုခံစားရတာပါ။ အကုသိုလ်ကံလည်းထိုအတူပါပဲ တလျောက်လုံးအကုသိုလ်တွေ လုပ်လာပြီး သေခါနီးကျမှ ကုသိုလ်ကံနှင်သေရင် ကုသိုလ်ကံ ကအရင်အကျိုးပေးမှာပါ။
၃.အာစိဏ္ဏကံ
နေ့စဉ်ပြုလုပ်နေသောကံဟာ အာစိဏ္ဏကံဖြစ်ပါတယ်။ ကုသိုလ်အာစိဏ္ဏကံမှာဆိုရင် မနက်တိုင်းငှက်ကလေးတွေအစာကျွေးတာတို့ ဘုရားရှိခိုးတာ ဘုရားပန်းရေချမ်းကပ်တာစသည်တို့ဖြစ်​၏။
အကုသိုလ်အာစိဏ္ဏကံမှာဆိုရင် နေ့စဉ်ပိုးမွါးလေးတွေသတ်တာ ဆဲဆိုတာတွေပေါ့။
ဂရုကံ (ကြီးလေးသောကံ) အာသန္နကံ(နီးသောကံ)တို့မရှိရင် အာစိဏ္ဏကံက အကျိုးပေးပါတယ်။
၄.ကဋတ္တာကံ(သာမညကံ)
ရှေ့ကကံ၃ခုမရှိခဲ့ရင် ကဋတ္တာကံက အကျိုးပေးပါတယ်၊ ကဋတ္တာကံဆိုတာက သံသရာအဆက်ဆက်ကပြုခဲ့ဘူးသော ရှေ့ကကံသုံးပါလောက်လည်း အားမရှိသော ဒီဘဝမှာရံဖန်ရံခါ အမှတ်တမဲ့ ပြုခါမျှဖြစ်သောကံဖြစ်သည်။

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး "ဂ" နှင့်သက်ဆိုင်သော သတ်ပုံများစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးရိုးစဉ်ဆက် လက်မှုအနုပညာတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levels