သင်္ခါရ လောကသား
ယနေ့ခေတ် ပြဿနာသည် အထွေအထူးမဟုတ်။ စာရေးသူကိုယ်တိုင် တွေ့ကြုံနေရသည့် ပြဿနာတစ်ခုပင်။ ယင်းပြဿနာမှာ
"စာမလေ့လာချင်သောစိတ်ကျဝေဒနာ" ပင်ဖြစ်သည်။
ယနေ့ မြန်မာနိုင်ငံခေတ်ကာလ အခြေအနေ ကိုထောက်ရှုခြင်းအားဖြင့် အလယ်တန်းကျောင်းသားအများစုနှင့် အထက်တန်းကျောင်းသားများ၏ လမ်းစများမှာ ဝေဝါးနေကြသည်။
ဝေဝါးရသည့် အကြောင်းအရင်းမှာ မိမိနှင့် အသက်တူပါလျက် မိမိသူငယ်ချင်းမှာ မိမိထက်အတန်းကြီးသော်လည်း မိမိမှာမူ အတန်းငယ်နေ၏။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ကျောင်းသားများစိတ်ဓာတ်ကျကာ မိမိရောက်နေသောအတန်း၏ သင်ခန်းစာများကိုပင် လေ့လာချင်စိတ် မရှိကြတော့ပေ။
နောက်တစ်ချက်မှာမူ
"အတန်းတွင်း မျက်နှာရူးသူ"
အင်္ဂလိပ်အခေါ် "Class Clown"
များကြောင့် စိတ်အနှောက်အယှက် ဖြစ်ရပေသည်။ ဆရာမများ သင်ခန်းစာသင်နေပါက ဆရာမကျောပေးရာတွင် ပြောချင်ရာပြောသူ လုပ်ချင်ရာလုပ်သူ ပြောင်ရွှတ်ရွှတ်နိုင်သူ များကြောင့် မိမိမှာ သင်ခန်းစာကိုပင်ကောင်းကောင်းအာရုံမစိုက်နိုင်။ ထို့အပြင် ဆရာမများ ၏ သတိထားခံရ သောမျက်နှာရူးကျောင်းသားသည် သင်ခန်းစာပြီးသည်ထိ ပြောင်ရွှတ်ရွှတ် မလုပ်လိုက်ရဘဲ အငိုမျက်လုံး အပြုံးမျက်နှာ ဖြစ်သွားနိုင်ပေသည်။ ထိုသို့ ဆရာမများနှင့် မျက်နှာရူးကျောင်းသား တစ်ဗျစ်တောက်တောက် ပြောနေမှုတို့ကြောင့် မိမိမှာ သင်ခန်းစာကို အာရုံမစိုက်နိုင်၊ သင်ခန်းစာ ဆုံးခန်းတိုင်သော်လည်း ကောင်းကောင်းပင် နားမထောင်လိုက်ရသောကြောင့် နောက်ပိုင်းတွင်
သင်ခန်းစာများ မလေ့လာချင်တော့ပေ။
မိမိကိုယ်ရည်ကိုယ်သွေးကောင်းသောငြားလည်း တစ်ချက်ကလေး မှားသည်နှင့် ဝိုင်းအပြစ်မြင် သူများကြောင့်လဲ ကြိုးစားလျက်ရှိသော ကျောင်းသားများ စိတ်ကျသွားကျသည်။
စာရေးသူ၏ အဖြစ်ကို စာဖတ်သူတို့ သိစေလို့ငှာ ပြောပြလိုပါ၏။
စာရေးသူသည် သမိုင်းကြောင်းတချို့ကောင်းစွာသိကျွမ်းသည်။
မြန်မာနိုင်ငံတွင်း ကျောင်းများတွင် စာစီစာကုံးပြိုင်ပွဲများ ကျင်းပလျက် ရှိသည်ကိုအားလုံး အသိပင်။
အထင်ကရစာစီစာကုံးများမှာ သမိုင်းကြောင်းနှင့် ပက်သက်သော စာစီစာကုံးများပင် ဖြစ်သည်။ဥပမာ ပြုရလျှင် "အာဇာနည်နေ့""အမျိုးသားနေ့""လွတ်လပ်ရေးနေ့"နှင့်"ပြည်ထောင်စုနေ့" အကြောင်းများဖြစ်ပေသည်။
စာရေးသူတို့ ကျောင်းတွင်ပထမဆုရပါက ချောင်ထိုးထားသည့် စာအုပ်၆အုပ်ပေးသည်။
ယနေ့ခေတ်အခါ စာအုပ်လည်းစာအုပ်တန်ဖိုးမြင့်သောကြောင့် စာရေးသူဝင်ပြိုင်ပေသည်။
စာရေးသူ သည် လေ့လာထားသောအကြောင်းအရာများနှင့်ရောစပ်ကာ ပင်ကိုယ်အကြံညဏ် ဖြင့်ဝင်ပြိုင်လေ့ရှိသည်။
သို့သော် တစ်နေ့တွင် စာရေးသူ၏သူငယ်ချင်းမှာ စာစီစာကုံးပြိုင်ပွဲတောင် မစရသေးဘဲ ဆရာမက စာစီစာကုံးရေးရန်ခေါ်သွားသည်ကိုမြင်မိသောအခါ စိတ်ထဲ ထင့်သွားသည်။သူငယ်ချင်းပြန်လာသောအခါစကားစမြည်မိသည်။ သူ့ကိုပြိုင်ပွဲတောင် မစရသေးပဲ ခေါ်သည့် အကြောင်းအရင်းမာ ဤကဲ့သို့ပင်။စာရေးသူ၏ သူငယ်ချင်းသည် လက်ရေးလှပေ၏ သို့သော် စာရေးသူမှာ လက်ရေးမလှ။
လက်ရေးအကြောင်းပြချက်ဖြင့် စာအုပ်ထဲမှစာများရေးကူးရန် မိမိသူငယ်ချင်းအား ခေါ်သွားသည်ဖြစ်သည်။ စာအုပ်ထဲမှစာများ ရေးကူးပြီးပါက စာမူကို မြို့နယ်အဆင့်သို့ပေးပို့ရန်ဖြစ်သည်။ စာရေးသူ အပြစ်မမြင်ပါ။ စာရေးသူ၏ ရှု့ထောင့်အမြင်မှာ မိမိရေးသားသော စာမူများ၏ အာဘော်ကို ဆုံးဖြတ်အမှန်ပေးမည့်ဒိုင် လုပ်သူများ လိုက်၍ မမှီသော ကြောင့် မိမိအားမခေါ်သည်ဟု ကောက်ချက်ချသည်။ ဤအချက်ကို ကြည့်ရှုခြင်းအားဖြင့် ကျောင်းသားတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေး အကြံဉာဏ်နှင့် အတွေးအမြင် ဖန်တီးနိုင်မှုကို ပဓာနမထားပဲ လစ်လျူရှုကာ စာအုပ်ထဲမှ လက်ရေးလှလှနှင့် ကူးရေးနိုင်သော သူကိုသာ ဦးစားပေးသည့်အချက် ကိုသိသာထင်ရှားပေါ်လွင်စွာ တွေ့မြင်နိုင်သည်။
အနှစ်ချုပ် ပြောရမည် ဆိုလျှင်
ခေတ်ကာလအခြေအနေကြောင့်သော်လည်းကောင်း၊ ငွေကြေးအခြေအနေကြောင့်သော်လည်းကောင်း အခက်အခဲမျိုးစုံကြားထဲမှ "ထမင်းစားလက်မှတ်လေး ရလျှင်တော်ပါပြီလေ" ဟူသောခံယူချက်ဖြင့် အရပ်ရပ်မှ ပညာသင်ကြား နေကြသော ကျောင်းသားများသည် အထက်ဖော်ပြပါ အခြေအနေ များနှင့် ကြုံတွေ့ရင်ဆိုင်နေရသဖြင့် မိမိတို့မှာမူ အတတ်ပညာလေ့လာလိုစိတ်နည်းပါးလာကြကာ ပြည်ပသို့ထွက်ကာအလုပ်ကြမ်းလုပ်သူများ၊ တရားမဝင်မှောင်ခိုလုပ်ကိုင်ကြသူများနှင့် အခြားသော လက်မှုပညာရပ်များ သင်ကြားပြီး ကောင်းမွန်စွာအတတ်မွေးဝမ်းကြောင်းပြုနိုင်သော လူငယ်လူရွယ်များ ရှိသော်ငြား မိမိပတ်ဝန်းကျင်အလိုက် ဗီဇအလိုက် မလျှောက်သင့်သောလမ်းကို လျှောက်ကျရ သူများလဲ ရှိကြပေသည်။ ဤအချက်များကို ထောက်ရှုခြင်းအားဖြင့် မြန်မာဆယ်ကျော်သက်ကျောင်းသားများ စိတ်ဓာတ်မကျဘဲမိမိ သင်ကြားလိုသော အတတ်ပညာ၊ အသိပညာများအား တစ်စိုက်မတ်မတ် လေ့လာပြီးပါက ထိုကြိုးစားလေ့လာမှု နဲ့ထိုက်တန်သည့် ရလဒ်များကိုပေးသော အသက်မွေးဝမ်းကြောင်းများ ပြုကြစေရန် စာရေးသူတိုက်တွန်းရင်း နိဂုံးချုပ်ပါသည်။
Keep Reading