Author's Profile Photo

Nway Oo Maung

23/09/2024

ကံအကျိုးပေးပုံ

1 min read
General Knowledge


ဒီတစ်ခါတော့ ကံအကျိုးပေးပုံလေး နားလည်သလောက်နည်းနည်းရေးပါ့မယ်။
ကံဆိုတာဘာလဲ
ကျွန်တော်တို့တွေ မကြာခဏပြောလေ့ရှိသော "ဒီနေ့ငါကံကောင်းတယ်တို့ ဒီနေ့ကံမကောင်း
ဘူးတို့ "ဆိုတဲ့ ကံဟာ ၊ ကျွန်တော်တို့ နေ့စဉ်
ပြုလုပ်နေသော ကိုယ် နှုတ် စိတ် တို့​၏ပြုမူပုံတို့ကိုကံဟုခေါ်ပါသည်။
စေတနာသည်ကံ
ကိုယ် နှုတ် စိတ်တို့​၏ပြုမူခြင်းဟာလည်း စေ့ဆော်မှု (စေတနာ)မပါရင် ကံအဖြစ်အထမမြောက်ပါဘူး။ စေ့ဆော်မှု ပါမှသာ ကံဖြစ်တာပါ။
ဥပမာ- အိပ်နေသောလူတစ်ယောက်ကို ခြင်လာကိုက်တယ်ဆိုပါစို့၊ အိပ်နေသောလူဟာ ခြင်ကိုက်မှန်းမသိပေမဲ့ ကိုက်တဲ့နေရာကို အိပ်နေရင်းယားလိုကုတ်မိရာမှ သွေးဖောင်းနေသောခြင်မပျံနိုင်ဘဲ လက်နဲ့ခြစ်မိပြီးသေသွားတယ်ဆိုရင်၊ ခန္ဓကိုယ်လှုပ်ရှားမှုဆိုပေမဲ့ စေ့ဆော်မှု စေတနာမပါသောကြောင့် ပါဏာတိပါတာကံမမြောက်ပါဘူး။ မအိပ်ခင်နိုးနေတုန်း ခြင်လာကိုက်လို့ ရိုက်လိုက်တဲ့အခါ ခြင်သေသွားတယ်ဆိုရင် ခန္ဓာကိုလှုပ်ရှားမှုက စေ့ဆော်မှုစေတနာပါသောကြောင့် ကံအဖြစ်
အထမြောက်ပါတယ်။ "စေတနာကောင်းရင် ကံကောင်းမည် "လို့မြန်မာစကားရှိပါတယ်။
အဲ့ဒီစကားက လူတစ်ယောက်ကောင်းတာကိုလုပ်နေတဲ့အချိန် ကိုယ် နှုတ် စိတ်သုံးခုလုံးမှာ စေ့ဆော်မှုစေတနာပါသွားသောကြောင့်၊ ကံအကျိုးပေးတဲ့အခါမှာ ကောင်းတာတွေဖြစ်လာတာကိုရည်ရွယ်ပြီးပြောတာဖြစ်ပါတယ်။ စေတနာဆိုးရင်တော့ ကံလည်းဆိုးမှာပေါ့နော်။
ဆက်ရန်

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး "ဂ" နှင့်သက်ဆိုင်သော သတ်ပုံများစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးရိုးစဉ်ဆက် လက်မှုအနုပညာတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levels