Author's Profile Photo

Rimuru ✨

23/09/2024

ဘယ်အရာကိုမှအထင်မသေးပါနဲ့

1 min read
General Knowledge
18 Again

ဘယ်အရာကိုမှ အထင်မသေးပါနဲ့ ...

မူလီတစ်ချောင်းဟာ
လမ်းမပေါ်ကျနေရင်
အမှိုက်တစ်ခုဖြစ်နေပေမယ့်

ဒေါ်လာသန်းချီတန်တဲ့
လေယာဉ်တစ်စီးအတွက်တော့
အရေးကြီးဆုံး အစိတ်အပိုင်း
တစ်ခုဖြစ်နေနိုင်ပါတယ်။

ခန္ဓာကိုယ်ကိုရင်းပြီး
လုပ်ကိုင်စားသောက်နေရတဲ့
မိန်းကလေးဆိုပြီး အထင်မသေးပါနဲ့

သူ့ကို လက်ဖျားနဲ့တောင်
မထိရက်လောက်အောင်
တန်ဖိုးထားတဲ့ ယောက်ျားတစ်ယောက်တော့
ရှိနေနိုင်တာပဲလေ။

စားပွဲထိုး လုပ်နေရတဲ့
ကောင်လေးပါဆိုပြီး
အထင်မသေးလိုက်ပါနဲ့

သူ့အတွက် ဘေးမသီ ရန်မခဖို့
ဘုရားမှာ ဆုတောင်းပေးနေတဲ့
အမေတစ်ယောက်တော့
ရှိနေနိုင်တာပဲလေ။

သူများအိမ်မှာ
အိမ်အကူလုပ်နေရတဲ့
မိန်းကလေးပါဆိုပြီး
အထင်မသေးလိုက်ပါနဲ့

သူ့ပြန်ပို့တဲ့ လုပ်အားခနဲ့
ပညာသင်ပြီး တစ်နေ့မှာ
တိုင်းပြည်ခေါင်းဆောင်
ဖြစ်လာနိုင်တဲ့
မောင်နှမတွေ သူ့အနားမှာ
ရှိနေနိုင်တယ်လေ။

လမ်းဘေးမှာ
အမှိုက်ကောက်နေတဲ့
ယောက်ျားပါဆိုပြီး
အထင်မသေးလိုက်ပါနဲ့

သူ အလုပ်ကပြန်လာရင်
ဝမ်းသာအားရ ပြေးဖက်ပြီး
ခရီးဦးကြိုဆိုမယ့်
ဇနီးသည်တစ်ယောက်နဲ့
သားသမီးတွေ
သူ့မှာရှိနေနိုင်တာပဲလေ။

သူဌေးတစ်ယောက်အတွက်
မန်နေဂျာ ဘုတ်အဖွဲ့တွေ ရှယ်ယာရှင်တွေပဲ
တန်ဖိုးရှိတာမဟုတ်ပါဘူး။

ကားမောင်းပေးမယ့် ဒရိုင်ဘာတွေ
တံခါးဖွင့်ပေးမယ့် လုံခြုံရေးတွေ
ဖိနပ်တိုက်ပေးမယ့်
အိမ်အကူတွေလည်း
သူဌေးတစ်ယောက်အတွက်
မရှိမဖြစ် တန်ဖိုးရှိကြပါတယ်။

မိမိတို့ အဖက်လုပ်ပြီး
စကားမပြောချင်တဲ့
အောက်ခြေသိမ်း
အလုပ်သမားတစ်ယောက်ဟာ

သူ့မိသားစုအတွက်တော့
အားကိုးအားထားပြုရာ
ကျေးဇူးရှင်,စံပြပုဂ္ဂိုလ်တစ်ယောက်
ဖြစ်နေနိုင်တာပဲလေ။

တနျုဖိုးဆိုတာ ကြီးကြီးသေးသေး
ပညာတတ်တတ် မတတ်တတ်
အထက်တန်းကျကျ
အောက်ခြေဖြစ်ဖြစ်
သူ့နေရာနဲ့သူ

သူတို့ကို အစဉ်မြဲချစ်ခင်
တနျုဖိုးထားသူဆိုတာ ရှိစမြဲပါ။

ဒါကြောင့်
ဘယ်အရာကိုပဲဖြစ်ဖြစ်
တန်ဖိုးမထားရင် နေပါ
လေးစားတတ်ဖို့တော့လိုပါတယ်။

Credit;မူရင်း
ပြည်လည်မျှဝေပါသည်...

Keep Reading

မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းတစ်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ရှည်ပါ။Ernest Hemingway ဘဝဟာသများစပါတာကပ်စ်ကျဆုံးခန်းဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်သူငယ်ချင်း တစ်ယောက်က မေးဖူးတယ် Content Writer ဆိုတာ ဘာလဲတဲ့?🤷🏻The Gentleman in the ParlourEden (2025) ရုပ်ရှင်တကယ်ကောင်းတယ်